ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံခဲ့တဲ့ နေရာမှာရှိတဲ့ ရုပ်ပွားတော်ကို ဖူးမျှော်နိုင်အောင် မျှဝေပေးပါအုံးရှင့်…..ရုပ်သံ

ျမတ္စြာဘုရား ပရိနိဗၺာန္ဝင္စံခဲ့တဲ့ေနရာမွာရွိတဲ့ ဗုဒၶ႐ုပ္ပြားေတာ္ကို ဖူးေမွ်ာ္ႏိုင္ၾကပါရန္ ( ရုပ္သံ )

လြန္ခဲ့ေသာႏွစ္ေပါင္း ၂၅ဝဝ ေက်ာ္က အင္ၾကင္းေတာႀကီးျဖစ္ပါတယ္။

သုေဒၶါဒနမင္းႀကီးရဲ႕ ကပိလဝတ္ ေနျပည္ ေတာ္နဲ႔ အၪၥနမင္းႀကီးရဲ႕ေဒဝဒဟႏွစ္ျပည္ေထာင္အၾကားရွိၿပီး

မယ္ေတာ္ မာယာေဒဝီဟာ ကိုယ္ဝန္အရင့္ အမာနဲ႔ ေဆြမ်ိဳးေတြရွိရာ ေဒဝဒဟသို႔အသြား ဤလုမၺိနီသာေမာ အင္ၾကင္းေတာဝယ္ ျမတ္ဗုဒၶအေလာင္းေတာ္ကို ဖြားျမင္ ခဲ့ပါတယ္။

ဖြားၿပီးၿပီးခ်င္း

ေျခခုနစ္လွမ္းလွမ္းကာ လက္ညႇိဳးေထာင္၍ အျမတ္ဆုံး၊ အသာဆုံး၊ အႀကီးဆုံးလို႔ ေႂကြးေၾကာ္ခဲ့ရာ ေနရာထူးျဖစ္ပါတယ္။

ေျခလွမ္းခုနစ္လွမ္းလွမ္းႂကြရာ အထိမ္းအမွတ္ေစတီငယ္မ်ား၊ ေကာင္းကင္မွေရပူေရေအး ႏွစ္သြယ္က်ဆင္းရာ အထိမ္းအမွတ္မယ္ေတာ္မာယာေရကန္နဲ႔ သီရိဓမၼာ ေသာကမင္းႀကီး စိုက္ထူခဲ့တဲ့ အေသာကေက်ာက္တိုင္တို႔ တည္ရွိပါတယ္။

ျမတ္စြာဘုရားပြင့္ေတာ္မူရာ ဗုဒၶဂယာ

ဗုဒၶဂယာေျမျမတ္မဟာကား ဘုရားအဆူဆူတိုင္းရဲ႕ပြင့္ေတာ္မူရာ ေျမျမတ္မဟာျဖစ္ပါတယ္။ သံေဝဇနိယေလး ဌာနမွာပါဝင္ၿပီး ဘုရားတိုင္း မစြန္႔အပ္တဲ့ အဝိဇဟိတဌာနထူးလည္းျဖစ္ပါတယ္။

ဗုဒၶသာသနာဝင္တို႔အတြက္ အထူးမြန္ျမတ္အေရးပါတဲ့ေနရာေတာ္ျဖစ္ပါတယ္။ ဘုရားရွင္သဗၺညဳတ ေ႐ႊဉာဏ္ေတာ္ကိုရ၍ ဗုဒၶအျဖစ္သို႔ေရာက္ ရွိတဲ့ ဒႆနိယသံေဝဇနိယ ေနရာေတာ္ျဖစ္ပါတယ္။

မဟာေဗာဓိေစတီေတာ္နဲ႔ သတၱဌာန တို႔တည္ရွိပါ တယ္။

ျမတ္စြာဘုရား တရားဦးေဟာေတာ္မူရာ မိဂဒါဝုန္ေတာ

မိဂဒါဝုန္ဆိုတဲ့အဓိပၸာယ္ကေတာ့ သားသမင္တို႔ကို ေဘးမဲ့ေပးရာေတာ ျဖစ္ပါတယ္။

ျမတ္ဗုဒၶကိုယ္တိုင္ ဗုဒၶ ဂယာမွ ေျခက်ႂကြေရာက္ခဲ့ၿပီး ပၪၥဝဂၢီငါးဦး တို႔အား တရားဦးဓမၼစၾကာေဟာၾကားခဲ့ရာ သံေဝဇနိယဌာနျဖစ္ သလို ဘုရားအဆူဆူတို႔ တရားဦးဓမၼစၾကာေဟာၾကားေလ့ရွိတဲ့ေနရာျဖစ္လို႔ အဝိဇဟိတ ဌာနလည္းျဖစ္ပါ တယ္။

တရားရတနာနဲ႔သံဃာရတနာစတင္ေပၚထြန္းခဲ့ရာ ေနရာထူးႀကီးလည္းျဖစ္ပါတယ္။ ဤဌာနမွာ ဓမၼ ရာဇိက ေစတီ၊ ဓေမၼခေစတီ၊ ပၪၥာယတနေစတီတို႔ တည္ရွိပါတယ္။

ျမတ္စြာဘုရား ပရိနိဗၺာန္စံေတာ္မူရာ ကုသိနာ႐ုံ

ကုသိနာ႐ုံဟာျမတ္ဗုဒၶ ပရိနိဗၺာန္စံဝင္ေတာ္မူရာဌာနျဖစ္ပါတယ္။ သံေဝ ဇနိယေလးဌာနမွာပါဝင္ၿပီး သံေဝဂအရ ဆုံးေသာဌာနတစ္ခုလည္းျဖစ္ပါတယ္။

ေလ်ာင္းေတာ္မူ႐ုပ္ပြားေတာ္ေက်ာင္းေဆာင္မွာ ျမတ္ဗုဒၶနိဗၺာန္ ေ႐ႊဘုံ စံဝင္ခိုလႈံပုံ ႐ုပ္တုေတာ္ရွိၿပီး ႐ုပ္တုေတာ္မွာ ညႇိဳးလ်တဲ့မ်က္ႏွာေတာ္၊ ဖူးႂကြတဲ့ပါးေတာ္နဲ႔ ေျခေတာ္အစုံ၊ ႏြမ္းရိေျပေလ်ာ့က်ေနတဲ့ ကိုယ္ေတာ္ေနဟန္တို႔ကို အနီးကပ္ ဖူးေတြ႕ရတဲ့ ဗုဒၶသာသနာဝင္ ဘုရားဖူးတို႔ဟာ ဘုရားရွင္အား ႏွေျမာတသၿပီး ဝမ္းနည္းမိၾကရပါတယ္။ သမားေတာ္ဇီဝကပုံ၊

အရွင္အာနႏၵာ၊ သုဘဒၵတို႔ရဲ႕ ပုံေတြကို ဗုဒၶဝင္ျဖစ္စဥ္နဲ႔အံကိုက္ျဖစ္ေအာင္ ပလႅင္ေတာ္ေရွ႕ မ်က္ႏွာစာမွာ စနစ္ တက် ေနရာေပး ထုလုပ္ထား ပါတယ္။

ထို႐ုပ္ပြားေတာ္ႀကီးအား မဏိေတာ္ဘက္က ဖူးပါက ၿပဳံးေနတဲ့ဟန္၊ မ်က္ႏွာေတာ္တည့္တည့္ဖူးပါက က်ိန္းစက္ ေနတဲ့ဟန္နဲ႔ ေျခရင္းဘက္ကဖူးပါက ေဝဒနာခံေနရတဲ့ဟန္ သုံးမ်ိဳး ဖူးျမင္ ရတယ္လို႔ ဆိုၾကပါတယ္။

ေလ်ာင္းေတာ္မူတန္ေဆာင္းအေရွ႕ဘက္မွာ ပရိနိဗၺာန ေစတီေတာ္ တည္ရွိပါတယ္။

သဒၶါၾကည္လင္ ပါရမီရွင္ ဓမၼမိတ္ေဆြမ်ားခင္ဗ်ာ-

တိုေတာင္းလွတဲ့ လူ႔ဘဝရလာခိုက္မွာ ဆင္တတ္မွလွ၊ ယူတတ္မွရဆိုသလို သံေဝဂဉာဏ္ရရွိဖို႔၊ ျမတ္ဗုဒၶအား ပူေဇာ္ႏိုင္ဖို႔ ကုသိုလ္ေတာ္ယူႏိုင္ၾကေစရန္ နိဗၺာန္အက်ိဳးေမွ်ာ္၍ ႏႈိးေဆာ္တိုက္တြန္း လိုက္ရပါတယ္။

itechmedia(CRD)

Unicode

မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံခဲ့တဲ့နေရာမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ဖူးမျှော်နိုင်ကြပါရန် ( ရုပ်သံ )

လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝဝ ကျော်က အင်ကြင်းတောကြီးဖြစ်ပါတယ်။

သုဒ္ဓေါဒနမင်းကြီးရဲ့ ကပိလဝတ် နေပြည် တော်နဲ့ အဉ္စနမင်းကြီးရဲ့ဒေဝဒဟနှစ်ပြည်ထောင်အကြားရှိပြီး

မယ်တော် မာယာဒေဝီဟာ ကိုယ်ဝန်အရင့် အမာနဲ့ ဆွေမျိုးတွေရှိရာ ဒေဝဒဟသို့အသွား ဤလုမ္ဗိနီသာမော အင်ကြင်းတောဝယ် မြတ်ဗုဒ္ဓအလောင်းတော်ကို ဖွားမြင် ခဲ့ပါတယ်။

ဖွားပြီးပြီးချင်း

ခြေခုနစ်လှမ်းလှမ်းကာ လက်ညှိုးထောင်၍ အမြတ်ဆုံး၊ အသာဆုံး၊ အကြီးဆုံးလို့ ကြွေးကြော်ခဲ့ရာ နေရာထူးဖြစ်ပါတယ်။

ခြေလှမ်းခုနစ်လှမ်းလှမ်းကြွရာ အထိမ်းအမှတ်စေတီငယ်များ၊ ကောင်းကင်မှရေပူရေအေး နှစ်သွယ်ကျဆင်းရာ အထိမ်းအမှတ်မယ်တော်မာယာရေကန်နဲ့ သီရိဓမ္မာ သောကမင်းကြီး စိုက်ထူခဲ့တဲ့ အသောကကျောက်တိုင်တို့ တည်ရှိပါတယ်။

မြတ်စွာဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ

ဗုဒ္ဓဂယာမြေမြတ်မဟာကား ဘုရားအဆူဆူတိုင်းရဲ့ပွင့်တော်မူရာ မြေမြတ်မဟာဖြစ်ပါတယ်။ သံဝေဇနိယလေး ဌာနမှာပါဝင်ပြီး ဘုရားတိုင်း မစွန့်အပ်တဲ့ အဝိဇဟိတဌာနထူးလည်းဖြစ်ပါတယ်။

ဗုဒ္ဓသာသနာဝင်တို့အတွက် အထူးမွန်မြတ်အရေးပါတဲ့နေရာတော်ဖြစ်ပါတယ်။ ဘုရားရှင်သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရ၍ ဗုဒ္ဓအဖြစ်သို့ရောက် ရှိတဲ့ ဒဿနိယသံဝေဇနိယ နေရာတော်ဖြစ်ပါတယ်။

မဟာဗောဓိစေတီတော်နဲ့ သတ္တဌာန တို့တည်ရှိပါ တယ်။

မြတ်စွာဘုရား တရားဦးဟောတော်မူရာ မိဂဒါဝုန်တော

မိဂဒါဝုန်ဆိုတဲ့အဓိပ္ပာယ်ကတော့ သားသမင်တို့ကို ဘေးမဲ့ပေးရာတော ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကိုယ်တိုင် ဗုဒ္ဓ ဂယာမှ ခြေကျကြွရောက်ခဲ့ပြီး ပဉ္စဝဂ္ဂီငါးဦး တို့အား တရားဦးဓမ္မစကြာဟောကြားခဲ့ရာ သံဝေဇနိယဌာနဖြစ် သလို ဘုရားအဆူဆူတို့ တရားဦးဓမ္မစကြာဟောကြားလေ့ရှိတဲ့နေရာဖြစ်လို့ အဝိဇဟိတ ဌာနလည်းဖြစ်ပါ တယ်။

တရားရတနာနဲ့သံဃာရတနာစတင်ပေါ်ထွန်းခဲ့ရာ နေရာထူးကြီးလည်းဖြစ်ပါတယ်။ ဤဌာနမှာ ဓမ္မ ရာဇိက စေတီ၊ ဓမ္မေခစေတီ၊ ပဉ္စာယတနစေတီတို့ တည်ရှိပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံ

ကုသိနာရုံဟာမြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်တော်မူရာဌာနဖြစ်ပါတယ်။ သံဝေ ဇနိယလေးဌာနမှာပါဝင်ပြီး သံဝေဂအရ ဆုံးသောဌာနတစ်ခုလည်းဖြစ်ပါတယ်။

လျောင်းတော်မူရုပ်ပွားတော်ကျောင်းဆောင်မှာ မြတ်ဗုဒ္ဓနိဗ္ဗာန် ရွှေဘုံ စံဝင်ခိုလှုံပုံ ရုပ်တုတော်ရှိပြီး ရုပ်တုတော်မှာ ညှိုးလျတဲ့မျက်နှာတော်၊ ဖူးကြွတဲ့ပါးတော်နဲ့ ခြေတော်အစုံ၊ နွမ်းရိပြေလျော့ကျနေတဲ့ ကိုယ်တော်နေဟန်တို့ကို အနီးကပ် ဖူးတွေ့ရတဲ့ ဗုဒ္ဓသာသနာဝင် ဘုရားဖူးတို့ဟာ ဘုရားရှင်အား နှမြောတသပြီး ဝမ်းနည်းမိကြရပါတယ်။ သမားတော်ဇီဝကပုံ၊

အရှင်အာနန္ဒာ၊ သုဘဒ္ဒတို့ရဲ့ ပုံတွေကို ဗုဒ္ဓဝင်ဖြစ်စဉ်နဲ့အံကိုက်ဖြစ်အောင် ပလ္လင်တော်ရှေ့ မျက်နှာစာမှာ စနစ် တကျ နေရာပေး ထုလုပ်ထား ပါတယ်။

ထိုရုပ်ပွားတော်ကြီးအား မဏိတော်ဘက်က ဖူးပါက ပြုံးနေတဲ့ဟန်၊ မျက်နှာတော်တည့်တည့်ဖူးပါက ကျိန်းစက် နေတဲ့ဟန်နဲ့ ခြေရင်းဘက်ကဖူးပါက ဝေဒနာခံနေရတဲ့ဟန် သုံးမျိုး ဖူးမြင် ရတယ်လို့ ဆိုကြပါတယ်။

လျောင်းတော်မူတန်ဆောင်းအရှေ့ဘက်မှာ ပရိနိဗ္ဗာန စေတီတော် တည်ရှိပါတယ်။

သဒ္ဓါကြည်လင် ပါရမီရှင် ဓမ္မမိတ်ဆွေများခင်ဗျာ-

တိုတောင်းလှတဲ့ လူ့ဘဝရလာခိုက်မှာ ဆင်တတ်မှလှ၊ ယူတတ်မှရဆိုသလို သံဝေဂဉာဏ်ရရှိဖို့၊ မြတ်ဗုဒ္ဓအား ပူဇော်နိုင်ဖို့ ကုသိုလ်တော်ယူနိုင်ကြစေရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်း လိုက်ရပါတယ်။

itechmedia(CRD)