FB သုံးတာ ဒီလိုပို႔စ္မ်ိဳးေတြေၾကာင့္ ေဘလ္ ကုန္ရက်ိဳး နပ္ေနတာပါ…မ်က္ရည္ခိုင္ရင္ေတာ့ ဖတ္ၾကည့္ေစခ်င္တယ္

ဖတ္ၾကည့္မွ……သိမွာမုိ႔…..ဖတ္ၾကည့္ေနာ့

ဖတ္ေစခ်င္လြန္းလို႔ပါ……

လင္မယား စံုတြဲတစ္တြဲပါလာတဲ့သေဘၤာတစ္စင္း နစ္ျမွဳပ္သြားတယ္…

အခ်ိန္ေတာ္ေတာ္ၾကာမွအသက္ကယ္ေလွတစ္စင္းေရာက္လာတယ္…

အသက္ကယ္ေလွေပၚမွာ ေနရာဆိုလို႔တစ္ေနရာဘဲ က်န္ေတာ့တယ္…

အဲဒီအခ်ိန္မွာ ေယာက်္ားျဖစ္သူက သူ႔မိန္းမကိုသူ႔အေနာက္ဆြဲခ်လိုက္ၿပီး သူကိုယ္တိုင္အသက္ကယ္ေလွေပၚခံုတက္လိုက္တယ္…

အဲဒီ အမ်ိဳးသမီး ကေတာ့တျဖည္းျဖည္းခ်င္းနစ္ျမွဳပ္ေနတဲ့သေဘၤာေပၚမွာရပ္ၿပီးသူ႔ေယာက်္ားကို စကားတစ္ခြန္းေအာ္ေျပာလိုက္တယ္…

ဒီေနရာအထိေျပာၿပီးေတာ့ ဆရာမကေက်ာင္းသားေတြကို ေမးလိုက္တယ္…

“မင္းတို႔ ခန္႔မွန္းၾကည့္…အမ်ိဳးသမီးက ဘာေအာ္ေျပာလိုက္သလဲ?”

ေက်ာင္းသားေတြကေတာ့ အလုအယက္ေဒါနဲ႔ေမာနဲ႔ ေအာ္ေျပာၾကတယ္…“ငါနင့္ကိုမုန္းတယ္… ငါကို ထားပစ္ရစ္ခဲ့တယ္… ”

အဲဒီအခ်ိန္မွာ ဆရာမကေက်ာင္းသူေလးတစ္ေယာက္ကိုဘာမွမေျပာတာကို သတိထားမိေတာ့ဆရာမက သူ႔ကိုေမးလိုက္တယ္…

အဲဒီေက်ာင္းသူေလးက ျပန္ေျဖလိုက္တယ္…“ဆရာမ… သမီး ထင္တယ္…

အဲဒီ အမ်ိဳးသမီးေအာ္ေျပာလိုက္မွာက …ငါတို႔ကေလးကို ေကာင္းေကာင္းဂရုစိုက္ေပးပါ လို႔”…

ဆရာမက အံ့ၾသသြားတယ္…သူ႔ကို ျပန္ေမးလိုက္တယ္…“အဲဒီ ပုံျပင္ကို နားေထာင္ဖူးလို႔လာ?”

ေက်ာင္းသူေလးက ေခါင္းကို ခါၿပီး ေျပာလိုက္တယ္…

“ဟင့္အင္း… သမီး ေမေမ ေနမေကာင္းျဖစ္ၿပီးဆံုးခါနီးမွာ ဒီစကားဟာ သူ ေဖေဖ့ကို ေျပာခဲ့တဲ့စကားပါ…”

ဆရာမက ျပန္ေျပာလိုက္တယ္ ….“အေျဖမွန္ပါတယ္ကြယ္…”သေဘၤာ နစ္ျမွဳပ္သြားပါတယ္…

ေယာက်္ားက သူ႔ၿမိဳ႕ကို ျပန္ေရာက္ၿပီးသမီးေလးကို ႀကီးျပင္းလာတဲ့အထိ ကိုယ္တိုင္ျပဳစုေစာင့္ေရွာက္ေပးခဲ့တယ္…

ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္အဲဒီေယာက်္ားဟာလဲ ေရာဂါနဲ႔ ဆံုးပါးသြားေတာ့…

သမီးျဖစ္သူက သူက်န္ရစ္ခဲ့တဲ့ ပစၥည္းေတြကို ရွင္းေတာ့မွသူ႔ေဖေဖရဲ႕ ေန႔စဥ္မွတ္တမ္းစာအုပ္ကိုေတြ႔တယ္…

အဲဒီအခ်ိန္ေရာက္မွ သူသိလိုက္တယ္…ေဖေဖနဲ႔ ေမေမ သေဘၤာအတူစီးတဲ့အခ်ိန္မွာ ေမေမ့ေရာဂါဟာ ေနာက္ဆံုးအဆင့္ကိုေရာက္ေနပါၿပီ…

အေရးေပၚအခ်ိန္မွာေဖေဖဟာ အသက္ရွင္ဖို႔တစ္မွ်င္တာရွိတဲ့ေနရာကို အေရာက္ေျပးခဲ့တယ္…

သူ႔ရဲ႕ မွတ္တမ္းစာအုပ္မွာေရးထားတာက“ငါ မင္းနဲ႔ ဒီပင္လယ္ေအာက္ကို အတူတူသာနစ္ျမွဳပ္သြားလိုက္ခ်င္ပါတယ္…

ဒါေပမဲ့ ဒါဟာ မျဖစ္ႏိုင္ပါဘူး…သမီးေလးအတြက္ေၾကာင့္….

ဒီပင္လယ္ေရနက္ေအာက္မွာ..နင္တစ္ေယာက္တည္းကိုဘဲထားခဲ့လိုက္ရတာပါ…”

ပံုျပင္ေျပာလို႔ၿပီးသြားပါၿပီ…အခန္းထဲမွာလဲ ၿငိမ္သက္သြားပါတယ္…ဆရာမကသိတယ္…

သူ႔ေက်ာင္းသားေတြ ဒီပံုျပင္ရဲ႕ အႏွစ္သာရကိုနားလည္လိမ့္မယ္လို႔…

ဒီေလာကမွာရွိတဲ့ ေကာင္းျခင္းဆိုးျခင္း ဆိုတာေတြ…တခါတေလမွာ ေပြလီရႈပ္ေထြးလွပါတယ္…

ပိုင္းျခားရမွာ ခက္ခဲလွပါတယ္…ဒါေၾကာင့္ အရာရာတိုင္းကို အေပၚယံဘဲၾကည့္ၿပီးအလြယ္တကူ ေ၀ဖန္ပိုင္းျခားလို႔မရပါဘူး…

ပိုက္ဆံရွင္းခ်ိန္မွာပုိက္ဆံအရင္ထုတ္ၿပီးရွင္းတဲ့သူဟာ…သူ ပိုက္ဆံ အရမ္းခ်မ္းသာေနလို႔မဟုတ္ဘူး…

သူက ဒီသူငယ္ခ်င္း သံေယာဇဥ္ကိုေငြေၾကးထက္ပိုၿပီး အေလးထားလို႔ပါ…

အလုပ္လုပ္ခ်ိန္မွာ အသိစိတ္နဲ႔ပိုၿပီးႀကိဳးစားလုပ္တဲ့သူဟာသူ အ ေနလို႔မဟုတ္ဘူး…သူက တာ၀န္သိတတ္လို႔ပါ…

ရန္ျဖစ္တဲ့အခ်ိန္မွာအရင္ဆံုး ေတာင္းပန္တဲ့သူဟာသူမွားေနလို႔မဟုတ္ဘူး…ကိုယ့္ေဘးက လူကိုသူ တန္ဖိုးထားရမွန္းသိေနလို႔ပါ…

မင္းကိုအၿမဲကူညီေနတဲ့သူဟာမင္းဆီကေန တစ္ခုခုျပန္ရဖို႔ေတာင့္တေနတာမဟုတ္ဘူး…

မင္းကို သူငယ္ခ်င္းအစစ္တစ္ေယာက္အေနနဲ႔တန္ဖိုးထားလို႔ပါ…

မင္းကို အၿမဲ မက္ေဆ့ပို႔ ဆက္သြယ္ေနတဲ့သူဟာသူအားယားေနလို႔မဟုတ္ပါဘူး…ဒါဟာ သူ႔ စိတ္ထဲမွာ မင္း ရွိေနလို႔ပါဘဲ…

Credit: ( Dr Shwe Tun )

Unicode

ဖတ်ကြည့်မှ……သိမှာမို့…..ဖတ်ကြည့်နော့

ဖတ်စေချင်လွန်းလို့ပါ……

လင်မယား စုံတွဲတစ်တွဲပါလာတဲ့သင်္ဘောတစ်စင်း နစ်မြှုပ်သွားတယ်…

အချိန်တော်တော်ကြာမှအသက်ကယ်လှေတစ်စင်းရောက်လာတယ်…

အသက်ကယ်လှေပေါ်မှာ နေရာဆိုလို့တစ်နေရာဘဲ ကျန်တော့တယ်…

အဲဒီအချိန်မှာ ယောကျ်ားဖြစ်သူက သူ့မိန်းမကိုသူ့အနောက်ဆွဲချလိုက်ပြီး သူကိုယ်တိုင်အသက်ကယ်လှေပေါ်ခုံတက်လိုက်တယ်…

အဲဒီ အမျိုးသမီး ကတော့တဖြည်းဖြည်းချင်းနစ်မြှုပ်နေတဲ့သင်္ဘောပေါ်မှာရပ်ပြီးသူ့ယောကျ်ားကို စကားတစ်ခွန်းအော်ပြောလိုက်တယ်…

ဒီနေရာအထိပြောပြီးတော့ ဆရာမကကျောင်းသားတွေကို မေးလိုက်တယ်…

“မင်းတို့ ခန့်မှန်းကြည့်…အမျိုးသမီးက ဘာအော်ပြောလိုက်သလဲ?”

ကျောင်းသားတွေကတော့ အလုအယက်ဒေါနဲ့မောနဲ့ အော်ပြောကြတယ်…“ငါနင့်ကိုမုန်းတယ်… ငါကို ထားပစ်ရစ်ခဲ့တယ်… ”

အဲဒီအချိန်မှာ ဆရာမကကျောင်းသူလေးတစ်ယောက်ကိုဘာမှမပြောတာကို သတိထားမိတော့ဆရာမက သူ့ကိုမေးလိုက်တယ်…

အဲဒီကျောင်းသူလေးက ပြန်ဖြေလိုက်တယ်…“ဆရာမ… သမီး ထင်တယ်…

အဲဒီ အမျိုးသမီးအော်ပြောလိုက်မှာက …ငါတို့ကလေးကို ကောင်းကောင်းဂရုစိုက်ပေးပါ လို့”…

ဆရာမက အံ့သြသွားတယ်…သူ့ကို ပြန်မေးလိုက်တယ်…“အဲဒီ ပုံပြင်ကို နားထောင်ဖူးလို့လာ?”

ကျောင်းသူလေးက ခေါင်းကို ခါပြီး ပြောလိုက်တယ်…

“ဟင့်အင်း… သမီး မေမေ နေမကောင်းဖြစ်ပြီးဆုံးခါနီးမှာ ဒီစကားဟာ သူ ဖေဖေ့ကို ပြောခဲ့တဲ့စကားပါ…”

ဆရာမက ပြန်ပြောလိုက်တယ် ….“အဖြေမှန်ပါတယ်ကွယ်…”သင်္ဘော နစ်မြှုပ်သွားပါတယ်…

ယောကျ်ားက သူ့မြို့ကို ပြန်ရောက်ပြီးသမီးလေးကို ကြီးပြင်းလာတဲ့အထိ ကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးခဲ့တယ်…

နှစ်ပေါင်းများစွာကြာပြီးနောက်အဲဒီယောကျ်ားဟာလဲ ရောဂါနဲ့ ဆုံးပါးသွားတော့…

သမီးဖြစ်သူက သူကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှင်းတော့မှသူ့ဖေဖေရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကိုတွေ့တယ်…

အဲဒီအချိန်ရောက်မှ သူသိလိုက်တယ်…ဖေဖေနဲ့ မေမေ သင်္ဘောအတူစီးတဲ့အချိန်မှာ မေမေ့ရောဂါဟာ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ…

အရေးပေါ်အချိန်မှာဖေဖေဟာ အသက်ရှင်ဖို့တစ်မျှင်တာရှိတဲ့နေရာကို အရောက်ပြေးခဲ့တယ်…

သူ့ရဲ့ မှတ်တမ်းစာအုပ်မှာရေးထားတာက“ငါ မင်းနဲ့ ဒီပင်လယ်အောက်ကို အတူတူသာနစ်မြှုပ်သွားလိုက်ချင်ပါတယ်…

ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်ပါဘူး…သမီးလေးအတွက်ကြောင့်….

ဒီပင်လယ်ရေနက်အောက်မှာ..နင်တစ်ယောက်တည်းကိုဘဲထားခဲ့လိုက်ရတာပါ…”

ပုံပြင်ပြောလို့ပြီးသွားပါပြီ…အခန်းထဲမှာလဲ ငြိမ်သက်သွားပါတယ်…ဆရာမကသိတယ်…

သူ့ကျောင်းသားတွေ ဒီပုံပြင်ရဲ့ အနှစ်သာရကိုနားလည်လိမ့်မယ်လို့…

ဒီလောကမှာရှိတဲ့ ကောင်းခြင်းဆိုးခြင်း ဆိုတာတွေ…တခါတလေမှာ ပွေလီရှုပ်ထွေးလှပါတယ်…

ပိုင်းခြားရမှာ ခက်ခဲလှပါတယ်…ဒါကြောင့် အရာရာတိုင်းကို အပေါ်ယံဘဲကြည့်ပြီးအလွယ်တကူ ဝေဖန်ပိုင်းခြားလို့မရပါဘူး…

ပိုက်ဆံရှင်းချိန်မှာပိုက်ဆံအရင်ထုတ်ပြီးရှင်းတဲ့သူဟာ…သူ ပိုက်ဆံ အရမ်းချမ်းသာနေလို့မဟုတ်ဘူး…

သူက ဒီသူငယ်ချင်း သံယောဇဉ်ကိုငွေကြေးထက်ပိုပြီး အလေးထားလို့ပါ…

အလုပ်လုပ်ချိန်မှာ အသိစိတ်နဲ့ပိုပြီးကြိုးစားလုပ်တဲ့သူဟာသူ အ နေလို့မဟုတ်ဘူး…သူက တာဝန်သိတတ်လို့ပါ…

ရန်ဖြစ်တဲ့အချိန်မှာအရင်ဆုံး တောင်းပန်တဲ့သူဟာသူမှားနေလို့မဟုတ်ဘူး…ကိုယ့်ဘေးက လူကိုသူ တန်ဖိုးထားရမှန်းသိနေလို့ပါ…

မင်းကိုအမြဲကူညီနေတဲ့သူဟာမင်းဆီကနေ တစ်ခုခုပြန်ရဖို့တောင့်တနေတာမဟုတ်ဘူး…

မင်းကို သူငယ်ချင်းအစစ်တစ်ယောက်အနေနဲ့တန်ဖိုးထားလို့ပါ…

မင်းကို အမြဲ မက်ဆေ့ပို့ ဆက်သွယ်နေတဲ့သူဟာသူအားယားနေလို့မဟုတ်ပါဘူး…ဒါဟာ သူ့ စိတ်ထဲမှာ မင်း ရှိနေလို့ပါဘဲ…

Credit: ( Dr Shwe Tun )