“ခရီးသြားၾကတဲ့အခါ ေမွာင္လာရင္ကားေပၚမွာ ကင္မရာ ေတြနဲ႔ ဟိုရိုက္၊ ဒီရိုက္မလုပ္မိၾကပါေစနဲ႔။´´

ဒီအေၾကာင္းကို ျဖစ္ျဖစ္ခ်င္းေရးခ်င္ေပမယ့္ တခ်ိဳ႕က ကိုယ္Celeျဖစ္ခ်င္လို႔ေရးတယ္ ထင္ၾကလိမ့္မယ္။ ကိုယ္တိုင္ကလည္း ကိုယ့္Wallမွာ ဟာသေတြကလြဲရင္ ဘာမွမတင္ခ်င္တာေၾကာင့္ မေရးတင္ျဖစ္ခဲ့ဘူး။ ဒါေပမယ့္ သတိထားစရာေလးေတြရွိလို႔ သတိေပးအေနနဲ႔ ျပန္မ်ွေဝလိုက္တာပါ။ ကိုယ္က တကယ္ႀကံဳခဲ့ရတဲ့သူဆိုေပမယ့္ အမ်ားေတြမနစ္နာရေအာင္ ၿမိဳ႕နာမည္ေတြေတာ့ ထည့္မေရးေတာ့ပါဘူး။

စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ အလုပ္ေလးေတြထားခဲ့ၿပီး ေက်ာင္းတုန္းကသူငယ္ခ်င္းနဲ႔ အထက္ျမန္မာျပည္ ခရီးထြက္ဖို႔ျပင္ဆင္လိုက္တယ္။ ရန္ကုန္ကေန စထြက္ၿပီး ၿမိဳ႕တၿမိဳ႕မွာ တညတည္းၾကတဲ့အခ်ိန္ထိ ဘာျပႆနာမွ မရွိေသးဘူး။ မနက္လင္း ခရီးဆက္ထြက္ၿပီး ေဘာ္ဒါက ကားမွာကင္မရာတပ္ဖို႔ေျပာေတာ့ ကားေမာင္းတဲ့ေကာင္ေလးက သူ႔သူငယ္ခ်င္းကားမွာကင္မရာတပ္ထားတာ တခါတခါ မေကာင္းဆိုးဝါးေတြေတြ႕တဲ့အတြက္ သူေၾကာက္လို႔ မတက္ဖို႔တားတယ္။ အဲ့ခ်ိန္မွာဘဲ ကိုယ္က ညဘက္က်ရင္ ဖုန္းကင္မရာနဲ႔ စမ္းၾကည့္ဖု႔ိ အႀကံရသြားတယ္။ နာမည္ႀကီးဘုရား၁ဆူကို ဝင္ဖူးၿပီး အျပန္အိမ္အတြက္လက္ေဆာင္ဝင္ဝယ္တယ္။ ဆိုင္ရွင္မိသားစုနဲ႔ စကားဆက္မိေတာ့ ကိုယ္ေတြဆက္သြားရမယ့္ေတာလမ္းက သတိထားစရာ၁ခုရွိလို႔ တခ်ိဳ႕ကုန္ကားေတြကလြဲၿပီး ဘယ္ဘုရားဖူးကားမွ မျဖတ္ရဲၾကေၾကာင္းေျပာျပတယ္။

ကိုယ္ေတြကလည္း ဝင္စရာရိွေတာ့ အဲ့လမ္းကဘဲအဆင္ေျပမွာမို႔ မထူးဘူးဆိုၿပီး ထြက္လာၾကတယ္။ တျဖည္းျဖည္းနဲ႔ အဲ့ေနရာနားေရာက္ေတာ့ အေတာ္ေမွာင္ေနၿပီ။ ေဘးဘယ္မွာလည္း ေတာင္ကုန္းေတြနဲ႔ ကြင္းျပင္ေတြဘဲရွိတယ္။ ကိုယ္လည္းဖုန္ကင္မရာနဲ႔ လိုက္ရိုက္ေတာ့ ကားေမာင္းတဲ့ေကာင္ေလးက သူေၾကာက္လို႔ မရိုက္ဖို႔ေတာင္းပန္တယ္။ ေအးပါကြာဆိုၿပီး ျပန္ပိတ္ထားလိုက္တယ္။ ကိုယ္ေတြေရွ႕မွာ ၁၂ဘီးကားတစ္စီးေတာ့ရွိတယ္။ တေနရာေရာက္ေတာ့ လမ္းကအျဖဴး၊ ဘာမွလည္းမရွိဘဲနဲ႔ အဲ့ကားက ေမာင္းေနရာကေန အတင္းေကြ႕ေရွာင္သြားတယ္။ သူ႔ေနာက္ကေန ကိုယ္ေတြက အကုန္ျမင္ေနရေတာ့ ၁ေယာက္နဲ႔၁ေယာက္ျပန္ၾကည့္ၿပီး ဟုတ္ေတာ့ဟုတ္ေနၿပီလို႔ ေတြးေနၾကတယ္။

ခဏၾကာေတာ့ ကိုယ္ေတြကားက အေကာင္းႀကီးကေန အပူခ်ိန္က အျမႇင့္ဆံုးျပေနတယ္။ ဒါနဲ႔ခဏနားေနလိုက္တယ္။ နာရီဝက္ေလာက္ၾကာလို႔ ကားကိုစက္ျပန္နိုးၾကည့္ေတာ့လည္း လံုးဝအပူခ်ိန္က မက်သြားဘူး။ မထူးဘူးဆိုၿပီး ဆက္ေမာင္းလာတယ္။ ေဘာ္ဒါကေတာ့ ကားေပၚမွာ အိပ္ေနၿပီ။ ကားေမာင္းတဲ့ေကာင္ေလးမသိေအာင္ ဖုန္းကင္မရာနဲ႔ ပတ္ဝန္းက်င္ကို ဗီဒီရို ခိုးရိုက္ထားလိုက္တယ္။ ခဏၾကာေတာ့ ဘာမ်ားထူးမလဲဆိုၿပီး ဖုန္းကိုၾကည့္လို္က္ေတာ့။ ဟ၊ဘာႀကီးလဲဟ။ အရိပ္လုိလို၊ အေကာင္လိုလိုနဲ႔ ဖုန္းကင္မရာထဲမွာေတြ႕လိုက္တယ္။ ၾကက္သီးေတြေတာင္ ခ်က္ခ်င္းထသြားတယ္။ ငါမ်က္စိမွားေနလို႔ျဖစ္မယ္ဆိုၿပီး ခဏၾကာ ထပ္ၾကည့္ေတာ့မွ ထင္ထင္ရွားရွားဘဲ။ မ်က္ေတာက္နီႀကီးနဲ႔။ ခ်က္ခ်င္းဖုန္းကို ျပန္ပိတ္လိုက္ၿပီး ဗီဒီရိုကို Saveထားလိုက္တယ္။ သူတို႔ကိုေျပာျပရင္လည္း ေၾကာက္ၿပီး ခရီးမတြင္ေတာ့မွာစိုးလို႔ မေျပာဘူး။ ၿမိဳ႕ထဲေရာက္ေတာ့ အသိဘုန္းႀကီးေက်ာင္းမွာ တည္းၾကရင္း ဘုန္းႀကီးေက်ာင္းသားကို အဲ့အေၾကာင္းေတြေျပာျပေတာ့ အဲ့ေနရာက အရမ္းေျခာက္တာတဲ့၊ အဲ့ေနရာမွာ လူႀကီးတေယာက္ကားတိုက္ခံရၿပီး ဆံုးသြားတာတဲ့။ တခါတေလ ကားေပၚထိ ပါလာတယ္လို႔လည္း ေျပာသံေတြၾကားဖူးတယ္တဲ့။

သူ႔အေၾကာင္းသိခ်င္ရင္ သူမေသခင္က သူနဲ႔ရင္းနွီးတဲ့သူတေယာက္ရွိတယ္တဲ့။ ညဘက္က်ေတာ့ အေၾကာင္းသိတဲ့သူက ေက်ာင္းကိုေခၚထားလို႔ေရာက္လာတယ္။ ေက်ာင္းဝန္းထဲက ကြပ္ပ်စ္ေလးမွာထိုင္ၾကၿပီး သူ႔ကိုဗီဒီရိုျပၾကည့္ေတာ့ ေသခ်ာတယ္တဲ့၊ အဲ့ေနရာဘဲတဲ့။ သူကအရမ္းအေနာက္သန္တာတဲ့။ ခုရိုက္ထားတဲ့ဗီီဒီရိုထဲမွာ က်ေနာ္တို႔လည္း မေကာင္းဆိုးဝါးကို ေတြ႕လိုက္တယ္တဲ့။ ဒါေပမယ့္ ဆံုးသြားတဲ့ေကာင္က ဒီပံုစံမဟုတ္ဘူးတဲ့။ ဟာ။ ဆိုးၿပီ။ ကိုယ္ေတြမသိနိုင္ေသးတဲ့ တျခားဘာအေၾကာင္းေတြမ်ားထပ္ရွိေနအံုးမလဲလို႔ ဝိုင္းစဥ္းစားၾကတယ္။ မရွက္တမ္းဝင္ခံရရင္ ကုိယ္လည္း ေတြ႕ၿပီးကတည္းက အဲ့ဗီဒီရိုကို မၾကည့္ရဲေတာ့လို႔ မၾကည့္ေတာ့ဘူး။ သူတို႔လည္း ဝို္င္းစဥ္းစားေပးၾကေပမယ့္ ေနာက္ေတာ့ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး ကိုယ္တိုင္ျပန္ၾကည့္တယ္။ တကယ့္ကိုအံ့ၾသသြားတယ္။ သူတို႔နဲ႔ စကားျဖတ္ၿပီး ေက်ာင္းေပၚကို ျပန္တက္လာၿပီး ဗီဒီရိုကို ၂ႀကိမ္ေလာက္ထပ္ၾကည့္တယ္။

ေတာက္၊ ငိုးထဲမွ၊ ဘက္ကင္မရာႀကီးနဲ႔ အေမွာင္ထဲမွာ ကိုယ့္ရုပ္ကိုယ္ ျပန္ရိုက္မိေနမွန္းမသိလိုက္ဘူး။

ေဆာရီး၊ ေဆာရီး၊ အေၾကာက္လြန္သြားလို႔ ျဖစ္ျဖစ္ခ်င္းသတိမထားမိလိုက္တာ။

Credit – hlataw

Unicode

“ခရီးသွားကြတဲ့အခါ မှောင်လာရင်ကားပေါ်မှာ ကင်မရာတွေနဲ့ ဟိုရိုက်၊ ဒီရိုက်မလုပ်မိကြပါစေနဲ့။´´

ဒီအကြောင်းကို ဖြစ်ဖြစ်ချင်းရေးချင်ပေမယ့် တချို့က ကိုယ်Celeဖြစ်ချင်လို့ရေးတယ် ထင်ကြလိမ့်မယ်။ ကိုယ်တိုင်ကလည်း ကိုယ့်Wallမှာ ဟာသတွေကလွဲရင် ဘာမှမတင်ချင်တာကြောင့် မရေးတင်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် သတိထားစရာလေးတွေရှိလို့ သတိပေးအနေနဲ့ ပြန်မျှဝေလိုက်တာပါ။ ကိုယ်က တကယ်ကြုံခဲ့ရတဲ့သူဆိုပေမယ့် အများတွေမနစ်နာရအောင် မြို့နာမည်တွေတော့ ထည့်မရေးတော့ပါဘူး။

စိတ်ပြေလက်ပျောက်ဖြစ်အောင် အလုပ်လေးတွေထားခဲ့ပြီး ကျောင်းတုန်းကသူငယ်ချင်းနဲ့ အထက်မြန်မာပြည် ခရီးထွက်ဖို့ပြင်ဆင်လိုက်တယ်။ ရန်ကုန်ကနေ စထွက်ပြီး မြို့တမြို့မှာ တညတည်းကြတဲ့အချိန်ထိ ဘာပြဿနာမှ မရှိသေးဘူး။ မနက်လင်း ခရီးဆက်ထွက်ပြီး ဘော်ဒါက ကားမှာကင်မရာတပ်ဖို့ပြောတော့ ကားမောင်းတဲ့ကောင်လေးက သူ့သူငယ်ချင်းကားမှာကင်မရာတပ်ထားတာ တခါတခါ မကောင်းဆိုးဝါးတွေတွေ့တဲ့အတွက် သူကြောက်လို့ မတက်ဖို့တားတယ်။ အဲ့ချိန်မှာဘဲ ကိုယ်က ညဘက်ကျရင် ဖုန်းကင်မရာနဲ့ စမ်းကြည့်ဖို့ အကြံရသွားတယ်။ နာမည်ကြီးဘုရား၁ဆူကို ဝင်ဖူးပြီး အပြန်အိမ်အတွက်လက်ဆောင်ဝင်ဝယ်တယ်။ ဆိုင်ရှင်မိသားစုနဲ့ စကားဆက်မိတော့ ကိုယ်တွေဆက်သွားရမယ့်တောလမ်းက သတိထားစရာ၁ခုရှိလို့ တချို့ကုန်ကားတွေကလွဲပြီး ဘယ်ဘုရားဖူးကားမှ မဖြတ်ရဲကြကြောင်းပြောပြတယ်။

ကိုယ်တွေကလည်း ဝင်စရာရှိတော့ အဲ့လမ်းကဘဲအဆင်ပြေမှာမို့ မထူးဘူးဆိုပြီး ထွက်လာကြတယ်။ တဖြည်းဖြည်းနဲ့ အဲ့နေရာနားရောက်တော့ အတော်မှောင်နေပြီ။ ဘေးဘယ်မှာလည်း တောင်ကုန်းတွေနဲ့ ကွင်းပြင်တွေဘဲရှိတယ်။ ကိုယ်လည်းဖုန်ကင်မရာနဲ့ လိုက်ရိုက်တော့ ကားမောင်းတဲ့ကောင်လေးက သူကြောက်လို့ မရိုက်ဖို့တောင်းပန်တယ်။ အေးပါကွာဆိုပြီး ပြန်ပိတ်ထားလိုက်တယ်။ ကိုယ်တွေရှေ့မှာ ၁၂ဘီးကားတစ်စီးတော့ရှိတယ်။ တနေရာရောက်တော့ လမ်းကအဖြူး၊ ဘာမှလည်းမရှိဘဲနဲ့ အဲ့ကားက မောင်းနေရာကနေ အတင်းကွေ့ရှောင်သွားတယ်။ သူ့နောက်ကနေ ကိုယ်တွေက အကုန်မြင်နေရတော့ ၁ယောက်နဲ့၁ယောက်ပြန်ကြည့်ပြီး ဟုတ်တော့ဟုတ်နေပြီလို့ တွေးနေကြတယ်။

ခဏကြာတော့ ကိုယ်တွေကားက အကောင်းကြီးကနေ အပူချိန်က အမြှင့်ဆုံးပြနေတယ်။ ဒါနဲ့ခဏနားနေလိုက်တယ်။ နာရီဝက်လောက်ကြာလို့ ကားကိုစက်ပြန်နိုးကြည့်တော့လည်း လုံးဝအပူချိန်က မကျသွားဘူး။ မထူးဘူးဆိုပြီး ဆက်မောင်းလာတယ်။ ဘော်ဒါကတော့ ကားပေါ်မှာ အိပ်နေပြီ။ ကားမောင်းတဲ့ကောင်လေးမသိအောင် ဖုန်းကင်မရာနဲ့ ပတ်ဝန်းကျင်ကို ဗီဒီရို ခိုးရိုက်ထားလိုက်တယ်။ ခဏကြာတော့ ဘာများထူးမလဲဆိုပြီး ဖုန်းကိုကြည့်လို်က်တော့။ ဟ၊ဘာကြီးလဲဟ။ အရိပ်လိုလို၊ အကောင်လိုလိုနဲ့ ဖုန်းကင်မရာထဲမှာတွေ့လိုက်တယ်။ ကြက်သီးတွေတောင် ချက်ချင်းထသွားတယ်။ ငါမျက်စိမှားနေလို့ဖြစ်မယ်ဆိုပြီး ခဏကြာ ထပ်ကြည့်တော့မှ ထင်ထင်ရှားရှားဘဲ။ မျက်တောက်နီကြီးနဲ့။ ချက်ချင်းဖုန်းကို ပြန်ပိတ်လိုက်ပြီး ဗီဒီရိုကို Saveထားလိုက်တယ်။ သူတို့ကိုပြောပြရင်လည်း ကြောက်ပြီး ခရီးမတွင်တော့မှာစိုးလို့ မပြောဘူး။ မြို့ထဲရောက်တော့ အသိဘုန်းကြီးကျောင်းမှာ တည်းကြရင်း ဘုန်းကြီးကျောင်းသားကို အဲ့အကြောင်းတွေပြောပြတော့ အဲ့နေရာက အရမ်းခြောက်တာတဲ့၊ အဲ့နေရာမှာ လူကြီးတယောက်ကားတိုက်ခံရပြီး ဆုံးသွားတာတဲ့။ တခါတလေ ကားပေါ်ထိ ပါလာတယ်လို့လည်း ပြောသံတွေကြားဖူးတယ်တဲ့။

သူ့အကြောင်းသိချင်ရင် သူမသေခင်က သူနဲ့ရင်းနှီးတဲ့သူတယောက်ရှိတယ်တဲ့။ ညဘက်ကျတော့ အကြောင်းသိတဲ့သူက ကျောင်းကိုခေါ်ထားလို့ရောက်လာတယ်။ ကျောင်းဝန်းထဲက ကွပ်ပျစ်လေးမှာထိုင်ကြပြီး သူ့ကိုဗီဒီရိုပြကြည့်တော့ သေချာတယ်တဲ့၊ အဲ့နေရာဘဲတဲ့။ သူကအရမ်းအနောက်သန်တာတဲ့။ ခုရိုက်ထားတဲ့ဗီီဒီရိုထဲမှာ ကျနော်တို့လည်း မကောင်းဆိုးဝါးကို တွေ့လိုက်တယ်တဲ့။ ဒါပေမယ့် ဆုံးသွားတဲ့ကောင်က ဒီပုံစံမဟုတ်ဘူးတဲ့။ ဟာ။ ဆိုးပြီ။ ကိုယ်တွေမသိနိုင်သေးတဲ့ တခြားဘာအကြောင်းတွေများထပ်ရှိနေအုံးမလဲလို့ ဝိုင်းစဉ်းစားကြတယ်။ မရှက်တမ်းဝင်ခံရရင် ကိုယ်လည်း တွေ့ပြီးကတည်းက အဲ့ဗီဒီရိုကို မကြည့်ရဲတော့လို့ မကြည့်တော့ဘူး။ သူတို့လည်း ဝို်င်းစဉ်းစားပေးကြပေမယ့် နောက်တော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ကိုယ်တိုင်ပြန်ကြည့်တယ်။ တကယ့်ကိုအံ့သြသွားတယ်။ သူတို့နဲ့ စကားဖြတ်ပြီး ကျောင်းပေါ်ကို ပြန်တက်လာပြီး ဗီဒီရိုကို ၂ကြိမ်လောက်ထပ်ကြည့်တယ်။

တောက်၊ ငိုးထဲမှ၊ ဘက်ကင်မရာကြီးနဲ့ အမှောင်ထဲမှာ ကိုယ့်ရုပ်ကိုယ် ပြန်ရိုက်မိနေမှန်းမသိလိုက်ဘူး။

ဆောရီး၊ ဆောရီး၊ အကြောက်လွန်သွားလို့ ဖြစ်ဖြစ်ချင်းသတိမထားမိလိုက်တာ။

Credit – hlataw