ဒီ (၅) ချက်နဲ့ ချစ်ပေးနိုင်တဲ့ မိန်းကလေးမျိုးကို တန်ဖိုးထားပါ

မိန်းကလေးတွေဟာ အများအားဖြင့် ပွေရှုပ်ချင်တဲ့ သူတွေ မဟုတ်ပါဘူး။ တစ်ယောက်တည်း ကိုပဲ ချစ်ပြီး တစ်ယောက်တည်းကိုပဲ သေတပန် သက်တစ်ဆုံး လက်တွဲသွားချင် ကြတဲ့ သူတွေ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုယ်ချစ်သလောက် ပြန် အချစ်မခံရတဲ့ အခါမှာ၊ ကိုယ့်ကိုယ် တန်ဖိုးမထားတဲ့ အခါ၊ ကိုယ် ခံစားရတာတွေကို နားမလည်ပေးတဲ့ အခါတွေမှာတော့ နောက်တစ်ယောက်ရဲ့ရင်ခွင်မှာခိုလှုံဖို့ စိတ်ပိုင်းဖြတ်တတ်ကြပါတယ် ။

ခု ဖော်ပြပေးမှာ ကတော့ သင့်အတွက်နဲ့ မိန်းကလေး တယောက် ဒီလို ခံစားနေရတယ် ဆိုရင် အဲဒီ့မိန်းကလေးကို စာနာပါ၊ တန်ဖိုးထားပါ။ သူ့လိုလူ နောက်တစ်ယောက် တွေ့ဖို့ဆိုတာ ခက်ခဲသွား ပါပြီ။

(၁) အမြဲတမ်း စိတ်ပူပေးသူ

စိတ်ဆိုတာ လူတယောက်ရဲ့ အရာအားလုံးကို ချုပ်ကိုင်ထားတဲ့ အရင်းအမြစ်ကြီး တစ်ခု ဖြစ်ပါတယ်။ စိတ်ပူတယ်ဆိုတာ ဒီအတိုင်းဆိုရင် ပေါ့ပေါ့ တန်တန်လေးလို့ ထင်ရပေမယ့် ဘယ်လောက် ခံစားရခက်လဲဆိုတာ ကြုံဖူးမှ သိမှာပါ။

သင့်ကို မိန်းကလေး တယောက်က ဖုန်းတွေ အကြိမ်ကြိမ် ခေါ်ထားတယ်၊ စာတွေ အများကြီး ပို့ထားတယ်၊ သင့်ကို ဆက်သွယ်ဖို့ သည်းကြီး မည်းကြီး ကြိုးစားခဲ့တယ် ဆိုရင် သင့်ကို အရမ်းစိတ်ပူလို့ပါ။

လူတိုင်းက ကိုယ့်အလုပ်နဲ့ကိုယ် မအားလို့ သင့်ကို ခေါင်းထဲတောင် ထည့်ဖို့ အချိန် မရှိပေမယ့် သင့်ကို ချစ်တဲ့ မိန်းကလေးကတော့ သူဘယ်လောက် အလုပ် များနေပါစေ၊ အမြဲတမ်း စိတ်ပူပေးတဲ့သူ၊ ဆက်သွယ်တဲ့သူ ဖြစ်ပါတယ်။ ဒီလို မိန်းကလေးမျိုးကို စာနာပါ၊ တန်ဖိုးထားပါ။

(၂) သင့်ဦးဆောင်ရာ နောက် လိုက်မယ့်သူ

လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် အပြည့် ရှိပါတယ်။ အရာရာတိုင်းကို ကိုယ်တိုင် ဆုံးဖြတ် နိုင်တယ်၊ ကိုယ်တိုင် ရွေးချယ် ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဆုံးဖြတ်ချက်ဟာ သူ့ဆုံးဖြတ်ချက်ပါ၊ သင့်ရဲ့အကြိုက်ဟာ သူ့အကြိုက်၊ သင့်ဦးဆောင်ရာ တိုင်းကို လိုက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မိန်းကလေးဟာ သင့်ကို အသည်းပေါက်မတတ် ချစ်တဲ့သူပါ။

သူ့ရဲ့ မာန်မာန အားလုံးကို ခဝါချပြီး သင့်ကို အာဏာကုန် လွှဲပေးထားတယ် ဆိုတာ သူ့ကသင့်လောက် ဥာဏ်ရည် မမီလို့ မဟုတ်ပါဘူး။ သူကိုယ်သူထက် သင့်ကို ချစ်လို့ပါ။ ဒါကြောင့် ဒီလို မိန်းကလေးကို စာနာပါ၊ တန်ဖိုးထားပါ။

(၃) သင့်ကို စွန့်ခွာမသွားသူ

ဘာအကြောင်းနဲ့မှ သင့်ကို စွန့်ခွာမသွားသူဟာ သင့်ကို တကယ် ချစ်တဲ့သူပါ။ သင်ဟာ အိမ်ခြေယာမဲ့တစ်ယောက်၊ ဝင်ငွေ မရှိသူတစ်ယောက်၊ မက်လောက်စရာ ဘာမှမရှိသူ တစ်ယောက် ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် သူ့ကိုသင် ချစ်နေသရွေ့သင့်ကို ဘယ်တော့မှ စွန့်ခွာသွားမယ့်သူ မဟုတ်ပါဘူး။

သင့်ကို အားပေးစကားတွေ ပြောပေးမယ်၊ တတ်နိုင်သလောက်လေး ကူညီမယ်၊ သက့်ဘက်မှာ အမြဲရှိနေတယ် ဆိုရင် သင့်ကို မျှော်လင့်ချက်တွေ မပါဘဲ ချစ်တဲ့သူပါ။ ဒါကြောင့် ဒီလို မိန်းကလေးမျိုးကို စာနာပါ၊ တန်ဖိုးထားပါ။

(၄) သင့်ကိုပဲ ရွေးချယ်သူ

မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ အချစ်ရေးနဲ့ ပတ်သက်ရင် ရွေးချယ်မှုက အရမ်းကို အရေးကြီးပါတယ်။ အရွေး မှားသွားရင် ဘဝတစ်ခုလုံး စုတ်ပြတ်သွားနိုင်လောက်တဲ့ အထိကို အန္တရာယ် ကြီးပါတယ် ။ ပန်းအနားမှာ လိပ်ပြာတွေ ဝဲနေစမြဲမို့ မိန်းကလေး တယောက် အနားမှာလည်း သူ့ကို ချစ်တဲ့သူတွေ တစ်ယောက်မက ရှိကို ရှိနေပါတယ်။

ဒါပေမယ့် မိန်းကလေး တယောက်ဟာ သင့်ထက်သာတဲ့သူ ဘယ်လောက် ရှိရှိ၊ ရွေးချယ်စရာ ဘယ်လောက်များများ သူ့ရဲ့ရွေးချယ်မှုဟာ သင်တစ်ယောက်တည်းပဲ ဖြစ်နေတယ် ဆိုရင်တော့ ဒီလိုမိန်းကလေးကို စာနာပါ၊ တန်ဖိုးထားပါ။ သူ့လို မိန်းကလေးမျိုး ထပ်တွေ့ဖို့ဆိုတာ တော်တော်ကို ရှားပါတယ်။

(၅) သစ္စာရှိသူ

သင့်အပေါ်မှာ သစ္စာရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ အရာအားလုံးထက် တန်ဖိုး ရှိပါတယ်။ သင်နဲ့နီးရာမှာဖြစ်စေ၊ ဝေးရာမှာဖြစ်စေ သင့်ကို ဘယ်တော့မှ သစ္စာမဖောက်၊ မပြောင်းမလဲပဲချစ်နေတဲ့ မိန်းကလေးမျိုးကို စာနာပါ၊ တန်ဖိုးထားပါ။ သင့်အတွက်နဲ့ အထီးကျန်မှု၊ လွမ်းဆွေးမှု၊ နာကျင်မှုတွေကို မညည်းမညူ သည်းခံပေးပြီး သင်နဲ့ ပြန်ဆုံမယ့် အချိန်ကို သစ္စာရှိရှိ စောင့်နေပေးတဲ့ မိန်းကလေးမျိုးဟာ တန်ဖိုးဖြတ်လို့ မရတဲ့ အရာတွေထဲမှာ ပါ ပါတယ်။

Em Em (AM)