ကာလတန်ဖိုး (၁၂၀၀၀)ကျပ် ရှိ ကတ်တမင်း(၁၀)ပြားကို ဖြိုးပြည့်စုံရဲ့ ကားအတွင်းမှာ သိမ်းဆည်းရရှိခဲ့

အဆိုတော် ဖြိုးပြည့်စုံနဲ့ တေးရေးဆရာ နှစ်ဦးတို့ကို သတင်းပေးမှုအရ မူးယစ်အဖွဲ့တပ်ဖွဲ့က အောက်တိုဘာလ (၇) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မြန်မာပလာဇာ ရှော့ပင်းမောလ်တွင် ဖမ်းဆီးခဲ့တဲ့ သတင်းက တော်တော်လေး ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံအတွက် ပရိသတ်တွေက စိတ်မကောင်းခြင်းများစွာ ဖြစ်နေကြသလို မယုံကြည်နိုင်ဖြစ်နေကြတာကိုလည်း တွေ့ရပါတယ်။

ဖိုးပြည့်စုံက ထိုဆေးပြားများကို ထိုင်းနိုင်ငံမှ သူကိုယ်တိုင် ဝယ်ယူခဲ့ကြောင်း ပြောဆိုခဲ့ပြီးနောက် မြန်မာနို်င်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲက ဒီနေ့မှာတော့ ဆေးပြားများရဲ့ ပုံပန်းသဏ္႑ာန်ကို ပြသခဲ့ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ ” ဖြစ်စဉ်မှာ အောက်တိုဘာလ ၇ ရက်နေ့ ၁၇၃ဝ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၀)ရန်ကုန် (မြောက်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဗဟန်းမြို့နယ်၊ ဆရာစံ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှိ —- ကော်ဖီဆိုင်သို့ရောက်ရှိလာသူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉)ရပ်ကွက်နေ ဖြိုးပြည့်စုံ ၃၂ နှစ်၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်၊ ဇလွန်လမ်းနေ ငြိမ်းချမ်းကို ၂၄ နှစ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၃၄)ရပ်ကွက်နေ ရော်နီစန်းလွင် ၃၂ နှစ်တို့အား”

“၎င်းတို့စီးနင်းမောင်းနှင် လာသည့် မော်တော်ယာဉ်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ဆောင်၍ စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းထိုင်ခုံပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ ပလတ်စတစ်ဘူးဖြင့်ထည့်ထားသည့် ကတ်တမင်းဆေးပြား ၁၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁၂၀၀၀ ကျပ်)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် ဗဟန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။” ဆိုပြီး CCDAC Myanmar Facebook Page မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံနဲ့ တေးရေး ငြိမ်းချမ်းကို၊ ရော်နီဆန်းလွင် တို့က လက်ရှိမှာတော့ ဗဟန်းမြို့မစခန်းမှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-မိုမိုလေး

Zawgyi

အဆုိေတာ္ ျဖိဳးျပည့္စံုနဲ့ ေတးေရးဆရာ နွစ္ဦးတို့ကို သတင္းေပးမႈအရ မူးယစ္အဖြဲ႕တပ္ဖြဲ႕က ေအာက္တိုဘာလ (၇) ရက္ေန႔ ညေနပိုင္းမွာ ရန္ကုန္ၿမိဳ႕ ျမန္မာပလာဇာ ေရွာ့ပင္းေမာလ္တြင္ ဖမ္းဆီးခဲ့တဲ့ သတင္းက ေတာ္ေတာ္ေလး ဟိုးေလးတေၾကာ္ေၾကာ္ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ျဖိဳးျပည့္စံုအတြက္ ပရိသတ္ေတြက စိတ္မေကာင္းျခင္းမ်ားစြာ ျဖစ္ေနၾကသလို မယံုၾကည္နုိင္ျဖစ္ေနၾကတာကိုလည္း ေတြ့ရပါတယ္။

ဖိဳးျပည့္စံုက ထိုေဆးျပားမ်ားကို ထိုင္းနုိင္ငံမွ သူကိုယ္တိုင္ ဝယ္ယူခဲ့ေၾကာင္း ေျပာဆိုခဲ့ျပီးေနာက္ ျမန္မာနို္င္ငံ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲက ဒီေန့မွာေတာ့ ေဆးျပားမ်ားရဲ့ ပံုပန္းသ႑ာန္ကို ျပသခဲ့ပါတယ္။

မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ့ရဲ့ ေျပာဆိုခ်က္အရ ” ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၇ ရက္ေန႔ ၁၇၃ဝ အခ်ိန္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု(၄၀)ရန္ကုန္ (ေျမာက္)မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႔သည္ သတင္းအရ သက္ေသမ်ားႏွင့္အတူ ဗဟန္းၿမိဳ႕နယ္၊ ဆရာစံ ရပ္ကြက္၊ ကမာၻေအးဘုရားလမ္း၊ ျမန္မာပလာဇာရွိ —- ေကာ္ဖီဆိုင္သို႔ေရာက္ရွိလာသူ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ သုဝဏၰ၊ (၂၉)ရပ္ကြက္ေန ၿဖိဳးျပည့္စံု ၃၂ ႏွစ္၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ လင္းလြန္းေတာင္ရပ္၊ ဇလြန္လမ္းေန ၿငိမ္းခ်မ္းကို ၂၄ ႏွစ္ႏွင့္ ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၊ (၃၄)ရပ္ကြက္ေန ေရာ္နီစန္းလြင္ ၃၂ ႏွစ္တို႔အား”

၎တို႔စီးနင္းေမာင္းႏွင္ လာသည့္ ေမာ္ေတာ္ယာဥ္ႏွင့္အတူ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ေခၚေဆာင္၍ စစ္ေဆးရွာေဖြရာ ယာဥ္ေနာက္ခန္းထိုင္ခံုေပၚရွိ ေက်ာပိုးအိတ္အတြင္းမွ ပလတ္စတစ္ဘူးျဖင့္ထည့္ထားသည့္ ကတ္တမင္းေဆးျပား ၁၀ ျပား(ေဒသကာလေပါက္ေစ်းတန္ဖိုးေငြ ၁၂၀၀၀ က်ပ္)ႏွင့္ လက္ကိုင္ဖုန္း ၃ လံုးတို႔အားေတြ႕ရွိသိမ္းဆည္းရမိခဲ့ သျဖင့္ ဗဟန္းၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။” ဆိုျပီး CCDAC Myanmar Facebook Page မွာ ေရးသားထားတာပဲ ျဖစ္ပါတယ္။

ျဖိဳးျပည့္စံုနဲ့ ေတးေရး ၿငိမ္းခ်မ္းကို၊ ေရာ္နီဆန္းလြင္ တို့က လက္ရိွမွာေတာ့ ဗဟန္းၿမိဳ႕မစခန္းမွာ ထိန္းသိမ္းခံထားရတာ ျဖစ္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို ေက်းဇူးအထူးတင္ရိွပါတယ္။

Credit-မိုမိုေလး