မင်္ဂလာသတင်းကို ကြားပြီး နေအိမ်အပေါ်ထပ်က ပြေးဆင်းလာခဲ့တဲ့သမီးလေး

ဘယ်လိုကလေးပဲဖြစ်ဖြစ်၊ မိဘ ဆင်းရဲဒုက္ခရောက်နေတာ၊ သူတို့မှာ ဆိုးရွားလှတဲ့ အနာရောဂါတွေ ဖြစ်နေတာမျိုးကို မြင်ချင်ကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သိတတ်တဲ့အရွယ်ကိုရောက်နေတဲ့ ကလေးတွေဟာ ကိုယ့်ရဲ့မိဘတွေကို ချစ်ကြတာချည်းပါဘဲ။

အခုသတင်းလေးကတော့ Mirror သတင်းမှာ ဖော်ပြထားတာဖြစ်ပြီး၊ ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်တာပါ။ ကလေးမလေးတစ်ယောက်ဟာ ဖခင်မှာ စွဲကပ်နေတဲ့ ကင်ဆာရောဂါ ပျောက်သွားပြီဆိုတာကို သိတော့-

ဝမ်းသာလွန်းလို့ ငိုကျွေးခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။ ကလေးမလေးကတော့ (၈)နှစ်သာရှိသေးပြီး မိုင်ဆီဒစ်ခ်ဆွန် (Maisy Dickson)လို့ အမည်ရပါတယ်။ အင်္ဂလန်က လန်ကာရှိုင်းယားမှာ နေပါတယ်။ သူမဟာ ဖခင်ရဲ့မင်္ဂလာသတင်းကို ကြားပြီး နေအိမ်အပေါ်ထပ်က ပြေးဆင်းလာခဲ့တာပါ။

အဲဒီနောက် ဝမ်းသာမျက်ရည်တွေနဲ့ ဖခင်ကို ဖက်ပြီး ငိုပါတော့တယ်။ ဖခင် Chris ဟာ ဆေးရုံမှာ (၉)ရက်ကြာ တက်ရောက်ခဲ့ရပြီး၊ မိသားစုနဲ့ တစ်ခါမှ ဒီလောက်အကြာကြီး မခွဲခဲ့ဖူးပါဘူး။ ဆေးရုံမှာ သူရဲ့ ကင်ဆာဖြစ်နေတဲ့ ဆီးအိမ်ကိုဖယ်ထုတ်ပြီး အောင်မြင်စွာ အစားထိုး ကုသနိုင်ခဲ့ပါတယ်။

သူဟာ (၆)နှစ်ကြာ ခံစားနေရတဲ့ ကင်ဆာကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပြီဆိုတာကို သမီးလေးကို အသိမပေးသေးဘဲ အိမ်ရောက်မှ သမီးလေးဝမ်းသာအောင် အသိပေးခဲ့တာဖြစ်ပါတယ်။ ကလေးမလေးကလည်း ပျော်ရွှင်စွာပဲ ဖခင်ကို ဖက်ပြီး ငိုပါတော့တယ်။ သူမ အချစ်ဆုံးဖခင်ကို အသက်ဆက်ရှည်မှာကို မြင်ယောင်နေလို့ပါ။

နတ်သူကြီး

Zawgyi

ဘယ္လုိကေလးပဲျဖစ္ျဖစ္၊ မိဘ ဆင္းရဲဒုကၡေရာက္ေနတာ၊ သူတုိ႔မွာ ဆုိးရြားလွတဲ့ အနာေရာဂါေတြ ျဖစ္ေနတာမ်ိဳးကို ျမင္ခ်င္ၾကမွာ မဟုတ္ပါဘူး။ အထူးသျဖင့္ သိတတ္တဲ့အရြယ္ကိုေရာက္ေနတဲ့ ကေလးေတြဟာ ကိုယ့္ရဲ႕မိဘေတြကို ခ်စ္ၾကတာခ်ည္းပါဘဲ။

အခုသတင္းေလးကေတာ့ Mirror သတင္းမွာ ေဖာ္ျပထားတာျဖစ္ၿပီး၊ ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္ၿပီး တင္ဆက္ေပးလုိက္တာပါ။ ကေလးမေလးတစ္ေယာက္ဟာ ဖခင္မွာ စြဲကပ္ေနတဲ့ ကင္ဆာေရာဂါ ေပ်ာက္သြားၿပီဆုိတာကို သိေတာ့-

ဝမ္းသာလြန္းလုိ႔ ငုိေကၽြးခဲ့ရသည္အထိ ျဖစ္ခဲ့ရပါတယ္။ ကေလးမေလးကေတာ့ (၈)ႏွစ္သာရွိေသးၿပီး မုိင္ဆီဒစ္ခ္ဆြန္ (Maisy Dickson)လုိ႔ အမည္ရပါတယ္။ အဂၤလန္က လန္ကာ႐ႈိင္းယားမွာ ေနပါတယ္။ သူမဟာ ဖခင္ရဲ႕မဂၤလာသတင္းကို ၾကားၿပီး ေနအိမ္အေပၚထပ္က ေျပးဆင္းလာခဲ့တာပါ။

အဲဒီေနာက္ ဝမ္းသာမ်က္ရည္ေတြနဲ႔ ဖခင္ကို ဖက္ၿပီး ငုိပါေတာ့တယ္။ ဖခင္ Chris ဟာ ေဆး႐ုံမွာ (၉)ရက္ၾကာ တက္ေရာက္ခဲ့ရၿပီး၊ မိသားစုနဲ႔ တစ္ခါမွ ဒီေလာက္အၾကာႀကီး မခြဲခဲ့ဖူးပါဘူး။ ေဆး႐ုံမွာ သူရဲ႕ ကင္ဆာျဖစ္ေနတဲ့ ဆီးအိမ္ကုိဖယ္ထုတ္ၿပီး ေအာင္ျမင္စြာ အစားထုိး ကုသႏုိင္ခဲ့ပါတယ္။

သူဟာ (၆)ႏွစ္ၾကာ ခံစားေနရတဲ့ ကင္ဆာကို ေပ်ာက္ကင္းေအာင္ ကုသႏုိင္ခဲ့ၿပီဆုိတာကို သမီးေလးကို အသိမေပးေသးဘဲ အိမ္ေရာက္မွ သမီးေလးဝမ္းသာေအာင္ အသိေပးခဲ့တာျဖစ္ပါတယ္။ ကေလးမေလးကလည္း ေပ်ာ္ရႊင္စြာပဲ ဖခင္ကို ဖက္ၿပီး ငုိပါေတာ့တယ္။ သူမ အခ်စ္ဆုံးဖခင္ကို အသက္ဆက္ရွည္မွာကို ျမင္ေယာင္ေနလုိ႔ပါ။

နတ္သူႀကီး