မြင်မြင်ချင်း ချစ်တယ် ဆိုတာ ဖြစ်နိုင်ရဲ့လား

လက်တွေ့ကျတဲ့သူတွေကတော့ မြင်မြင်ချင်း ချစ်တယ် ဆိုတဲ့ စကားကို မယုံကြပါဘူး။ လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့လိုက်ကတည်းက ချစ်တယ်လို့ ထင်သွားမိတယ်ဆိုတာ ထင်ယောင်ထင်မှား ဖြစ်မှု သက်သက်ပဲလို့ သူတို့က လက်ခံထားကြပါတယ်။

Insider မဂ္ဂဇင်းရဲ့ ဆွေးနွေးမှုအရတော့ လူတစ်ယောက်ကို မြင်မြင်ချင်းမှာပဲ နက်နက်ရှိုင်းရှိုင်း ချစ်မိသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူးတဲ့။ ဒါပေမယ့် သူ့ရဲ့ပုံရိပ်နဲ့ လှုပ်ရှားမှုတွေ၊ သူ့ရဲ့စိတ်သဘောထားတွေက ကိုယ့်မှတ်ဉာဏ်ထဲကို ကပ်ပါလာပြီး အဲဒါတွေကို ပြန်တွေးနေမိရာကနေ အချစ်စိတ် ပေါက်ဖွားလာနိုင်တယ်လို့ ရေးသားထားပါတယ်။

သိပ္ပံပညာရှင်တွေကတော့ မြင်မြင်ချင်းချစ်တဲ့အချစ်မျိုးဆိုတာ လူတွေမှာ တကယ်ရှိကြတယ်လို့ ဆိုကြပါသတဲ့။ ဒါပေမယ့် အဲဒါကို ပိုပြီး နက်နက်ရှိုင်းရှိုင်းဖြစ်လာဖို့အတွက်တော့ အချိန်တစ်ခု ယူရသေးတယ်လို့ သူတို့က ကောက်ချက်ချကြပါတယ်။လူတစ်ယောက်ကို မြင်မြင်ချင်း ချစ်သွားတဲ့သူတွေဆိုတာ ဒီအချက်တွေကို အခြေခံကြတယ်လို့ Insider က ဖော်ပြပါတယ်။

ပြီးပြည့်စုံတဲ့အချစ်ရေးကိုပိုင်ဆိုင်ဖို့နားလည်ထားဖို့လိုတဲ့အချစ်ရဲ့ဘာသာစကား(၄)မျိုး

(၁) သွင်ပြင်လက္ခဏာ

ကိုယ်မြင်လိုက်ရတဲ့သူရဲ့ သွင်ပြင်လက္ခဏာက ကိုယ့်အတွက် အရမ်းအထင်ကြီးစရာ၊ သဘောကျစရာဖြစ်နေတာ။ ဒါမှမဟုတ် ကိုယ့်အတွက် ဆွဲဆောင်မှုတစ်ခုခုရှိနေတာ။ နှစ်လိုဖွယ်ကောင်းတာ စတဲ့အချက်တွေက မြင်မြင်ချင်း ချစ်မိတာမျိုး ဖြစ်သွားစေပါသတဲ့။ ဥပမာ သူကိုယ့်ကို ပြုံးလိုက်တဲ့ ပထမဆုံးအပြုံးက ကလေးတစ်ယောက်လို အပြစ်ကင်းနေတာ၊ သူ့မှာပါးချိုင့်လေးတွေ ရှိနေတာ စသဖြင့် သူ့ကိုမြင်မြင်ချင်းမှာပဲ ကိုယ့်အတွက် ရူးသွပ်သွားပြီလို့ ခံစားလိုက်ရတာမျိုးက မြင်မြင်ချင်း ချစ်တယ်ဆိုတာကို ဖြစ်လာစေတာပါ။

(၂) အပြုအမူ

ကိုယ်သူ့ကို မြင်လိုက်တဲ့အချိန်မှာ သူက တစ်ယောက်ယောက်ကို ကူညီပေးနေတာပဲဖြစ်ဖြစ်၊ လှုပ်ရှားမှုတစ်ခုခုလုပ်နေတာပဲဖြစ်ဖြစ် စတဲ့ အပြုအမူလေးတစ်ခုကြောင့်လည်း သင် သူ့ကို မြင်မြင်ချင်း ချစ်သွားစေပါသတဲ့။ သူလုပ်နေတဲ့အပြုအမူက သင့်အတွက် သဘောကျစရာဖြစ်နေပြီး အဲဒါကို အထင်ကြီးသွားပြီဆိုတာနဲ့ သင့်စိတ်ထဲမှာ မြင်မြင်ချင်းချစ်တယ်ဆိုတာကြီးက မွေးဖွားလာဖို့ အခွင့်အလမ်းတွေ များနေပါပြီ။

စာကြမ်းပိုးမိန်းကလေးများကို ချစ်သူအဖြစ် ရွေးချယ်သင့်သည် အချက်(၈)ချက်

(၃) သင့်ဦးနှောက်ထဲက အချက်ပေးသံ

တစ်ခါတလေကျရင် ကိုယ်မသိလိုက်ပဲ ကိုယ့်မသိစိတ်ထဲကနေ ဒီလူကတော့ ငါချစ်တဲ့သူပဲ လို့ ဆုံးဖြတ်မိသွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ကို၊ နေရာတစ်ခုမှာ အမှတ်မထင်မြင်လိုက်ရုံနဲ့ ဒီလူက ငါချစ်တဲ့သူပဲလို့ ထင်လိုက်မိတာမျိုး ဖြစ်သွားတယ်ဆိုရင် အဲဒါက သင့်ဦးနှောက်ကနေ သိမ်းဆည်းထားတဲ့အချက်တွေကို အခြေခံပြီး စုပေါင်းပေးလိုက်တာပါ။ သင်မြင်လိုက်ရတဲ့သူက သင်သဘောကျတဲ့ပုံစံမျိုးတွေရှိနေတယ်လို့ သင့်ဦးနှောက်က အချက်ပေးလိုက်တာပါပဲ။

ဒီတော့ ကောက်ချက်ချရမယ်ဆိုရင် မြင်မြင်ချင်းချစ်တဲ့အချစ်မျိုးဆိုတာ တကယ်ပဲရှိကြတယ် လို့ ပြောရမှာဖြစ်ပြီး ပိုပြီး နက်နက်ရှိုင်းရှိုင်းဖြစ်ဖို့ကတော့ အချိန်တစ်ခု ကို ဖြတ်သန်းရမှာပါ။

Linn

Zawgyi

လက္ေတြ႕က်တဲ့သူေတြကေတာ့ ျမင္ျမင္ခ်င္း ခ်စ္တယ္ ဆုိတဲ့ စကားကုိ မယုံၾကပါဘူး။ လူတစ္ေယာက္ကုိ ပထမဆုံးအႀကိမ္ ေတြ႕လုိက္ကတည္းက ခ်စ္တယ္လုိ႔ ထင္သြားမိတယ္ဆုိတာ ထင္ေယာင္ထင္မွား ျဖစ္မႈ သက္သက္ပဲလုိ႔ သူတုိ႔က လက္ခံထားၾကပါတယ္။

Insider မဂၢဇင္းရဲ႕ ေဆြးေႏြးမႈအရေတာ့ လူတစ္ေယာက္ကုိ ျမင္ျမင္ခ်င္းမွာပဲ နက္နက္ရိႈင္းရိႈင္း ခ်စ္မိသြားဖုိ႔ဆုိတာ မျဖစ္ႏုိင္ပါဘူးတဲ့။ ဒါေပမယ့္ သူ႕ရဲ႕ပုံရိပ္နဲ႔ လႈပ္ရွားမႈေတြ၊ သူ႕ရဲ႕စိတ္သေဘာထားေတြက ကုိယ့္မွတ္ဥာဏ္ထဲကုိ ကပ္ပါလာၿပီး အဲဒါေတြကုိ ျပန္ေတြးေနမိရာကေန အခ်စ္စိတ္ ေပါက္ဖြားလာႏုိင္တယ္လုိ႔ ေရးသားထားပါတယ္။

သိပၸံပညာရွင္ေတြကေတာ့ ျမင္ျမင္ခ်င္းခ်စ္တဲ့အခ်စ္မ်ိဳးဆုိတာ လူေတြမွာ တကယ္ရွိၾကတယ္လုိ႔ ဆုိၾကပါသတဲ့။ ဒါေပမယ့္ အဲဒါကုိ ပုိၿပီး နက္နက္ရိႈင္းရိႈင္းျဖစ္လာဖုိ႔အတြက္ေတာ့ အခ်ိန္တစ္ခု ယူရေသးတယ္လုိ႔ သူတုိ႔က ေကာက္ခ်က္ခ်ၾကပါတယ္။လူတစ္ေယာက္ကုိ ျမင္ျမင္ခ်င္း ခ်စ္သြားတဲ့သူေတြဆုိတာ ဒီအခ်က္ေတြကုိ အေျခခံၾကတယ္လုိ႔ Insider က ေဖာ္ျပပါတယ္။

ၿပီးျပည့္စံုတဲ့အခ်စ္ေရးကိုပိုင္ဆိုင္ဖို႔နားလည္ထားဖို႔လိုတဲ့အခ်စ္ရဲ႕ဘာသာစကား(၄)မ်ိဳး

(၁) သြင္ျပင္လကၡဏာ

ကုိယ္ျမင္လုိက္ရတဲ့သူရဲ႕ သြင္ျပင္လကၡဏာက ကုိယ့္အတြက္ အရမ္းအထင္ႀကီးစရာ၊ သေဘာက်စရာျဖစ္ေနတာ။ ဒါမွမဟုတ္ ကုိယ့္အတြက္ ဆြဲေဆာင္မႈတစ္ခုခုရွိေနတာ။ ႏွစ္လုိဖြယ္ေကာင္းတာ စတဲ့အခ်က္ေတြက ျမင္ျမင္ခ်င္း ခ်စ္မိတာမ်ိဳး ျဖစ္သြားေစပါသတဲ့။ ဥပမာ သူကုိယ့္ကုိ ၿပဳံးလုိက္တဲ့ ပထမဆုံးအၿပဳံးက ကေလးတစ္ေယာက္လုိ အျပစ္ကင္းေနတာ၊ သူ႕မွာပါးခ်ိဳင့္ေလးေတြ ရွိေနတာ စသျဖင့္ သူ႕ကုိျမင္ျမင္ခ်င္းမွာပဲ ကုိယ့္အတြက္ ရူးသြပ္သြားၿပီလုိ႔ ခံစားလုိက္ရတာမ်ိဳးက ျမင္ျမင္ခ်င္း ခ်စ္တယ္ဆုိတာကုိ ျဖစ္လာေစတာပါ။

(၂) အျပဳအမူ

ကုိယ္သူ႕ကုိ ျမင္လုိက္တဲ့အခ်ိန္မွာ သူက တစ္ေယာက္ေယာက္ကုိ ကူညီေပးေနတာပဲျဖစ္ျဖစ္၊ လႈပ္ရွားမႈတစ္ခုခုလုပ္ေနတာပဲျဖစ္ျဖစ္ စတဲ့ အျပဳအမူေလးတစ္ခုေၾကာင့္လည္း သင္ သူ႕ကုိ ျမင္ျမင္ခ်င္း ခ်စ္သြားေစပါသတဲ့။ သူလုပ္ေနတဲ့အျပဳအမူက သင့္အတြက္ သေဘာက်စရာျဖစ္ေနၿပီး အဲဒါကုိ အထင္ႀကီးသြားၿပီဆုိတာနဲ႔ သင့္စိတ္ထဲမွာ ျမင္ျမင္ခ်င္းခ်စ္တယ္ဆုိတာႀကီးက ေမြးဖြားလာဖုိ႔ အခြင့္အလမ္းေတြ မ်ားေနပါၿပီ။

စာၾကမ္းပုိးမိန္းကေလးမ်ားကုိ ခ်စ္သူအျဖစ္ ေရြးခ်ယ္သင့္သည္ အခ်က္(၈)ခ်က္

(၃) သင့္ဦးေႏွာက္ထဲက အခ်က္ေပးသံ

တစ္ခါတေလက်ရင္ ကုိယ္မသိလုိက္ပဲ ကုိယ့္မသိစိတ္ထဲကေန ဒီလူကေတာ့ ငါခ်စ္တဲ့သူပဲ လုိ႔ ဆုံးျဖတ္မိသြားတာမ်ိဳး ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ လူတစ္ေယာက္ကုိ၊ ေနရာတစ္ခုမွာ အမွတ္မထင္ျမင္လုိက္ရုံနဲ႔ ဒီလူက ငါခ်စ္တဲ့သူပဲလုိ႔ ထင္လုိက္မိတာမ်ိဳး ျဖစ္သြားတယ္ဆုိရင္ အဲဒါက သင့္ဦးေႏွာက္ကေန သိမ္းဆည္းထားတဲ့အခ်က္ေတြကုိ အေျခခံၿပီး စုေပါင္းေပးလုိက္တာပါ။ သင္ျမင္လုိက္ရတဲ့သူက သင္သေဘာက်တဲ့ပုံစံမ်ိဳးေတြရွိေနတယ္လုိ႔ သင့္ဦးေႏွာက္က အခ်က္ေပးလုိက္တာပါပဲ။

ဒီေတာ့ ေကာက္ခ်က္ခ်ရမယ္ဆုိရင္ ျမင္ျမင္ခ်င္းခ်စ္တဲ့အခ်စ္မ်ိဳးဆုိတာ တကယ္ပဲရွိၾကတယ္ လုိ႔ ေျပာရမွာျဖစ္ၿပီး ပုိၿပီး နက္နက္ရိႈင္းရိႈင္းျဖစ္ဖုိ႔ကေတာ့ အခ်ိန္တစ္ခု ကုိ ျဖတ္သန္းရမွာပါ။

Linn

Be the first to comment

Leave a Reply

Your email address will not be published.


*