နွားလို ့အ​ခေါ်ခံခဲ့ရတာ ထိုက်​တန်​ခဲ့ပါပြီ…
နွားလို ့အ​ခေါ်ခံခဲ့ရတာ ထိုက်​တန်​ခဲ့ပါပြီ
ကိုယ်​နဲ ့ရ​တဲ့ ဗိုက်​​တောင်​ တာဝန်​မယူဘဲ ပစ်​ခွာကြချိန်​မှာ အ​ဖေနာမည်​ခံ ​မွေး​ပေးလို ့ကွယ်​ရာမှာ ​ခေါ်ကြတဲ့အမည်​က နွား တဲ့
လုပ်​ချင်​တဲ့သူက လုပ်​ – ဗိုက်​ကြီးရင်​ မပူနဲ ့ ဖိုး​ဇော်​ ​မွေး​ပေး လိမ်​့မယ်​တဲ့ -….ပေါ်တင်​ကို​ရှေ ့မှာ ​လှောင်​​ပြောင်​ပြီး​တော့ကို ​ပြောခဲ့ကြတာ
( ခု အဲ့ဗိုက်​​ကြီးသည်​​တွေက ​မွေး​သောက​လေး​တွေ လူလား​မြောက်​ ခဲ့ကြပြီ ရှင်​သန်​ ခဲ့ကြပြီ )
မ​မွေးချင်​လို ့​တောင်​ ပစ်​ကြတဲ့ က​လေး​တွေကို လိုက်​​ကောက်​ပြန်​​တော့ ဝဋ်​​ကြွေးကြီးသူတဲ့……သူ ့များအပူ လိုက်​ယူ​နေသူ တဲ့။
ဝန်​ထမ်​းဝတ်​စုံနဲ ့မိန်​းမ​တွေက မကြားတကြား ​လှောင်​​ပြောင်​တာ ခံခဲ့ရတယ်​ – ( ခု အဲ့က​လေး​တွေ မူကြိုတက်​​နေကြပြီ – သူတို ့အတွက်​ ပညာသင်​ဆုတွေ ကမ်​းလှမ်​းလာကြပြီ )
လင်​နဲ ့တည်​့ချိန်​မှာ ကုတင်​​ပေါ်​သောင်​းကျန်​းခဲ့သူက လင်​နဲ ့လဲ မတည်​့​ရော က​လေးကိုနိူ ့​တောင်​ လှန်​မတိုက်​ခဲ့ဘူး။
​ယောကျ်​ား​တွေ​စောက်​ကျင်​့ မ​ကောင်​းဘူးလို ့​ပြောပြီး က​လေးကျ​တော့ ကျွန်​​တော်​့ကို အပြီး​ပေးသွားခဲ့တယ်။
( ခု အဲ့က​လေး​တွေကြီးလာရင်​ ​နောက်​ထပ်​မိဘမဲ့ဘဝ​တွေကို ထပ်​ မဖန်​တီးဖို ့သွန်​သင်​ရပါအုံးမယ်​ )
ခု ပုံပါ အမျိုးသမီးဟာ ကိုယ်​ဝန်​စရှိချိန်​အားလုံးရဲ ့ပစ်​ပါယ်​မှု ခံခဲ့ရတယ်​ – ​နေစရာမရှိဘူး – ဆင်​းရဲဒုက္ခမျိုးစုံ ရင်​ဆိုင်​ရချိန်​မှာသူ ့ကို ကူမယ်​့လူ မရှိဘူး။
က​လေး​မွေးပြီးလို ့သူ ့​နေထိုင်​ရာလမ်​းကို လိုက်​ပို ့ချိန်​မှာ ကူမယ်​့လူမရှိဘူး – ကျွန်​​တော်​ကြားညှပ်​ခဲ့တယ်။
က​လေးကို ချီ​ပွေ ့ရင်​း လမ်​းမထက်​ ညနက်​ခဲ့တယ်​ – မျက်​ရည်​​တွေကြားက အားကိုးပြီးကြည်​့​နေခဲ့တဲ့ သူတို ့သားအမိမျက်​နှာကိုခုချိန်​ထိ မြင်​​ယောင်​​နေတုန်​းပါ။
ခု​တော့ က​လေးငယ်​​လေး လမ်​း​လျှောက်​​နေပြီ – ဒီရက်​ထဲ လာကန်​​တော့ချင်​လို ့ဖုန်​းဆက်​ကြသူ​တွေကို ငြင်​းခဲ့ပါတယ်။
ဒီသားအမိကို​လဲငြင်​းပါတယ်​ – ခုက သူ ့ဘာသာ မရမကရောက်​လာတာပါ – ပုဆိုး – မုန်​ ့နဲ ့အချိုရည်​လာကန်​​တော့တယ်။
( အဲ့ဒါ ဒီသားအမိအတွက်​အရမ်​းကို များလွန်​းတဲ့ တန်​ဖိုးပါ ) က​လေးအတွက်​ လက်​​ဆောင်​​တွေ​မေတ္တာနဲ ့ပြန်​​ပေးလိုက်​ပါတယ်။
ကျွန်​​တော်​ သူများ ကိစ္စ​တွေ ဝင်​မပါပါဘူး…..အချစ်​​ရေး အိမ်​​ထောင်​​ရေး​တွေ နဲ ့အသဲကွဲလို ့လဲ မပြီးနိူင်​တဲ့။
ကျွန်​​တော်​​နေထိုင်​ရာ ပတ်​ဝန်​းကျင်​မှာ လူအများစုဟာ က​လေးကို တန်​ဖိုးထား ပြုစုပျိူ း​ထောင်​ဖို ့မေ့​လျော့​နေကြတယ်။
သက်​ငယ်​မုဒိမ်​း​တွေ-က​လေးစွန်​ ့ပစ်​မှု​တွေနဲ ့ဘာခိုးရမလဲ ဘယ်လိုကလိန်ကျရမလဲ​​ဆိုတဲ့လူ​တွေများလာပြီး မျိုးရိုးဗီဇ နိမ်​့ကျလာ​နေတယ်။
အပင်​ကို ပျိုး​ထောင်​သလိုရိုးတွင်​းချဉ်​ဆီထဲက စိတ်​ဓာတ်​​ကောင်​း​သော မျိုးရိုးဗီဇ​တွေ များလာဖို ့က က​လေး​တွေကို သေချာပျိုး​ထောင်​မှ ဖြစ်​လာမှာပါ။
အဲ့ဒါ​လေး ကျွန်​​တော်​ အဓိကထားလုပ်​​ဆောင်​တာပါ….ဒီ​နေ ့​တော့ ဝမ်​းသာမျက်​ရည်​လည်​ရတယ်​…..သူများအရှုပ်​ထုပ်​ ​ခေါင်​း​ပေါ်တင်​ခဲ့ခြင်​းကိုလဲဂုဏ်​ယူမိလိုက်​တယ်​….
ဘဝများစွာ မိသားစုများစွာ ငြိမ်​းချမ်​းသာယာ ရှိကြပါ​စေ ခင်​ဗျာ…..။Phoe Zaw
Zawgyi
လင်​နဲ့ တည့်​ချိန်​မှာ ကုတင်​​ပေါ်​သောင်းကျန်းခဲ့သူက လင်​နဲ့ လဲ မတည့်​​ရော က​လေးကိုနို့ ​တောင်​ လှန်​မတိုက်​ခဲ့ဘူး။
ယောက်ျား​တွေ​စောက်​ကျင့်​ မ​ကောင်းဘူးလို့ ​ပြောပြီး က​လေးကျ​တော့ ကျွန်​​တော့်​ကို အပြီး​ပေးသွားခဲ့တယ်။
ကျွန်​​တော်​ သူများ ကိစ္စ​တွေ ဝင်​မပါပါဘူး…..အချစ်​​ရေး အိမ်​​ထောင်​​ရေး​တွေ နဲ့ အသဲကွဲလို့ လဲ မပြီးနိုင်​တဲ့။
ကျွန်​​တော်​​နေထိုင်​ရာ ပတ်​ဝန်းကျင်​မှာ လူအများစုဟာ က​လေးကို တန်​ဖိုးထား ပြုစုပျိုး​ထောင်​ဖို့ မေ့​လျော့​နေကြတယ်။