အကြွေးလေးနဲ့ ထိုင်းသွားမိပါတယ် ရုပ်အလောင်းအဖြစ်နဲ့ ပြန်လာခဲ့ရတဲ့ မြန်မာလုပ်သားတစ်ဦးရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်

ထိုင်းရောက်တာ (1)နှစ်မပြည့်သေးဘူးတဲ့ ကျန်ရစ်သူဇနီးကပြောတယ်။ အခုလမှ တက်လာရတဲ့ ကုန်ကျစရိတ်လေးခုမိတုံး အမျိုးသားကသေဆုံးသွားတော့ ကျွန်မတို့မိသားစု ဘယ်လိုရပ်တည်ရမလဲ?

ကျောင်းသားတွေလဲ ပညာရေးက မပြီးဆုံးသေးဘူး။ အခု စာမေးပွဲအချိန်ဆိုတော့ ကလေးတွေ အသိမပေးရသေးဘူး။ လုပ်ငန်းခွင်ထဲမှာ သတိကြီးကြီးနဲ့ လုပ်ကြပါ။

လမ်းဘေးမှာ လုပ်နေရတာ အချိန်ရှိသလောက် ဝဏ္ဏတွေ ဖိုမင်တွေကြောက်ရ ထိုင်းစကားနားမလည်တာက တစ်ပိုင်း အလုပ်ပြီးလို့ အခန်း ပြန်ရောက်မှစိတ်အေးရတယ်။

အရမ်းအန္တာရာယ်များတယ်။ အတူတူလုပ်နေကြတဲ့ အလုပ်သမားတွေ ကျွန်မတို့မိသားစုဘဝမျိုး မဖြစ်ရအောင် ဆုတောင်းပေးနေမယ်။ ဖြစ်နိုင်ရင် လမ်းတံတားအလုပ်တွေမှာ မလုပ်ကြပါနဲ့ အခုလိုဖြစ်သွားတော့ ဘာတခုမှ ယူသွားမရဘူး။ ကိုယ့်မိသားစုတွေနဲ့ ပျော်ပျော်ပါးပါးနေခွင့်မရခဲ့ဘူး။

ကိုယ့်နိုင်ငံမှာ အလုပ်အကိုင်မရှိလို့ MoU နဲ့လာလုပ်ရင် ရွာမှာနဲ့သာမယ်ဆိုတဲ့ အသိတခုကြောင့် လာခဲ့ပေမဲ့ လာတုံးကနှစ်ယောက်ပြန်တော့ ကျွန်မတယောက်ထဲပြန်ရတော့မယ် ဝမ်းနည်းမိတယ်။ ကျွန်မလိုအခြားလုပ်သားတွေ မဖြစ်ပါစေနဲ့

ကိုယ်ရွာကိုယ်ပြန်စေချင်တယ်။ ကံကုန်လို့သေရင်လဲ ကိုယ့်ရွာကိုယ့်ဒေသဆိုတော့ မိသားစုတွေနဲ့ ဖြေလို့ရသေးတယ်။ အခုတော့ သူစကားလဲကိုယ်မသိ ကိုယ့်စကားသူနားမလည်တော့ အခက်အခဲတွေ စိတ်မကောင်းစရာတွေအများကြီးပေါ့လို့ သေဆုံးသူရဲ့ဇနီးက ပြောတဲ့အသံလေး ကိုးကားရေးတင်ပေးလိုက်ပါတယ်။

AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ခိုင်ကြီး

Zawgyi

ဘ၀ေတြခါးလို႔ အေႂကြးေလးနဲ႔ ထိုင္းသြားမိပါတယ္ အေႂကြးမေၾကပဲ ႐ုပ္အေလာင္းသာ ျပန္လာတဲ့ ျမန္မာလုပ္သားရဲ႕ ဇနီးေျပာျပတဲ့ ဘ၀ဆိုး

ထိုင္းေရာက္တာ (1)ႏွစ္မျပည့္ေသးဘူးတဲ့ က်န္ရစ္သူဇနီးကေျပာတယ္။ အခုလမွ တက္လာရတဲ့ ကုန္က်စရိတ္ေလးခုမိတုံး အမ်ိဳးသားကေသဆုံးသြားေတာ့ ကြၽန္မတို႔မိသားစု ဘယ္လိုရပ္တည္ရမလဲ?

ေက်ာင္းသားေတြလဲ ပညာ​ေရးက မၿပီးဆုံးေသးဘူး။ အခု စာေမးပြဲအခ်ိန္ဆိုေတာ့ ကေလးေတြ အသိမေပးရေသးဘူး။ လုပ္ငန္းခြင္ထဲမွာ သတိႀကီးႀကီးနဲ႔ လုပ္ၾကပါ။

လမ္းေဘးမွာ လုပ္ေနရတာ အခ်ိန္ရွိသေလာက္ ဝဏၰေတြ ဖိုမင္ေတြေၾကာက္ရ ထိုင္းစကားနားမလည္တာက တစ္ပိုင္း အလုပ္ၿပီးလို႔ အခန္း ျပန္ေရာက္မွစိတ္ေအးရတယ္။

အရမ္းအႏၲာရာယ္မ်ားတယ္။ အတူတူလုပ္ေနၾကတဲ့ အလုပ္သမားေတြ ကြၽန္မတို႔မိသားစုဘဝမ်ိဳး မျဖစ္ရေအာင္ ဆုေတာင္း​ေပးေနမယ္။ ျဖစ္ႏိုင္ရင္ လမ္းတံတားအလုပ္ေတြမွာ မလုပ္ၾကပါနဲ႔ အခုလိုျဖစ္သြားေတာ့ ဘာတခုမွ ယူသြားမရဘူး။ ကိုယ့္မိသားစုေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေနခြင့္မရခဲ့ဘူး။

ကိုယ့္ႏိုင္ငံမွာ အလုပ္အကိုင္မရွိလို႔ MoU နဲ႔လာလုပ္ရင္ ႐ြာမွာနဲ႔သာမယ္ဆိုတဲ့ အသိတခုေၾကာင့္ လာခဲ့ေပမဲ့ လာတုံးကႏွစ္ေယာက္ျပန္ေတာ့ ကြၽန္မတေယာက္ထဲျပန္ရေတာ့မယ္ ဝမ္းနည္းမိတယ္။ ကြၽန္မလိုအျခားလုပ္သားေတြ မျဖစ္ပါေစနဲ႔

ကိုယ္႐ြာကိုယ္ျပန္ေစခ်င္တယ္။ ကံကုန္လို႔ေသရင္လဲ ကိုယ့္႐ြာကိုယ့္ေဒသဆိုေတာ့ မိသားစုေတြနဲ႔ ေျဖလို႔ရေသးတယ္။ အခုေတာ့ သူစကားလဲကိုယ္မသိ ကိုယ့္စကားသူနားမလည္ေတာ့ အခက္အခဲေတြ စိတ္မေကာင္းစရာေတြအမ်ားႀကီးေပါ့လို႔ ေသဆုံးသူရဲ႕ဇနီးက ေျပာတဲ့အသံေလး ကိုးကားေရးတင္ေပးလိုက္ပါတယ္။

AAC မဟာမိတ္အဖြဲ႕ ဒါ႐ိုက္တာ ခိုင္ႀကီး