အမိန့်ညွှန်ကြားချက်ထုတ်ပြီးရင်လည်း ထိရောက်တဲ့အရေးယူမှုရှိမှသာ အဓိပ္ပါယ်ရှိပါလိမ့်မယ်
unicode
ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ ပိုးတွေလူနာ ၁ဝယောက်လောက်တုန်းက လမ်းပေါ်မှာလူမရှိပဲ
တိတ်ဆိတ်လိုက်နာနေကြပေမယ့် အခုလို ပိုးတွေ့ လူနာ ၁၆၅ ယောက်မှာတော့ လူတွေ၊ကားတွေအပြည့်ပြန်ဖြစ်နေကြပါပြီ။
လူ ၅ဦးထက်ပိုမစုရလို့ အမိန့်ထုတ်ခဲ့ပေမယ့် တချို့သော စားသောက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ မှာ ပါဆယ်ရောင်းနေရာကနေ သွေးတိုးစမ်းပြီး ဆိုင်ထိုင်နေကြပါပြီ။ စျေးတွေ၊ စင်တာတွေမှာ လည်း လူ ၅ဦးမက စုစုဝေးဝေးရှိနေကြပါပြီ။
ရပ်ကွက်ထဲက လော်စပီကာနဲ့ ကျန်းမာရေးအသိပေး ကြေညာချက်အသံတွေလည်း မကြားရတာအတော်ကြာလာပါပြီ။
အခုအခြေအနေမျိုးမှာ ပညာပေး၊အသိပေးတဲ့ ကာလမဟုတ်တော့ပါဘူး၊ ထုတ်ပြန်ထားတဲ့ အမိန့် ညွှန်ကြားချက်များနဲ့အညီ တိတိကျကျ၊ထိထိရောက်ရောက် အရေးယူထိမ်းသိမ်းနိုင်ဖို့လိုအပ်နေပြီဖြစ်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ပါတယ်။
မြန်မာပြည်ကြီး ကိုဗစ်ကပ်ရောဂါဆိုးမှ ကျော်ဖြတ်အောင်မြင်နိုင်ပါစေ။
Ref-Kyaw Swar Myint #Myanmar_Online_News