တစိမ့်စိမ့် ကြက်သီးထားသွား ချင်ရင် ဒီပို့လေးကို ၃ မိနစ်လောက် အချိန်ပေးလိုက်ပါ

အချိန်၃ မိနစ်လောက် ပေးပြီး ဖတ်ကြည့်ပါ

အိုမင်းမစွမ်း ဖြစ်နေတဲ့ အဖေကို သားဖြစ်သူက စားသောက်ဆိုင်တစ်ခုကို ခေါ်သွားတယ်။

အဖေဖြစ်သူဟာ အိုမင်းမစွမ်း ဖြစ်နေတာကြောင့် စားသောက်တဲ့အခါ အစားအစာတွေဟာဘေးကိုဖိတ်စင်ကုန်တယ်။

အဖေရဲ့ ဘောင်းဘီနဲ့ အင်္ကျီတွေပေါ်မှာလဲပေကျံလို့နေခဲ့ပါတယ်။ တခြားဝိုင်းက လူတွေဟာ အဖေဖြစ်သူကို ရွံရှာတဲ့အမြင်နဲ့ကြည့်လို့နေပေမယ့် သားဖြစ်သူကတော့ အေးအေးဆေးဆေးပါပဲ။

အဖေ စားလို့သောက်လို့ အပြီးမှာတော့ သူ့အဖေ ခုလို ဖြစ်နေတာကို လုံးဝမရှက်မိတဲ့ သားဟာ ထိုင်ခုံကထလို့ အဖေ့ကို တွဲကာ သန့်စင်ခန်းခေါ်သွားပါတယ်။

သန့်စင်ခန်းထဲမှာ ပေကျံနေတာတွေကို သေချာသုတ်တယ်။ အင်္ကျီကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်တည့်ပေးတယ်။ ဆံပင်ကို ညီနေအောင် သေချာဂရုစိုက်လို့ ဖြီးပေးတယ်။ မျက်မှန်ကို သုတ်ပြီး တည့်တည့်ဖြစ်အောင် ပြန်တပ်ပေးတယ်။

သူတို့ ၂ ယောက် သန့်စင်ခန်းထဲက ပြန်ထွက်လာတဲ့အခါမှာတော့ စားသောက်ဆိုင် တစ်ခုလုံးက လူတွေဟာပြောမပြတတ်အောင် သူတို့ကိုယ် သူတို့ အကြီးအကျယ် ရှက်မိလို့ ငြိမ်သက်နေခဲ့တယ်။

သားဖြစ်သူဟာ ကျသင့်ငွေကို ရှင်းပြီးပြန်ဖို့ အတွက် သူ့အဖေကို လှမ်းတွဲလိုက်တဲ့အချိန်မှာဘေးဝိုင်းက အဘိုးအို တစ်ယောက်ဟာ သားဖြစ်သူကို လှမ်းအော်ပြောလိုက်ပါတယ်။

“သားရေ… တစ်ခုခုများကျန်ခဲ့တယ်လို့ မထင်ဘူးလားကွယ့်။””မကျန်ခဲ့ပါဘူးခင်ဗျ။” လို့ သားဖြစ်သူ လူငယ်က ဖြေတယ်။

အဘိုးအိုက “ကျန်ခဲ့တာပေါ့ကွယ်။ ဒီ စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ သားတိုင်းအတွက် သင်ခန်းစာကျန်ခဲ့သလို အဖေတိုင်းအတွက် မျှော်လင့်ချက်တွေ တပုံကြီးကို ကျန်ခဲ့ပါတယ်ကွယ်။”

စားသောက်ဆိုင်တစ်ခုလုံးဟာစောစောကထက်ကို ပိုငြိမ်သက်သွားခဲ့တယ်။

သင်ခန်းစာ – တချိန်က ကိုယ့်ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အဖေနဲ့အမေသူတို့ မသန်မစွမ်းနိုင်တော့တဲ့အခါပြန်လည် ပြုစုပျိုးထောင်ပေးရခြင်းဟာ ဘယ်တော့မှ အပိုအလုပ်မဟုတ်သလို နိမ့်ကျစရာ အလုပ် တစ်ခု မဟုတ်ပါဘူး။ အလွန် မြင့်မြတ်တဲ့ အလုပ်တခုပါ။

ကိုယ့်မိဘဟာ ကိုယ့်ကို ဘယ်လိုစိတ်နဲ့ ဘယ်အထိ ပြုစုခဲ့သလဲဆိုတာကို ကျွန်တော်တို့တွေ အသိဆုံးပါ။

မွေးစတုန်းကဆိုရင် အနှီးကအစ လဲပေးခဲ့သူတွေချည်းပါပဲ။ ဒါလေးတွေကို ကျေးဇူးတင်ပါ။ သိတတ်ပါ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရသလောက် ကျေးဇူးဆပ်သွားနိုင် ကြပါစေ။

အမိအဖကို သိတတ်တဲ့ သားကောင်းသမီးမြတ်တွေ ဖြစ်ကြပါစေ။ #Original Owner

Zawgyi

အခ်ိန္၃ မိနစ္ေလာက္ ေပးၿပီး ဖတ္ၾကည့္ပါ

အိုမင္းမစြမ္း ျဖစ္ေနတဲ႔ အေဖကို သားျဖစ္သူက စားေသာက္ဆိုင္တစ္ခုကို ေခၚသြားတယ္။

အေဖျဖစ္သူဟာ အိုမင္းမစြမ္း ျဖစ္ေနတာေၾကာင္႔ စားေသာက္တဲ႔အခါ အစားအစာေတြဟာေဘးကိုဖိတ္စင္ကုန္တယ္။

အေဖရဲ႕ ေဘာင္းဘီနဲ႔ အကႌ်ေတြေပၚမွာလဲေပက်ံလို႔ေနခဲ႔ပါတယ္။ တျခားဝိုင္းက လူေတြဟာ အေဖျဖစ္သူကို ရြံရွာတဲ႔အျမင္နဲ႔ၾကည့္လို႔ေနေပမယ္႔ သားျဖစ္သူကေတာ႔ ေအးေအးေဆးေဆးပါပဲ။

အေဖ စားလို႔ေသာက္လို႔ အၿပီးမွာေတာ႔ သူ႕အေဖ ခုလို ျဖစ္ေနတာကို လံုးဝမရွက္မိတဲ႔ သားဟာ ထိုင္ခံုကထလို႔ အေဖ႔ကို တြဲကာ သန္႔စင္ခန္းေခၚသြားပါတယ္။

သန္႔စင္ခန္းထဲမွာ ေပက်ံေနတာေတြကို ေသခ်ာသုတ္တယ္။ အကႌ်ကို သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ ျပန္တည့္ေပးတယ္။ ဆံပင္ကို ညီေနေအာင္ ေသခ်ာဂ႐ုစိုက္လို႔ ၿဖီးေပးတယ္။ မ်က္မွန္ကို သုတ္ၿပီး တည့္တည့္ျဖစ္ေအာင္ ျပန္တပ္ေပးတယ္။

သူတို႔ ၂ ေယာက္ သန္႔စင္ခန္းထဲက ျပန္ထြက္လာတဲ႔အခါမွာေတာ႔ စားေသာက္ဆိုင္ တစ္ခုလံုးက လူေတြဟာေျပာမျပတတ္ေအာင္ သူတို႔ကိုယ္ သူတို႔ အႀကီးအက်ယ္ ရွက္မိလို႔ ၿငိမ္သက္ေနခဲ႔တယ္။

သားျဖစ္သူဟာ က်သင္႔ေငြကို ရွင္းၿပီးျပန္ဖို႔ အတြက္ သူ႕အေဖကို လွမ္းတြဲလိုက္တဲ႔အခ်ိန္မွာေဘးဝိုင္းက အဘိုးအို တစ္ေယာက္ဟာ သားျဖစ္သူကို လွမ္းေအာ္ေျပာလိုက္ပါတယ္။

“သားေရ… တစ္ခုခုမ်ားက်န္ခဲ႔တယ္လို႔ မထင္ဘူးလားကြယ္႔။””မက်န္ခဲ႔ပါဘူးခင္ဗ်။” လို႔ သားျဖစ္သူ လူငယ္က ေျဖတယ္။

အဘိုးအိုက “က်န္ခဲ႔တာေပါ႔ကြယ္။ ဒီ စားေသာက္ဆိုင္ထဲမွာ ရွိေနတဲ႔ သားတိုင္းအတြက္ သင္ခန္းစာက်န္ခဲ႔သလို အေဖတိုင္းအတြက္ ေမွ်ာ္လင္႔ခ်က္ေတြ တပံုႀကီးကို က်န္ခဲ႔ပါတယ္ကြယ္။”

စားေသာက္ဆိုင္တစ္ခုလံုးဟာေစာေစာကထက္ကို ပိုၿငိမ္သက္သြားခဲ႔တယ္။

သင္ခန္းစာ – တခ်ိန္က ကိုယ္႔ကိုျပဳစုပ်ိဳးေထာင္ေပးခဲ႔တ့ဲ အေဖနဲ႔အေမသူတို႔ မသန္မစြမ္းႏိုင္ေတာ႔တဲ႔အခါျပန္လည္ ျပဳစုပ်ိဳးေထာင္ေပးရျခင္းဟာ ဘယ္ေတာ႔မွ အပိုအလုပ္မဟုတ္သလို နိမ္႔က်စရာ အလုပ္ တစ္ခု မဟုတ္ပါဘူး။ အလြန္ ျမင့္ျမတ္တ့ဲ အလုပ္တခုပါ။

ကိုယ္႔မိဘဟာ ကိုယ္႔ကို ဘယ္လိုစိတ္နဲ႔ ဘယ္အထိ ျပဳစုခဲ႔သလဲဆိုတာကို ကၽြန္ေတာ္တို႔ေတြ အသိဆံုးပါ။

ေမြးစတုန္းကဆိုရင္ အႏွီးကအစ လဲေပးခဲ႔သူေတြခ်ည္းပါပဲ။ ဒါေလးေတြကို ေက်းဇူးတင္ပါ။ သိတတ္ပါ။ မျဖစ္ျဖစ္တဲ႔နည္းနဲ႔ ရသေလာက္ ေက်းဇူးဆပ္သြားႏိုင္ ၾကပါေစ။

အမိအဖကို သိတတ္တ့ဲ သားေကာင္းသမီးျမတ္ေတြ ျဖစ္ၾကပါေစ။ #Original Owner