မိန္းကေလးတုိင္းသိထားသင္႔တဲ႔စိုးရိမ္စရာ ရာသီေသြးလကၡဏာ…

မိန္းကေလးရယ္လုိ႕ျဖစ္လာရင္ေတာ႔အသက္ျကီးလုိ႕ေသြးမဆံုးခင္အထိ လစဥ္ ေသြးဆင္းျခင္းကို ျကံဳရမွာ ဓမၼတာပါပဲ(ကိုယ္၀န္ေဆာင္ခ်ိန္က လြဲရင္ေပါ႔) ။ ဒီလိုပံုမွန္ရာသီေသြးဆင္းတာကမဆန္းပင္မဲ႔တစ္ခ်ိဳ႕ေတြကေတာ႔ ပံုမွန္မဟုတ္တဲ႔ စိုးရိမ္စရာ ဓမၼတာလာျခင္းေတြကိုျကံုေတြ႕ရတတ္ပါတယ္။ ဘယ္လုိအေျခေနေတြက ပံုမွန္မဟုတ္တဲ႔စိုးရိမ္စရာ ရာသီလာျခင္းေတြလည္းဆုိတာ ပ်ိဳေမတုိ႕သိေစဖို႕ အနည္းငယ္ေ၀မ်ွလုိက္ပါတယ္…

(၁) ပံုမွန္မလာတဲ႔ရာသီေသြး

တစ္လတစ္ခါပံုမွန္လာရမယ္ဆိုတာ ဓမၼတာပါပဲ။ ဒီလုိမွမဟုတ္ပဲ သင္႔ရဲ႕ ဓမၼတာဟာ နွစ္လမွတစ္ခါေလာက္လာတာမ်ိဳး သံုးလတစ္ျကိမ္ေလာက္မွတစ္ခါဆင္းတာမ်ိဳး၊ ပံုမွန္လတုိင္းလာေနပင္မဲ႔လည္းတစ္ရက္တည္းနဲ႕တင္ ျပီးသြားတာမ်ိဳးဆုိရင္ေတာ႔ သင္႔ရဲ႕သားအိမ္ကို စစ္ေဆးျကည္႔ဖို႕ေတာ႔လိုပါျပီ။ ခ်က္ခ်င္းျကီးစိုးရိမ္ဖြယ္ရွိတဲ႔အေျခေနမ်ိဳးမဟုတ္ပင္မဲ႔ သိပ္ေကာင္းတဲ႔လကၡဏာေတာ႔မဟုတ္ပါဘူး။

(၂) အေရာင္ညိဳမဲညစ္ေနေသာရာသီေသြး

ရာသီေသြးဟာ ပံုမွန္ေသြးအေရာင္မ်ိဳးမဟုတ္ပဲ ညိဳညစ္တဲ႔ဘက္ကိုသြားေနျပီဆုိရင္ေတာ႔ သတိထားသင္႔ပါတယ္။ သင္႔ရဲ႕ရာသီေသြးမွာ ပန္းဆီေရာင္(သို႕) အနီေရာင္ဘက္ကိုသြားေနမွသာ ပံုမွန္ျဖစ္ျပီး အညိဳကေတာ႔ ေသြးပုပ္ေသြးညစ္လို႕ယူဆလုိ႕ရျပီးသင္႔ရဲ႕သားအိမ္ထဲမွာ ေရာဂါတစ္ခုခုျဖစ္ေနတာမ်ိဳးလည္းျဖစ္နုိင္ပါတယ္။ တစ္ခါတစ္ေလေတာ႔ ဂရုစိုက္စရာမလိုပင္မဲ႔ အျမဲတမ္းညိဳညစ္ညစ္ေတြပဲဆင္းေနရင္ေတာ႔သတိထားတာအေကာင္းဆံုးပါပဲ။

(၃) ရာသီလာခ်ိန္မွာေခါင္းမူးျပီး ေသြးအားနည္းတဲ႔အေျခအေန

ရာသီလာခ်ိန္မွာေခါင္းမူးျပီး ေသြးေပါင္က်တာမ်ိဳး၊ ေသြးအရမ္းဆင္းျပီး ေသြးအားနည္းတာမ်ိဳး ၊ အျမဲျဖစ္ေနရင္ေတာ႔နီးစပ္ရာဆရာ၀န္နဲ႕ညိွနိႈင္းေဆြးေႏြးျပီး ပံုမွန္ေသြးအားတိုးေဆးတစ္ခုခုကိုစြဲေသာက္ေပးဖုိ႕လိုေနပါျပီ ဒီလိုမွမဟုတ္ရင္ေတာ႔ျကာရင္ ေသြးအားနည္းျခင္းနဲ႕ပတ္သတ္တဲ႔ေရာဂါဆိုးေတြ၀င္လာနုိင္ဖြယ္ရွိပါတယ္။

(၄) အတံုးအခဲလုိက္လိုက္ မတရားဆင္းေသာအေျခအေန

တစ္ခ်ိဳ႕ေတြကေသြးအားေကာင္းလြန္းလို႕တစ္ခါတစ္ေလ အတံုးအခဲဆင္းတာကိုလက္ခံနုိင္ပင္မဲ႔ရာသီလာတုိင္းဒလေဟာျကီးအတံုးလုိက္အခဲလုိက္ဆင္းတတ္တဲ႔သူျဖစ္ေနရင္ေတာ႔ေသခ်ာစစ္ေဆးဖို႕လုိပါျပီ။

Unicode

မိန်းကလေးရယ်လို့ဖြစ်လာရင်တော့အသက်ကြီးလို့သွေးမဆုံးခင်အထိ လစဉ် သွေးဆင်းခြင်းကို ကြုံရမှာ ဓမ္မတာပါပဲ(ကိုယ်ဝန်ဆောင်ချိန်က လွဲရင်ပေါ့) ။ ဒီလိုပုံမှန်ရာသီသွေးဆင်းတာကမဆန်းပင်မဲ့တစ်ချို့တွေကတော့ ပုံမှန်မဟုတ်တဲ့ စိုးရိမ်စရာ ဓမ္မတာလာခြင်းတွေကိုကြုံတွေ့ရတတ်ပါတယ်။ ဘယ်လိုအခြေနေတွေက ပုံမှန်မဟုတ်တဲ့စိုးရိမ်စရာ ရာသီလာခြင်းတွေလည်းဆိုတာ ပျိုမေတို့သိစေဖို့ အနည်းငယ်ဝေမျှလိုက်ပါတယ်…

(၁) ပုံမှန်မလာတဲ့ရာသီသွေး

တစ်လတစ်ခါပုံမှန်လာရမယ်ဆိုတာ ဓမ္မတာပါပဲ။ ဒီလိုမှမဟုတ်ပဲ သင့်ရဲ့ ဓမ္မတာဟာ နှစ်လမှတစ်ခါလောက်လာတာမျိုး သုံးလတစ်ကြိမ်လောက်မှတစ်ခါဆင်းတာမျိုး၊ ပုံမှန်လတိုင်းလာနေပင်မဲ့လည်းတစ်ရက်တည်းနဲ့တင် ပြီးသွားတာမျိုးဆိုရင်တော့ သင့်ရဲ့သားအိမ်ကို စစ်ဆေးကြည့်ဖို့တော့လိုပါပြီ။ ချက်ချင်းကြီးစိုးရိမ်ဖွယ်ရှိတဲ့အခြေနေမျိုးမဟုတ်ပင်မဲ့ သိပ်ကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။

(၂) အရောင်ညိုမဲညစ်နေသောရာသီသွေး

ရာသီသွေးဟာ ပုံမှန်သွေးအရောင်မျိုးမဟုတ်ပဲ ညိုညစ်တဲ့ဘက်ကိုသွားနေပြီဆိုရင်တော့ သတိထားသင့်ပါတယ်။ သင့်ရဲ့ရာသီသွေးမှာ ပန်းဆီရောင်(သို့) အနီရောင်ဘက်ကိုသွားနေမှသာ ပုံမှန်ဖြစ်ပြီး အညိုကတော့ သွေးပုပ်သွေးညစ်လို့ယူဆလို့ရပြီးသင့်ရဲ့သားအိမ်ထဲမှာ ရောဂါတစ်ခုခုဖြစ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေတော့ ဂရုစိုက်စရာမလိုပင်မဲ့ အမြဲတမ်းညိုညစ်ညစ်တွေပဲဆင်းနေရင်တော့သတိထားတာအကောင်းဆုံးပါပဲ။

(၃) ရာသီလာချိန်မှာခေါင်းမူးပြီး သွေးအားနည်းတဲ့အခြေအနေ

ရာသီလာချိန်မှာခေါင်းမူးပြီး သွေးပေါင်ကျတာမျိုး၊ သွေးအရမ်းဆင်းပြီး သွေးအားနည်းတာမျိုး ၊ အမြဲဖြစ်နေရင်တော့နီးစပ်ရာဆရာဝန်နဲ့ညှိနှိုင်းဆွေးနွေးပြီး ပုံမှန်သွေးအားတိုးဆေးတစ်ခုခုကိုစွဲသောက်ပေးဖို့လိုနေပါပြီ ဒီလိုမှမဟုတ်ရင်တော့ကြာရင် သွေးအားနည်းခြင်းနဲ့ပတ်သတ်တဲ့ရောဂါဆိုးတွေဝင်လာနိုင်ဖွယ်ရှိပါတယ်။

(၄) အတုံးအခဲလိုက်လိုက် မတရားဆင်းသောအခြေအနေ

တစ်ချို့တွေကသွေးအားကောင်းလွန်းလို့တစ်ခါတစ်လေ အတုံးအခဲဆင်းတာကိုလက်ခံနိုင်ပင်မဲ့ရာသီလာတိုင်းဒလဟောကြီးအတုံးလိုက်အခဲလိုက်ဆင်းတတ်တဲ့သူဖြစ်နေရင်တော့သေချာစစ်ဆေးဖို့လိုပါပြီ။

Be the first to comment

Leave a Reply

Your email address will not be published.


*