




Credit.Okkar Thein

Unicode

ဖားကန့်မြေပြိုမှုနဲ့ ပက်သတ်ပြီး လျင်လျင်မြန်မြန် လှူဒါန်းမှုကြီးပြုလုပ်လိုက်တဲ့ ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ

ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒမှ ဖားကန့်ဒေသဝှေခါမှော်မြေပြိုမှုဖြစ်စဉ် နှင့်စပ်လျှင်း ၍ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ၊ လူနာများအား ဖားကန့် — မြစ်ကြီးနား — မန္တလေး သို့ သယ်ဆောင်ရွှေ့ပြောင်းခြင်းလုပ်ငန်းများ အား

ချက်ချင်း တုန့်ပြန်ဆောင်ရွက်နိုင်ရန် အတွက်အလှူတော်ငွေ ကျပ်သိန်းတစ်ရာ အားမြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဗဟိုကော်မတီ ဒုတိယ ဥက္ကဌ) ဦးလှိုင်မင်းဦး ထံ သို့ လှူဒါန်းပေးခဲ့ပါသည်။

ဆရာတော်ဘုရား ၏ အမိန့်အရလိုအပ်ချက်များအား ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှဗဟိုကော်မတီ ဒုတိယဥက္ကဌ ဦးလှိုင်မင်းဦး ခေါင်းဆောင်သော ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ၊ လူနာသယ်ဆောင်မည့်အရေးပေါ် လူနာတင်ယာဉ်များ၊ရုပ်အလောင်းသယ်ဆောင်မည့် မော်တော်ယာဉ်များ ယနေ့ည ဆက်လက် ထွက်ခွါပါမည်။

Credit.Okkar Thein