“ႂကြက္နို ့ေပ်ာက္သည့္ သဘာဝေဆးနည္းမ်ား”

ၾကြက္ႏို ့ေပါက္သူမ်ား ေဆးအမ်ိဳးမ်ိဳးျဖင့္ ကုသေသာ္လည္း မေပ်ာက္၍ စိတ္ညစ္ေနလွ်င္ ေအာက္ပါ ျမန္မာ့ရိုးရာ သဘာ၀ေဆးနည္းမ်ားျဖင့္ ကုသႏိုင္ၾကပါတယ္။

ေဆးနည္း(၁)

ေရခ်ိဳးျပီးခါစ ၾကြက္ႏို ့ေရစိုျပီး ႏူးေနတဲ့အခ်ိန္မွာ အ၀တ္စသန့္သန့္ (သို့မဟုတ္) သန့္ရွင္းသည့္ အရာ၀တၳဳ တစ္ခုျဖင့္ျဖင့္ အနည္းငယ္ ေသြးစို့လာသည့္အထိ ပြတ္သပ္ေပးပါ။ ၾကက္သြန္ျဖဴကို လွီးျဖတ္လုိက္ျပီး ၄င္းၾကက္သြန္ျဖဴ အေစးျဖင့္ ၾကြက္ႏို့ေပၚကို သုတ္လိမ္းပြတ္တုိက္ေပးပါ။ ၾကြက္ႏို့၏ အျမစ္မ်ား၊ ပိုးမ်ားကို ၾကက္သြန္ျဖဴအေစးမွ တုိက္စားသြားျပီး ေနာက္တစ္ေန့ဆိုလွ်င္ တစ္ေျဖးေျဖး ေခ်ာက္သြားျပီး အျမစ္ျပတ္ေပ်က္ကင္းသြားပါလိမ့္မည္။

ေဆးနည္း(၂)

ဂ်င္းတက္ကို ထိပ္ပိုင္းမွ အနည္းငယ္ လွီးျဖတ္လုိက္ျပီးလွ်င္ ၄င္းေနရာကို ထံုးအနည္းငယ္ သုတ္လိမ္းျပီး ၾကြက္ႏို့ေပၚကို ေျဖးေျဖးခ်င္း ပြတ္တုိက္ေပးပါ။ ဂ်င္းႏွင့္ ထံုးတို့၏ အပူရွိန္ျဖင့္ ၾကြက္ႏို့၏ ပိုးမ်ား အျမစ္ျပတ္သြားပါလိမ့္မည္။

ေဆးနည္း(၃)

စိန္၊ ကနခို၊ ရွားေစာင္း၏အေစးတို့ကို အနည္းငယ္စီေရာၾကိဳက္၍ ၄င္းအမွဳန့္ျဖင့္ ၾကြက္ႏို့ထိပ္ကို အနည္းငယ္ ဆြျပီး သုတ္လိမ္းေပးပါ။ တစ္ေျဖးေျဖး ေပ်ာက္ကင္းသြားလိမ့္မည္။

ေဆးနည္း(၄)

ၾကြက္ႏို့ကို ထိပ္ပိုင္းမွ လက္သည္းညွပ္ျဖင့္ ပါးပါးေလး လွီးေပးပါ။ ျပီးလွ်င္ ေၾကာင္ႏွဳတ္ခမ္းေမြးတစ္ပင္ကို ရေအာင္ရွာျပီး ၾကြက္ႏို့ထဲကို ၄၊ ၅ ခ်က္ခန့္ ထိုးဆြေပးပါ။ (စူးခနဲျဖစ္သြားျပိး အနည္းငယ္ နာက်င္ပါလိမ့္မည္)။ ျပီလွ်င္ ထိုးဆြထားသည့္ ၾကြက္နို့မ်ားကို ျပန္ျပီး ညွပ္ထုပ္ေပးလုိက္ပါ။ ၃၊ ၄ ရက္အတြင္း ျပန္ေခ်ာက္သြားျပီး ၁ ပတ္ခန့္မွာ လံုး၀ေပ်ာက္သြားပါလိမ့္မည္။

ေဆးနည္း(၅)

ျမန္မာေဆးရြက္ၾကီး၏ အရိုးကို မီးျမိဳက္ျပီး ၄င္းျပာျဖင့္ ၾကြက္ႏို့ေပၚကို တို့ေပးပါ။ ၂ ရက္အတြင္း ၾကြက္ႏို့ေခ်ာက္သြားျပီး ေပ်ာက္သြားပါမည္။

ေဆးနည္း(၆)

ပထမဦးဆံုးျဖစ္တဲ့ ၾကြက္နို ့ခလယ္တည့္တည့္ကို ခံနိုင္ရည္ရွိသေလာက္ ပင္အပ္ထိုး စိုက္ပါ၊ ပင္အပ္ရဲ့တျခားဘက္အဖ်ားကို ဖေယာင္းတိုင္နဲ ့မီးရွို ့ပါ၊ စကၠန္ ့၃၀ေလာက္ပါ၊ သိပ္ပူလာရင္ မီးကိုခြာလိုက္ပါ။ အ၀တ္စနဲ ့ၾကြက္နို ကိုမိမိရရကိုင္ျပီး ဆြဲနွုတ္ပါ။ ၾကြက္နိုျပဳတ္ထြက္သြားလွ်င္ ေသြးတိတ္ေအာင္လုပ္ျပီး ဘာေဆးမွမထည့္ဘဲ ေလသလပ္ထားပါ။ ၂ရက္ ၃ရက္ဆိုေပ်ာက္ပါျပီ။

ေဆးနည္း(၇)

ၾကြက္နုိ႔ကို ဓါး၊ လက္သည္းညွပ္ သန္သန့္တို့ျဖင့္ ေသြးထြက္ေအာင္ လုပ္ေပးပါျပီးလ်ွင္ ေရြွဝါဆပ္ျပာခဲႏွင့္ ကြမ္းစားထုံး ေရာနယ္ျပီး ၎ၾကြက္နုိ႔ေပၚတြင္ အုံ၍ပတ္တီးစျဖင့္ စည္းထားေပးပါ။ တျဖည္းျဖည္းေျခာက္ျပီး ကြာသြားပါလိမ့္မည္။

ေဆးနည္း(၈)

ျကြက္နို႕ကို ေၾကာင္လ်ွာပင္၏ အေခါက္ကို ေသြး၍ လိမ္းေပးပါ။

ေဆးနည္း(၉)

ၾကြက္ႏို့ ျဖစ္ေနတဲ့ေနရာကုိ ဖေယာင္းစက္ ၅ စက္ခန့္ ခ်ျပီး ပူေႏြးလာေသာအခါ ဇာဂနာျဖင့္ ၾကြက္ႏို့ကို ဆြဲထုတ္လုိက္ပါ။ (အပူေပးထားသည့္အတြက္ နာက်င္မွဳ သက္သာပါသည္)။ အေပါက္ေလက်န္ေနမည္။ ၄င္းအေပါက္ထဲကို ထုံးႏွင့္ ေရႊ၀ါဆပ္ျပာ နယ္ျပီး အုံထားေပးပါ။ လက္ေတြ့ေပ်ာက္ခဲ့သည့္နည္း ျဖစ္ပါတယ္။

ေဆးနည္း(၁၀)

အရင္းဆံုး ေပါက္တဲ႔ ႀကြက္နိ့ေပၚကို ကြမ္းယာဆိုင္က ထံုးယူျပီးတို႔ထားပါ။ ေရေျမာင္းေဘးမွာေပါက့္တဲ ပိန္းအရိုင္းပင္ရဲ႕ အရိုးကိုျဖတ္ျပီး ထြက္လာတဲ႔ပိန္းအေစးကို ထံုးတို႔ထားတဲေပၚမွာ ထပ္တို႔ပါ။ အေစးကုန္ရင္ျဖတ္ျပီးျပန္တို႔ပါ။ နွစ္ရက္တို႔ယံုနဲ႔ ေပ်ာက္ပါမယ္။ အရင္ဆံုးေပါက္တဲ႔ ႀကြက္နိ့ေပ်ာက္ရင္ အားလံုးေပ်ာက္ျပီ။ ကိုယ္ေတြ႔ ေပ်ာက္ကင္းခဲ့သူပါ။သတိျပဳရန္။ ။ အသားထဲကို ပိုးမ၀င္ေစရန္ သန့္ရွင္းစြာ ျပဳလုပ္ေပးရပါမည္။

ေစာႏြဲ ့ေနဆုိင္(ပူတာအို)

Unicode

ကြွက်နို ့ပေါက်သူများ ဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို ့ရေစိုပြီး နူးနေတဲ့အချိန်မှာ အဝတ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)

ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။

ဆေးနည်း(၃)

စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။

ဆေးနည်း(၄)

ကြွက်နို့ကို ထိပ်ပိုင်းမှ လက်သည်းညှပ်ဖြင့် ပါးပါးလေး လှီးပေးပါ။ ပြီးလျှင် ကြောင်နှုတ်ခမ်းမွေးတစ်ပင်ကို ရအောင်ရှာပြီး ကြွက်နို့ထဲကို ၄၊ ၅ ချက်ခန့် ထိုးဆွပေးပါ။ (စူးခနဲဖြစ်သွားပြိး အနည်းငယ် နာကျင်ပါလိမ့်မည်)။ ပြီလျှင် ထိုးဆွထားသည့် ကြွက်နို့များကို ပြန်ပြီး ညှပ်ထုပ်ပေးလိုက်ပါ။ ၃၊ ၄ ရက်အတွင်း ပြန်ချောက်သွားပြီး ၁ ပတ်ခန့်မှာ လုံးဝပျောက်သွားပါလိမ့်မည်။

ဆေးနည်း(၅)

မြန်မာဆေးရွက်ကြီး၏ အရိုးကို မီးမြိုက်ပြီး ၄င်းပြာဖြင့် ကြွက်နို့ပေါ်ကို တို့ပေးပါ။ ၂ ရက်အတွင်း ကြွက်နို့ချောက်သွားပြီး ပျောက်သွားပါမည်။

ဆေးနည်း(၆)

ပထမဦးဆုံးဖြစ်တဲ့ ကြွက်နို ့ခလယ်တည့်တည့်ကို ခံနိုင်ရည်ရှိသလောက် ပင်အပ်ထိုး စိုက်ပါ၊ ပင်အပ်ရဲ့တခြားဘက်အဖျားကို ဖယောင်းတိုင်နဲ ့မီးရှို ့ပါ၊ စက္ကန် ့၃ဝလောက်ပါ၊ သိပ်ပူလာရင် မီးကိုခွာလိုက်ပါ။ အဝတ်စနဲ ့ကြွက်နို ကိုမိမိရရကိုင်ပြီး ဆွဲနှုတ်ပါ။ ကြွက်နိုပြုတ်ထွက်သွားလျှင် သွေးတိတ်အောင်လုပ်ပြီး ဘာဆေးမှမထည့်ဘဲ လေသလပ်ထားပါ။ ၂ရက် ၃ရက်ဆိုပျောက်ပါပြီ။

ဆေးနည်း(၇)

ကြွက်နို့ကို ဓါး၊ လက်သည်းညှပ် သန်သန့်တို့ဖြင့် သွေးထွက်အောင် လုပ်ပေးပါပြီးလျှင် ရွှေဝါဆပ်ပြာခဲနှင့် ကွမ်းစားထုံး ရောနယ်ပြီး ၎င်းကြွက်နို့ပေါ်တွင် အုံ၍ပတ်တီးစဖြင့် စည်းထားပေးပါ။ တဖြည်းဖြည်းခြောက်ပြီး ကွာသွားပါလိမ့်မည်။

ဆေးနည်း(၈)

ကြွက်နို့ကို ကြောင်လျှာပင်၏ အခေါက်ကို သွေး၍ လိမ်းပေးပါ။

ဆေးနည်း(၉)

ကြွက်နို့ ဖြစ်နေတဲ့နေရာကို ဖယောင်းစက် ၅ စက်ခန့် ချပြီး ပူနွေးလာသောအခါ ဇာဂနာဖြင့် ကြွက်နို့ကို ဆွဲထုတ်လိုက်ပါ။ (အပူပေးထားသည့်အတွက် နာကျင်မှု သက်သာပါသည်)။ အပေါက်လေကျန်နေမည်။ ၄င်းအပေါက်ထဲကို ထုံးနှင့် ရွှေဝါဆပ်ပြာ နယ်ပြီး အုံထားပေးပါ။ လက်တွေ့ပျောက်ခဲ့သည့်နည်း ဖြစ်ပါတယ်။

ဆေးနည်း(၁၀)

အရင်းဆုံး ပေါက်တဲ့ ကြွက်နိ့ပေါ်ကို ကွမ်းယာဆိုင်က ထုံးယူပြီးတို့ထားပါ။ ရေမြောင်းဘေးမှာပေါက့်တဲ ပိန်းအရိုင်းပင်ရဲ့ အရိုးကိုဖြတ်ပြီး ထွက်လာတဲ့ပိန်းအစေးကို ထုံးတို့ထားတဲပေါ်မှာ ထပ်တို့ပါ။ အစေးကုန်ရင်ဖြတ်ပြီးပြန်တို့ပါ။ နှစ်ရက်တို့ယုံနဲ့ ပျောက်ပါမယ်။ အရင်ဆုံးပေါက်တဲ့ ကြွက်နိ့ပျောက်ရင် အားလုံးပျောက်ပြီ။ ကိုယ်တွေ့ ပျောက်ကင်းခဲ့သူပါ။သတိပြုရန်။ ။ အသားထဲကို ပိုးမဝင်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။

စောနွဲ ့နေဆိုင်(ပူတာအို)