ကြက်တူရွေး ရေသောက်ရုံတင်မဟုတ်တော့ပါ ရေမြှုပ်သွားပြီ ဧရာဝတီမြစ်အောက်ပိုင်းဒေသများ သတိထားကြပါ

ၾကက္တူေရြး ေရေသာက္႐ုံမက ေရျမႇုပ္​ေနၿပီ ဧရာဝတီ မင္းသမီးေဒါသ သတိရွိၾကပါ… (Aung Nay Myo)

ဧရာဝတီျမစ္၏ ဒုတိယျမစ္ က်ဥ္း (စင္းခန္းႏွင့္ ေရႊကူၿမိဳ႕အၾကား)မွ လူသိနည္းေသာ အေၾကာင္းအရာမ်ားကို ဆက္လက္ ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

ဧရာဝတီျမစ္ ကေတာ့ ကမၻၻာသိျဖစ္ၿပီး ျမန္မာနိုင္ငံအတြက္တန္ဖိုးျဖတ္မရနိုင္ေသာ သဘာဝလက္ေဆာင္ပါ။ ဧရာဝတီအမည္နဲ႔ ထူးျခားတဲ့ကမၻာသိကေတာ့ ဧရာဝတီလင္းပိုင္ပါ။ ဒီလင္းပိုင္ဟာ အေရွ႕ေတာင္အာရွက တခ်ိဳ႕နိုင္ငံမွာ ရွိေသးေသာ္လည္း က်ေနာ္တို႔ဧရာဝတီျမစ္ကိုသာ အမည္ျပဳသတ္မွတ္ထားလို႔ အဆိုပါနိုင္ငံတြင္လည္း ဧရာဝတီလင္းပိုင္ဟုသာ ေခၚၾကပါတယ္။ ျမန္မာနို င္ငံမွာ ဧရာဝတီလင္းပိုင္ေတြ အမ်ားဆုံးေတြ႕ရွိ ေနထိုင္က်က္စားရာကေတာ့ ဧရာဝတီျမစ္ ဒုတိယျမစ္က်ဥ္းအထက္ နတ္ခုတ္ရြာအနီးႏွင့္ စင္းခန္းရြာအနီးရွိ ဧရာဝတီျမစ္ေရျပင္ပါ။ ယခုစင္းခန္းတံတားပတ္ဝန္းက်င္ျဖစ္ပါတယ္။

အဓိကတင္ျပလိုတာ ဧရာဝတီလင္းပိုင္အေၾကာင္းမဟုတ္ပါဘူး။ အဆိုပါလင္းပိုင္မ်ားေတြ႕ရွိရာ ဒုတိယျမစ္က်ဥ္းအတြင္းက လူသိနည္းတဲ့ ဝဲနာမည္ေတြျဖစ္ပါတယ္။ ျမန္မာနိုင္ငံအတြင္း အဓိကျမစ္ႀကီးမ်ားရွိသကဲ့သို႔ ျမစ္ေခ်ာင္းမ်ားအတြင္း၌လည္း နာမည္ႀကီးထင္ရွားသည့္ဝဲမ်ားစြာ ရွိတတ္ၾကပါတယ္။

ခ်င္းတြင္းျမစ္အတြင္းတေလၽွာက္ဆိုပါလၽွင္ ဝဲနာမည္ေတြကို စာခ်ိဳးနဲ႔သိသာပါတယ္။ ” အထက္မွာေပ၊ ေအာက္မွာေရႊ၊ အလယ္ဝက္သိုက္၊ မ်က္ျဖဴဆိုက္ ” ဆိုသလို ခ်င္းတြင္းျမစ္အထက္ပိုင္းတြင္ ေပဝဲ၊ အလယ္ပိုင္းတြင္ ဝက္သိုက္ဝဲ၊ ေအာက္ပိုင္းတြင္ ေရႊစာေရးဝဲ တို႔ရွိပါတယ္။ ဒါ့အျပင္ စာခ်ိဳးတြင္မပါေသာ နာမည္ႀကီး မစိန္ဝဲလည္းရွိၿပီး ယခုႏွစ္ပိုင္းအတြင္း စက္ေလွေမွာက္သည့္သတင္းအား သိရွိရပါတယ္။

ဧရာဝတီဒုတိယျမစ္က်ဥ္းေအာက္ဘက္အထြက္နားရွိ ေရႊေပၚကၽြန္းဘုရား ႏွင့္ ေရႊကူဘက္ျခမ္း ငါးဘတ္ဝရြာအၾကား လြန္ခဲ့သည့္ဆယ္ႏွစ္ပတ္ဝန္းက်င္ခန႔္က ျမစ္အတြင္း ေရႊေဖာင္မ်ား အႀကီးအက်ယ္လုပ္ကိုင္ၾကသည့္ ေရႊေဖာင္လုပ္ငန္းမွာ အဆိုပါ မစိန္ဘက္မွ အစျပဳလာေရာက္ခဲ့ၾကျခင္းျဖစ္သည္။ (မစိန္ရြာဟာ ကေလးဝၿမိဳ႕ နဲ႔ ေမာ္လိုက္ၿမိဳ႕ၾကားရွိ ခ်င္းတြင္းျမစ္ကမ္းေပၚမွ ရြာႀကီးတစ္ရြာျဖစ္ၿပီး ၂၀၀၃ခုႏွစ္ခန႔္က အိမ္ေျခသုံးရာခန႔္ရွိပါတယ္။ ရြာရဲ့အထက္ဘက္မွာ မဟာၿမိဳင္ေတာမွ စတင္စီးဆင္းၿပီး ခ်င္းတြင္းျမစ္အတြင္းစီးဝင္ေသာ ေခ်ာင္းႀကီးတစ္ေခ်ာင္းရွိပါတယ္။ ရြာရဲ့တစ္ဖက္ကမ္း ေခ်ာင္းဝနားမွာ ႏွစ္က်ိပ္ရွစ္ဆူဘုရားမ်ားျဖင့္ သာယာလွပပါတယ္။ )

ဆိုလိုရင္းမွာ ယခုကဲ့သို႔ ျမစ္ေခ်ာင္းမ်ားတြင္ ဝဲမ်ားစြာရွိေသာ္လည္း အမည္မ်ားအားလူသိနည္းျခင္း၊ သိသူမ်ားမွလည္း မွတ္မွတ္သားသား စာေပအေနျဖင့္ ေရးသားျခင္းကို မေတြ႕မိျခင္း၊ ဒုတိယျမစ္က်ဥ္းတြင္ အျခားေဒသျမစ္ေခ်ာင္းမ်ားထက္ ဝဲပိုမ်ားၿပီး အဆိုပါဝဲမ်ားတြင္ သီးျခားနာမည္ရွိေနသည့္အတြက္ ဧရာဝတီျမစ္ ဒုတိယျမစ္က်ဥ္းအတြင္းမွ ဝဲအမည္မ်ားအား ေလ့လာလိုသူမ်ားအတြက္ ေဖာ္ျပေပးပါရေစ။

ေရႊကူၿမိဳ႕တစ္ဘက္ကမ္း (ဧရာဝတီျမစ္ အေနာက္ဘက္ကမ္း) နတ္ခုတ္ရြာ၊ သေဘၤာအင္းရြာဘက္အျခမ္းရွိ ဒုတိယျမစ္က်ဥ္း (ေဒသအေခၚ ေက်ာက္တြင္းရိုး) မွ ဝဲအမည္မ်ားမွာ ၁။ေပြးေခါင္းဝဲ ၂။ေက်ာက္သင္ျဖဴးဝဲ ၃။သေဘၤာပ်က္ဝဲ ၄။ေပါက္မဝဲ ၅။ေက်ာက္ႀကီးဝဲ(၁) ၆။ခံတက္ကိုင္းဝဲ ၇။ဖ်ံေသေလးဝဲ ၈။ဖ်ံေသႀကီးဝဲ ၉။ၾကက္တူေရြးႏႈတ္သီးဝဲ ၁၀။ဗ်ဳန္းဗ်ဳန္းက်ဝဲ ၁၁။ ေနာင္မိုဘုရားဝဲ

စင္းခန္းရြာႏွင့္ ေရႊကူၿမိဳ႕ဘက္အျခမ္း (ဧရာဝတီျမစ္အေရွ႕ဘက္ကမ္း) ရွိ ဒုတိယျမစ္က်ဥ္း (ေဒသအေခၚေက်ာက္တြင္းရိုး) မွ ဝဲအမည္မ်ားမွာ ၁။ကာလေမွာ္ဝဲ ၂။ဆင္ကျပဳတ္ဝဲ ၃။ဥေဒါင္းဝဲ ( နာမည္ႀကီးဥေဒါင္းေတာင္လွိုင္ဂူေရွ႕မွဝဲ ) ၄။မီးကပ္ဝဲ ၅။ေရွာက္ခါးဝဲ ၆။စပါးထိုးဝဲ ၇။ဘုံးပင္ဝဲ ၈။ေက်ာက္ႀကီးဝဲ (၂) ၉။ မီးေသြးဝဲ ၁၀။ တိန္ညင္းဝဲ (ဇင္းဘုံရြာသခ် ၤိုင္းဝဲ) ၁၁။ သိန္းေတာင္ဝဲ ၁၂။ ဝဲမဝဲ (သစ္ထုတ္ေရးဆင္စခန္းအနီး)

ဗန္းေမာ္ၿမိဳ႕အထက္ရွိ ပထမျမစ္က်ဥ္းအတြင္းမွာလည္း ဝဲအမည္မ်ားရွိၾကၿပီး က်ေနာ္သိသမၽွကေတာ့ နတ္ေမာ္ယန္ဝဲ၊ ပဒူဝဲ၊ ဆင္ဝဲ၊ ပေရွာဝဲ နဲ႔ ၾကက္တန္းစင္ဝဲတို႔ပါ။ (က်ေနာ္သိလိုသမၽွ၊ မရွင္းလင္းသမၽွ၊ အေျခအတင္ေဆြးေႏြး ျငင္းခုံသမၽွ အေၾကာင္းအရာမ်ားအား အျမဲစိတ္ရွည္သီးခံ အခ်ိန္ေပးရွင္းျပေလ့ရွိတဲ့ ေရႊကူၿမိဳ႕ အမွတ္(၁)ရပ္ကြက္မွ ဦးသန္းဘို၊ ေရႊကူၿမိဳ႕နယ္ NLD ပါတီဥကၠ႒ ဦးကိုကိုျမင့္ နဲ႔ ဦးေအးကိုကို တို႔အားေက်းဇူးတင္ပါတယ္။ က်ေနာ္တို႔ ညဆယ္နာရီေက်ာ္ တစ္ခါတစ္ေလဆယ့္တစ္နာရီေက်ာ္အထိ ေဆြးေႏြးျငင္းခုံတတ္တိုင္း ခုံခန္းရပ္ကြက္က ခေရလဘက္ရည္ဆိုင္ကေတာ့ သီးခံေပးပါတယ္။ )

ေက်ာ္နိုင္ဝင္း (ေရႊကူ)

Unicode

ကြက်တူရွေး ရေသောက်ရုံမက ရေမြှုပ်​နေပြီ ဧရာဝတီ မင်းသမီးဒေါသ သတိရှိကြပါ… (Aung Nay Myo)

ဧရာဝတီမြစ်၏ ဒုတိယမြစ် ကျဉ်း (စင်းခန်းနှင့် ရွှေကူမြို့အကြား)မှ လူသိနည်းသော အကြောင်းအရာများကို ဆက်လက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ဧရာဝတီမြစ် ကတော့ ကမ္ဘ္ဘာသိဖြစ်ပြီး မြန်မာနိုင်ငံအတွက်တန်ဖိုးဖြတ်မရနိုင်သော သဘာဝလက်ဆောင်ပါ။ ဧရာဝတီအမည်နဲ့ ထူးခြားတဲ့ကမ္ဘာသိကတော့ ဧရာဝတီလင်းပိုင်ပါ။ ဒီလင်းပိုင်ဟာ အရှေ့တောင်အာရှက တချို့နိုင်ငံမှာ ရှိသေးသော်လည်း ကျနော်တို့ဧရာဝတီမြစ်ကိုသာ အမည်ပြုသတ်မှတ်ထားလို့ အဆိုပါနိုင်ငံတွင်လည်း ဧရာဝတီလင်းပိုင်ဟုသာ ခေါ်ကြပါတယ်။ မြန်မာနို င်ငံမှာ ဧရာဝတီလင်းပိုင်တွေ အများဆုံးတွေ့ရှိ နေထိုင်ကျက်စားရာကတော့ ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းအထက် နတ်ခုတ်ရွာအနီးနှင့် စင်းခန်းရွာအနီးရှိ ဧရာဝတီမြစ်ရေပြင်ပါ။ ယခုစင်းခန်းတံတားပတ်ဝန်းကျင်ဖြစ်ပါတယ်။

အဓိကတင်ပြလိုတာ ဧရာဝတီလင်းပိုင်အကြောင်းမဟုတ်ပါဘူး။ အဆိုပါလင်းပိုင်များတွေ့ရှိရာ ဒုတိယမြစ်ကျဉ်းအတွင်းက လူသိနည်းတဲ့ ဝဲနာမည်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း အဓိကမြစ်ကြီးများရှိသကဲ့သို့ မြစ်ချောင်းများအတွင်း၌လည်း နာမည်ကြီးထင်ရှားသည့်ဝဲများစွာ ရှိတတ်ကြပါတယ်။

ချင်းတွင်းမြစ်အတွင်းတလျှောက်ဆိုပါလျှင် ဝဲနာမည်တွေကို စာချိုးနဲ့သိသာပါတယ်။ ” အထက်မှာပေ၊ အောက်မှာရွှေ၊ အလယ်ဝက်သိုက်၊ မျက်ဖြူဆိုက် ” ဆိုသလို ချင်းတွင်းမြစ်အထက်ပိုင်းတွင် ပေဝဲ၊ အလယ်ပိုင်းတွင် ဝက်သိုက်ဝဲ၊ အောက်ပိုင်းတွင် ရွှေစာရေးဝဲ တို့ရှိပါတယ်။ ဒါ့အပြင် စာချိုးတွင်မပါသော နာမည်ကြီး မစိန်ဝဲလည်းရှိပြီး ယခုနှစ်ပိုင်းအတွင်း စက်လှေမှောက်သည့်သတင်းအား သိရှိရပါတယ်။

ဧရာဝတီဒုတိယမြစ်ကျဉ်းအောက်ဘက်အထွက်နားရှိ ရွှေပေါ်ကျွန်းဘုရား နှင့် ရွှေကူဘက်ခြမ်း ငါးဘတ်ဝရွာအကြား လွန်ခဲ့သည့်ဆယ်နှစ်ပတ်ဝန်းကျင်ခန့်က မြစ်အတွင်း ရွှေဖောင်များ အကြီးအကျယ်လုပ်ကိုင်ကြသည့် ရွှေဖောင်လုပ်ငန်းမှာ အဆိုပါ မစိန်ဘက်မှ အစပြုလာရောက်ခဲ့ကြခြင်းဖြစ်သည်။ (မစိန်ရွာဟာ ကလေးဝမြို့ နဲ့ မော်လိုက်မြို့ကြားရှိ ချင်းတွင်းမြစ်ကမ်းပေါ်မှ ရွာကြီးတစ်ရွာဖြစ်ပြီး ၂၀၀၃ခုနှစ်ခန့်က အိမ်ခြေသုံးရာခန့်ရှိပါတယ်။ ရွာရဲ့အထက်ဘက်မှာ မဟာမြိုင်တောမှ စတင်စီးဆင်းပြီး ချင်းတွင်းမြစ်အတွင်းစီးဝင်သော ချောင်းကြီးတစ်ချောင်းရှိပါတယ်။ ရွာရဲ့တစ်ဖက်ကမ်း ချောင်းဝနားမှာ နှစ်ကျိပ်ရှစ်ဆူဘုရားများဖြင့် သာယာလှပပါတယ်။ )

ဆိုလိုရင်းမှာ ယခုကဲ့သို့ မြစ်ချောင်းများတွင် ဝဲများစွာရှိသော်လည်း အမည်များအားလူသိနည်းခြင်း၊ သိသူများမှလည်း မှတ်မှတ်သားသား စာပေအနေဖြင့် ရေးသားခြင်းကို မတွေ့မိခြင်း၊ ဒုတိယမြစ်ကျဉ်းတွင် အခြားဒေသမြစ်ချောင်းများထက် ဝဲပိုများပြီး အဆိုပါဝဲများတွင် သီးခြားနာမည်ရှိနေသည့်အတွက် ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းအတွင်းမှ ဝဲအမည်များအား လေ့လာလိုသူများအတွက် ဖော်ပြပေးပါရစေ။

ရွှေကူမြို့တစ်ဘက်ကမ်း (ဧရာဝတီမြစ် အနောက်ဘက်ကမ်း) နတ်ခုတ်ရွာ၊ သင်္ဘောအင်းရွာဘက်အခြမ်းရှိ ဒုတိယမြစ်ကျဉ်း (ဒေသအခေါ် ကျောက်တွင်းရိုး) မှ ဝဲအမည်များမှာ ၁။ပွေးခေါင်းဝဲ ၂။ကျောက်သင်ဖြူးဝဲ ၃။သင်္ဘောပျက်ဝဲ ၄။ပေါက်မဝဲ ၅။ကျောက်ကြီးဝဲ(၁) ၆။ခံတက်ကိုင်းဝဲ ၇။ဖျံသေလေးဝဲ ၈။ဖျံသေကြီးဝဲ ၉။ကြက်တူရွေးနှုတ်သီးဝဲ ၁၀။ဗျုန်းဗျုန်းကျဝဲ ၁၁။ နောင်မိုဘုရားဝဲ

စင်းခန်းရွာနှင့် ရွှေကူမြို့ဘက်အခြမ်း (ဧရာဝတီမြစ်အရှေ့ဘက်ကမ်း) ရှိ ဒုတိယမြစ်ကျဉ်း (ဒေသအခေါ်ကျောက်တွင်းရိုး) မှ ဝဲအမည်များမှာ ၁။ကာလမှော်ဝဲ ၂။ဆင်ကပြုတ်ဝဲ ၃။ဥဒေါင်းဝဲ ( နာမည်ကြီးဥဒေါင်းတောင်လှိုင်ဂူရှေ့မှဝဲ ) ၄။မီးကပ်ဝဲ ၅။ရှောက်ခါးဝဲ ၆။စပါးထိုးဝဲ ၇။ဘုံးပင်ဝဲ ၈။ကျောက်ကြီးဝဲ (၂) ၉။ မီးသွေးဝဲ ၁၀။ တိန်ညင်းဝဲ (ဇင်းဘုံရွာသချ င်္ိုင်းဝဲ) ၁၁။ သိန်းတောင်ဝဲ ၁၂။ ဝဲမဝဲ (သစ်ထုတ်ရေးဆင်စခန်းအနီး)

ဗန်းမော်မြို့အထက်ရှိ ပထမမြစ်ကျဉ်းအတွင်းမှာလည်း ဝဲအမည်များရှိကြပြီး ကျနော်သိသမျှကတော့ နတ်မော်ယန်ဝဲ၊ ပဒူဝဲ၊ ဆင်ဝဲ၊ ပရှောဝဲ နဲ့ ကြက်တန်းစင်ဝဲတို့ပါ။ (ကျနော်သိလိုသမျှ၊ မရှင်းလင်းသမျှ၊ အခြေအတင်ဆွေးနွေး ငြင်းခုံသမျှ အကြောင်းအရာများအား အမြဲစိတ်ရှည်သီးခံ အချိန်ပေးရှင်းပြလေ့ရှိတဲ့ ရွှေကူမြို့ အမှတ်(၁)ရပ်ကွက်မှ ဦးသန်းဘို၊ ရွှေကူမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးကိုကိုမြင့် နဲ့ ဦးအေးကိုကို တို့အားကျေးဇူးတင်ပါတယ်။ ကျနော်တို့ ညဆယ်နာရီကျော် တစ်ခါတစ်လေဆယ့်တစ်နာရီကျော်အထိ ဆွေးနွေးငြင်းခုံတတ်တိုင်း ခုံခန်းရပ်ကွက်က ခရေလဘက်ရည်ဆိုင်ကတော့ သီးခံပေးပါတယ်။ )

ကျော်နိုင်ဝင်း (ရွှေကူ)