ကိုရိုနာဗိုင္းရပ္ကာကြယ္ေဆး ေအာင္ျမင္စြာထုတ္လုပ္ႏိုင္ျပီ

စမ္းသပ္မႈ ၿပီးေျမာက္သြားသည့္ ႐ုရွားထုတ္ ကမၻာ့ပထမဆုံးကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး

ဇူလိုင္ ၁၃

ကမၻာ့ပထမဆုံး ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး လက္ေတြ႕စမ္းသပ္မႈမ်ားကို ႐ုရွားရွိ Sechenov First Moscow State Medical University က အၿပီးလုပ္ေဆာင္ခဲ့ၿပီျဖစ္သည္။

ထိုသတင္းအား Translational Medicine and Biotechnology အဖြဲ႕အစည္းမွ ဒါရိုက္တာ Vadim Tarasov က အတည္ျပဳခဲ့သည္ဟု Sputnik News သတင္းဌာနက ေဖာ္ျပခဲ့သည္။

ကူးစက္ေရာဂါႏွင့္အဏုဇီဝဆိုင္ရာ Gamalei Institute မွ ထုတ္လုပ္ေသာ ကိုဗစ္-၁၉ ကာကြယ္ေဆးသည္ ေဆး႐ုံ၊ေဆးခန္းအဆင့္ လက္ေတြ႕စမ္းသပ္မႈမ်ားကို ဇြန္လ ၁၈ ရက္က စတင္ခဲ့သည္ဟု အဆိုပါသတင္း၌ မီးေမာင္းထိုးေရးျပထားသည္။

လက္ေတြ႕စမ္းသပ္မႈအတြက္ ေစတနာ့ဝန္ထမ္းအျဖစ္ ကာကြယ္ေဆးအစမ္းသပ္ခံခဲ့ၾကသူမ်ားကို မၾကာမီ ေဆး႐ုံမွဆင္းခြင့္ျပဳမည္ျဖစ္သည္။ ပထမအဖြဲ႕ကို ႏွစ္ရက္ သုံးရက္အတြင္းႏွင့္ ဒုတိယအဖြဲ႕ကို ဇူလိုင္ ၂၀ ရက္တို႔တြင္ ေဆး႐ုံမွဆင္းခြင့္ျပဳမည္ဟု သိရသည္။

Sechenov University က ေဆးဘက္ဆိုင္ရာ ကပ္ပါးေရာဂါ၊ အပူပိုင္းေဒသႏွင့္ပိုးမႊားဆိုင္ရာေဂါတိုက္ဖ်က္ေရး အဖြဲ႕အစည္းမွ ဒါရိုက္တာ Alexander Lukashev ကို ခ်ီးက်ဴးေျပာဆိုလ်က္ ကာကြယ္ေဆးက လူမ်ားအတြက္ ေဘးကင္းလုံျခဳံမႈရွိ / မရွိ စစ္ေဆးရန္ ေလ့လာမႈလုပ္ေဆာင္ခဲ့ၿပီး ယခုအခါ ေအာင္ျမင္စြာၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း အဆိုပါသတင္းတြင္ ေရးသားထားသည္။

ကာကြယ္ေဆးက ေဘးကင္းေၾကာင္း အတည္ျပဳခ်က္ရထားၿပီျဖစ္သျဖင့္ ေဈးကြက္ထဲေရာက္ရွိၿပီးသားျဖစ္သည့္ အဆိုပါကာကြယ္ေဆးမ်ားမွာလည္း အႏၲရာယ္ကင္းေၾကာင္း Lukashev က ေျပာခဲ့သည္။

ထို႔အျပင္ ကာကြယ္ေဆးထုတ္လုပ္သူက ဗိုင္းရပ္စ္ကူးစက္ေရာဂါဆိုင္ရာအေျခအေနရႈပ္ေထြးမႈမ်ားပါဝင္လာမည့္ အဆိုပါကာကြယ္ေဆး၏ တိုးတက္ျဖစ္ေပၚမႈအတြက္ အစီအစဥ္တစ္ခုျပင္ဆင္ေနၿပီး ကာကြယ္ေဆးထုတ္လုပ္မႈကို မည္သို႔တိုးျမႇင့္ရမည္ဆိုသည္ကိုပါ လုပ္ေဆာင္ေနသည္ဟု ဆိုသည္။

ကမၻာ့နိုင္ငံမ်ားသည္ ကိုရိုနာဗိုင္းရပ္စ္သစ္ကူးစက္မႈဖိအားေၾကာင့္ ႐ုန္းကန္ေနရစဥ္တြင္ Sechenov University သည္ ပညာရပ္ဆိုင္ရာတကၠသိုလ္ဆိုသည္ထက္ ဤကာကြယ္ေဆးအတြက္ သိပၸံႏွင့္နည္းပညာသုေတသနစင္တာ အျဖစ္ ေပၚထြက္ခဲ့သည္ဟု Tarasov က မွတ္ခ်က္ျပဳခဲ့သည္။

Translational Medicine and Biotechnology အဖြဲ႕အစည္းသည္ ကာကြယ္ေဆးဆိုင္ရာ ေရွးဦးလက္ေတြ႕ေလ့လာမႈမ်ား၊ လုပ္ထုံးလုပ္နည္းဆိုင္ရာဖြံ့ၿဖိဳးတိုးတက္မႈႏွင့္ လက္ေတြ႕စမ္းသပ္မႈမ်ားကို လုပ္ေဆာင္ခဲ့သည္ဟု Tarasov ကေျပာသည္။

ဤအေတာအတြင္း ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) က ေအာက္စဖို႔ဒ္မွထုတ္သည့္ကာကြယ္ေဆးသည္ ထိပ္တန္းမွဦးေဆာင္ေနေသာကာကြယ္ေဆးျဖစ္ေၾကာင္း ၿပီးခဲ့သည့္လကေျပာခဲ့သည္။

ေအာက္စဖို႔ဒ္ကာကြယ္ေဆး AstraZeneca သည္ စမ္းသပ္မႈအဆင့္သုံးျဖစ္သည့္ လက္ေတြ႕စမ္းသပ္မႈလုပ္ေဆာင္ေနစဥ္ ႐ုရွားကာကြယ္ေဆးက မၾကာမီ ေဈးကြက္အတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ေရာင္းခ်နိုင္မည္ဟု ေမၽွာ္လင့္ရသည္။

credit

unicode

စမ်းသပ်မှု ပြီးမြောက်သွားသည့် ရုရှားထုတ် ကမ္ဘာ့ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး

ဇူလိုင် ၁၃

ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများကို ရုရှားရှိ Sechenov First Moscow State Medical University က အပြီးလုပ်ဆောင်ခဲ့ပြီဖြစ်သည်။

ထိုသတင်းအား Translational Medicine and Biotechnology အဖွဲ့အစည်းမှ ဒါရိုက်တာ Vadim Tarasov က အတည်ပြုခဲ့သည်ဟု Sputnik News သတင်းဌာနက ဖော်ပြခဲ့သည်။

ကူးစက်ရောဂါနှင့်အဏုဇီဝဆိုင်ရာ Gamalei Institute မှ ထုတ်လုပ်သော ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးရုံ၊ဆေးခန်းအဆင့် လက်တွေ့စမ်းသပ်မှုများကို ဇွန်လ ၁၈ ရက်က စတင်ခဲ့သည်ဟု အဆိုပါသတင်း၌ မီးမောင်းထိုးရေးပြထားသည်။

လက်တွေ့စမ်းသပ်မှုအတွက် စေတနာ့ဝန်ထမ်းအဖြစ် ကာကွယ်ဆေးအစမ်းသပ်ခံခဲ့ကြသူများကို မကြာမီ ဆေးရုံမှဆင်းခွင့်ပြုမည်ဖြစ်သည်။ ပထမအဖွဲ့ကို နှစ်ရက် သုံးရက်အတွင်းနှင့် ဒုတိယအဖွဲ့ကို ဇူလိုင် ၂၀ ရက်တို့တွင် ဆေးရုံမှဆင်းခွင့်ပြုမည်ဟု သိရသည်။

Sechenov University က ဆေးဘက်ဆိုင်ရာ ကပ်ပါးရောဂါ၊ အပူပိုင်းဒေသနှင့်ပိုးမွှားဆိုင်ရာဂေါတိုက်ဖျက်ရေး အဖွဲ့အစည်းမှ ဒါရိုက်တာ Alexander Lukashev ကို ချီးကျူးပြောဆိုလျက် ကာကွယ်ဆေးက လူများအတွက် ဘေးကင်းလုံခြုံမှုရှိ / မရှိ စစ်ဆေးရန် လေ့လာမှုလုပ်ဆောင်ခဲ့ပြီး ယခုအခါ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်း အဆိုပါသတင်းတွင် ရေးသားထားသည်။

ကာကွယ်ဆေးက ဘေးကင်းကြောင်း အတည်ပြုချက်ရထားပြီဖြစ်သဖြင့် ဈေးကွက်ထဲရောက်ရှိပြီးသားဖြစ်သည့် အဆိုပါကာကွယ်ဆေးများမှာလည်း အန္တရာယ်ကင်းကြောင်း Lukashev က ပြောခဲ့သည်။

ထို့အပြင် ကာကွယ်ဆေးထုတ်လုပ်သူက ဗိုင်းရပ်စ်ကူးစက်ရောဂါဆိုင်ရာအခြေအနေရှုပ်ထွေးမှုများပါဝင်လာမည့် အဆိုပါကာကွယ်ဆေး၏ တိုးတက်ဖြစ်ပေါ်မှုအတွက် အစီအစဉ်တစ်ခုပြင်ဆင်နေပြီး ကာကွယ်ဆေးထုတ်လုပ်မှုကို မည်သို့တိုးမြှင့်ရမည်ဆိုသည်ကိုပါ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ကမ္ဘာ့နိုင်ငံများသည် ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်မှုဖိအားကြောင့် ရုန်းကန်နေရစဉ်တွင် Sechenov University သည် ပညာရပ်ဆိုင်ရာတက္ကသိုလ်ဆိုသည်ထက် ဤကာကွယ်ဆေးအတွက် သိပ္ပံနှင့်နည်းပညာသုတေသနစင်တာ အဖြစ် ပေါ်ထွက်ခဲ့သည်ဟု Tarasov က မှတ်ချက်ပြုခဲ့သည်။

Translational Medicine and Biotechnology အဖွဲ့အစည်းသည် ကာကွယ်ဆေးဆိုင်ရာ ရှေးဦးလက်တွေ့လေ့လာမှုများ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့သည်ဟု Tarasov ကပြောသည်။

ဤအတောအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်စဖို့ဒ်မှထုတ်သည့်ကာကွယ်ဆေးသည် ထိပ်တန်းမှဦးဆောင်နေသောကာကွယ်ဆေးဖြစ်ကြောင်း ပြီးခဲ့သည့်လကပြောခဲ့သည်။

အောက်စဖို့ဒ်ကာကွယ်ဆေး AstraZeneca သည် စမ်းသပ်မှုအဆင့်သုံးဖြစ်သည့် လက်တွေ့စမ်းသပ်မှုလုပ်ဆောင်နေစဉ် ရုရှားကာကွယ်ဆေးက မကြာမီ ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်မည်ဟု မျှော်လင့်ရသည်။