အိမ္ကိုလြမ္းလြန္းလို႔ သစ္ရြက္ေျခာက္ေတြနဲ႔အသည္းပံုဆြဲေနခဲ့တဲ့ ႏိုင္ငံျခားသန္႔႐ွင္းေရးအလုပ္သမားရဲ႕အျဖစ္

အိမ္ကေနအေဝးတစ္ေနရာကို အလုပ္ထြက္လုပ္ၾကတဲ့သူေတြကေတာ့ အိမ္ကိုလြမ္းၾကမွာပါပဲ ။ ဒူဘိုင္းၿမိဳ႕မွာ အလုပ္သြားလုပ္ေနတဲ့ အိႏၷိယႏိုင္ငံသားရဲ႕ အိမ္ကိုလြမ္းလြန္းတဲ့ခံစားခ်က္ကိုေဖာ္ျပတဲ့အျဖစ္ကေတာ့ အေတာ္ေလးကိုခ်စ္ဖို႔ေကာင္းလြန္းလွပါတယ္ ။ သန္႔႐ွင္းေရးအလုပ္သမားေလးက သစ္ရြက္ေျခာက္ေတြကို တံျမတ္စည္းနဲ႔သံုးၿပီး အသည္းပံု သ႐ုပ္ေဖာ္ေနခဲ့တာပါ ။

သို႔ေပမဲ့လည္း အဆိုပါ အသည္းပံု႐ုပ္ပံုေလးရဲ႕ ေနာက္ကြယ္မွာအျဖစ္အပ်က္ေလးတစ္ခု႐ွိပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ အသက္ 30 အရြယ္ Ramesh Gangarajam Gandi အမည္ရွိတဲ့အမ်ိဳးသားျဖစ္ၿပီး ၊ ဒူဘိုင္းကုမၸဏီတစ္ခုမွာ သန္႔႐ွင္းေရးဝန္ထမ္းတစ္ဦးအျဖစ္ အလုပ္ဝင္လုပ္ေနခဲ့တာပါ ။ သူ႔ရဲ႕တစ္ေန႔တာအလုပ္ကေတာ့ သစ္ရြက္ေျခာက္ေတြကို တံျမတ္စည္းနဲ႔ လဲထုတ္ေပးရတဲ့အလုပ္ပါပဲ ။ Gandi ဟာၿပီးခဲ့တဲ့ႏွစ္ August လကမွ လက္ထပ္ခဲ့တာျဖစ္ၿပီး ၊ September လမွာေတာ့ UAE မွာ အလုပ္လုပ္ကိုင္ဖို႔ေရာက္႐ွိလာခဲ့တာပါ ။

” ကြၽန္ေတာ္က မိသားစုနဲ႔ ဇနီးကိုလြမ္းေနခဲ့တာပါ ၊ လူေတြကြၽန္ေတာ့္ကိုၾကည့္ေနမယ္လို႔သတိမထားမိလိုက္ဘူး ၊ online ေပၚမွာ ဒီဓာတ္ပံုေလးျမင္လိုက္မွ အေတာ္ေလးအံ့ၾသသြားတယ္ ၊ ဓာတ္ပံုအ႐ိုက္ခံလိုက္ရတဲ့ေန႔က အိမ္ကိုလြမ္းေနတာ ၊ သူတို႔ေတြဘာလုပ္ေနမလဲလို႔ ေတြးေနတာ ၊ အထူးသျဖင့္ ဇနီးေလးကိုပိုလြမ္းတာေပါ့ ” ဆိုၿပီး Gandi ကေျဖၾကားခဲ့ပါတယ္ ။ လက္ထပ္ၿပီးတစ္လအၾကာမွာ အလုပ္လုပ္ဖို႔ Dubai ကိုေရာက္လာခဲ့လို႔ ၊ ၾကင္စဇနီးေမာင္ႏွံဘဝကို မေပ်ာ္ခဲ့ရေၾကာင္းလည္း ေျပာျပခဲ့ပါတယ္ ။

ဖခင္ျဖစ္သူမွာလည္း အသက္အရြယ္ႀကီးရင့္ေနလို႔ နာမက်န္ျဖစ္၍စိတ္ပူေနရေၾကာင္း ၊ မိသားစုဝင္ေတြ တစ္ဦးတစ္ေယာက္ကမွ Covid – 19 ကူးစက္ခံရမႈမ႐ွိေပမဲ့ ၊ ဖခင္ျဖစ္သူကိုစိတ္ပူမိေၾကာင္း ၊ ယခုအခ်ိန္မွာ ခရီးအသြားအလာေတြက အနည္းငယ္ေျဖေလ်ာ့ေပးၿပီျဖစ္လို႔ မၾကာခင္အိမ္ျပန္ႏိုင္ဖို႔ႀကိဳးစားမည္ျဖစ္ေၾကာင္း Gandi ကေျပာျပသြားခဲ့ပါတယ္ ။ ဒူဘိုင္းရဲ႕ ဝန္ႀကီးခ်ဳပ္ရံုးကလည္း လူငယ္ေလးကို အားေပးေထာက္ခံေနေၾကာင္း လက္ေဆာင္ေပးပို႔ေပးခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိမ်ကနေအဝေးတစ်နေရာကို အလုပ်ထွက်လုပ်ကြတဲ့သူတွေကတော့ အိမ်ကိုလွမ်းကြမှာပါပဲ ။ ဒူဘိုင်းမြို့မှာ အလုပ်သွားလုပ်နေတဲ့ အိန္နိယနိုင်ငံသားရဲ့ အိမ်ကိုလွမ်းလွန်းတဲ့ခံစားချက်ကိုဖော်ပြတဲ့အဖြစ်ကတော့ အတော်လေးကိုချစ်ဖို့ကောင်းလွန်းလှပါတယ် ။ သန့်ရှင်းရေးအလုပ်သမားလေးက သစ်ရွက်ခြောက်တွေကို တံမြတ်စည်းနဲ့သုံးပြီး အသည်းပုံ သရုပ်ဖော်နေခဲ့တာပါ ။

သို့ပေမဲ့လည်း အဆိုပါ အသည်းပုံရုပ်ပုံလေးရဲ့ နောက်ကွယ်မှာအဖြစ်အပျက်လေးတစ်ခုရှိပါတယ် ။ အဆိုပါအမျိုးသားဟာ အသက် 30 အရွယ် Ramesh Gangarajam Gandi အမည်ရှိတဲ့အမျိုးသားဖြစ်ပြီး ၊ ဒူဘိုင်းကုမ္ပဏီတစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးအဖြစ် အလုပ်ဝင်လုပ်နေခဲ့တာပါ ။ သူ့ရဲ့တစ်နေ့တာအလုပ်ကတော့ သစ်ရွက်ခြောက်တွေကို တံမြတ်စည်းနဲ့ လဲထုတ်ပေးရတဲ့အလုပ်ပါပဲ ။ Gandi ဟာပြီးခဲ့တဲ့နှစ် August လကမှ လက်ထပ်ခဲ့တာဖြစ်ပြီး ၊ September လမှာတော့ UAE မှာ အလုပ်လုပ်ကိုင်ဖို့ရောက်ရှိလာခဲ့တာပါ ။

” ကျွန်တော်က မိသားစုနဲ့ ဇနီးကိုလွမ်းနေခဲ့တာပါ ၊ လူတွေကျွန်တော့်ကိုကြည့်နေမယ်လို့သတိမထားမိလိုက်ဘူး ၊ online ပေါ်မှာ ဒီဓာတ်ပုံလေးမြင်လိုက်မှ အတော်လေးအံ့သြသွားတယ် ၊ ဓာတ်ပုံအရိုက်ခံလိုက်ရတဲ့နေ့က အိမ်ကိုလွမ်းနေတာ ၊ သူတို့တွေဘာလုပ်နေမလဲလို့ တွေးနေတာ ၊ အထူးသဖြင့် ဇနီးလေးကိုပိုလွမ်းတာပေါ့ ” ဆိုပြီး Gandi ကဖြေကြားခဲ့ပါတယ် ။ လက်ထပ်ပြီးတစ်လအကြာမှာ အလုပ်လုပ်ဖို့ Dubai ကိုရောက်လာခဲ့လို့ ၊ ကြင်စဇနီးမောင်နှံဘဝကို မပျော်ခဲ့ရကြောင်းလည်း ပြောပြခဲ့ပါတယ် ။

ဖခင်ဖြစ်သူမှာလည်း အသက်အရွယ်ကြီးရင့်နေလို့ နာမကျန်ဖြစ်၍စိတ်ပူနေရကြောင်း ၊ မိသားစုဝင်တွေ တစ်ဦးတစ်ယောက်ကမှ Covid – 19 ကူးစက်ခံရမှုမရှိပေမဲ့ ၊ ဖခင်ဖြစ်သူကိုစိတ်ပူမိကြောင်း ၊ ယခုအချိန်မှာ ခရီးအသွားအလာတွေက အနည်းငယ်ဖြေလျော့ပေးပြီဖြစ်လို့ မကြာခင်အိမ်ပြန်နိုင်ဖို့ကြိုးစားမည်ဖြစ်ကြောင်း Gandi ကပြောပြသွားခဲ့ပါတယ် ။ ဒူဘိုင်းရဲ့ ဝန်ကြီးချုပ်ရုံးကလည်း လူငယ်လေးကို အားပေးထောက်ခံနေကြောင်း လက်ဆောင်ပေးပို့ပေးခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment

Leave a Reply

Your email address will not be published.


*