အသည်းမကွဲစေချင်တဲ့ စေတနာနဲ့၊ ချစ်သူနှစ်ယောက်စလုံးကို လက်ထပ်ခဲ့တဲ့ အမျိုးသား
Unicode
အင်ဒိုနီးရှားနိုင်ငံ၊ West Kalimantan မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ချစ်သူနှစ်ယောက် တစ်ပြိုင်နက်တည်း ထားခဲ့မိရာက၊ တကယ်တမ်း လက်ထပ်ကြဖို့ ဆုံးဖြတ်ရမယ့်အချိန်မှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူက နှစ်ယောက်စလုံးကိုလည်း ညီတူညာတူ ချစ်တာကြောင့်
တစ်ယောက်ကို လက်ထပ်ရင်၊ တစ်ယောက်က အသည်းကွဲနာကျင်ရမှာကို စိုးရိမ်တာမို့ နောက်ဆုံးတော့ စေတနာရှေ့ထားပြီး၊ နှစ်ဦးစလုံးကို လက်ထပ်မယ့်အကြောင်း ပြောခဲ့ပါသတဲ့။ ကောင်မလေးနှစ်ယောက်ကလည်း သူရဲ့ အစီအစဉ်ကို လက်ခံခဲ့ပါတယ်။
မင်္ဂလာဆောင်ကို Dusun Pangkalan Padan မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ သတို့သမီးနှစ်ယောက်ရဲ့ဝတ်စုံကတော့ တစ်ဦးလျှင် အင်ဒိုရူပီး (၁၀၀၀၀)ကျင့်ပါသတဲ့။ ဒီပမာဏက မြန်မာငွေနဲ့ဆိုရင် (၂၁၃၆)သာ ကျသင့်တာမို့ အတော်လေး သက်တောင့်သက်သာနိုင်တဲ့ မင်္ဂလာဝတ်စုံပါ။
ဒီမင်္ဂလာပွဲမှာ သုံးဘက်ဆွေမျိုးစုံညီစွာ တက်ရောက်ခဲ့တာမို့ မင်္ဂလာလက်ဖွဲ့လည်း သာမန်ထက်တော့ (၁)ဆလောက် ပိုရခဲ့တယ်လို့ ပြောပါတယ်။ သူတို့တစ်တွေရဲ့ မင်္ဂလာပွဲှဗွီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး၊ တစ်ချို့ကတော့ ဝေဖန်၊ တစ်ချို့ကတော့ အားကျနေကြပါတယ်။ နာမည်တွေကိုတော့ သတင်းမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
နတ်စည်တော် – D Nae Khit Media
D Nae Khit Media မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။