ညတစ္ညရဲ႕ အျဖစ္အပ်က္ေလးတစ္ခုပါ…..

ညတစ္ညရဲ႕ အျဖစ္အပ်က္ေလးတစ္ခုပါ…..

က်ြန္ေတာ္ ကုတင္ေပါမွာ မအိပ္ခ်င္ေသးပဲ လွဲလိုက္မိတယ္ ။ အသင့္အိပ္ေပ်ာ္ေနရွာတဲ႕ က်ြန္ေတာ့ရဲ႕ အားႏြဲ႕ႏြဲ႕ ခ်စ္ဇနီးေလးရဲ႕ ႏူးညံလွပတဲ႕ မ်က္နွာေလးကို က်ြန္ေတာ္ေသခ်ာ ျကည့္ေနရင္းကေန….

အေတြးတစ္ခ်ိဳ႕ဝင္လာျပီး က်ြန္ေတာ္တစ္ေယာက္ထဲ က်ြန္ေတာ့ဟာက်ြန္ေတာ္ ေတြးေနမိတယ္္ … …

မိန္းကေလးဆိုတာ ဘယ္လိုပါလိမ့္ ? က်ြန္ေတာ္နဲ႔ မဂၤလာမ​ေဆာင္ခင္​က မိဘ အသိုင္းအဝိုင္းရဲ႕ အခ်စ္ေတြနဲ႕ ထိန္းသိမ္းမႈ႕ေအာက္မွာ ေနျပီျကီးျပင္းလာခဲ႕တယ္ ။

အခုျက တစ္ခ်က္ထဲ ုရုတ္တရက္မွာပဲ သိေတာင္မသိထားတဲ႕ သူစိမ္းတစ္ေယာက္ရဲ႕ ေဘးမွာ အမိန္႕နာခံရင္းနဲ႕ အိပ္စက္ေနရျပန္တယ္ ။

က်ြန္ေတာ့ေျကာင့္ တစ္သက္လံုး အတူေနလာတဲ႕ မိဘ​ေတြကိုစြန္႔​႔့ခြာလာတယ္​။က်ြန္ေတာ့ကို ပင္ပင္ပန္းပန္းျပဳစုျပးီရင္ က်ြန္ေတာ့ရဲ႕ မေျပာပေလာက္တဲ႕ စကားေလးေတြနဲ႕ သူေပ်ာ္ေနျပန္တယ္ ။

ျပီေတာ့ က်ြန္ေတာ့ကိုက်ြန္ေတာ္ ေမးခြန္းအခ်ိဳ႕ေမးေနမိတယ္ !ဒါလည္းပဲ ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕လူေတြက မသနား မညာွမတာ မိမိရဲ႕ဇနီးမိန္းမကို ရိုက္နက္နိုင္ေနျကတာလဲ ?

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕လူေတြက နွစ္ဘဝအတြက္ ရည္ရြယ္ျပီလာခဲ႕သူကို တစ္ဘဝေတာင္ မကုန္ေသးဘူး စိတ္ကုန္သြားျကတာလဲ ?

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕လူေတြက မိန္းမနဲ႕သားသမီးေတြကို အိမ္မွာထားျပီ သူငယ္ခ်င္းေတြနဲ႕ Hotelေတြမွာ အစားအေသာက္ေကာင္းေတြ စားေသာက္ေနျကတာ တစ္ေန႔လံုး ေယာက္်ားလာမွ အတူတူစားမယ္ဆိုျပီး ….

ထမင္းဝိုင္းေလးအသင့္နဲ႕ ကေလးေတြကို လက္ေဆးေပးျပီးထိုင္ေစာင့္ေနတဲ႕ မိန္းမကို ဘာလို႕ ေမ့ေနရျပန္တာလဲ ?

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြက မိန္းမအတြက္ေတာ့ အိမ္ကိုေထာင္လိုလုပ္ထားလိုက္ျကျပီး ကိုယ္တိုင္ျကေတာ့ အိမ္ကို အမ်ားသံုးအိမ္သာလို လာခ်င္တဲ႕အခ်ိန္လာ သြားခ်င္တဲ႕အခ်ိန္သြား ျဖစ္ေနရတာလဲ ?

ဘယ္လိုျဖစ္လို႕ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြက မိမိဇနီးကို မ်က္ရည္စေတြနဲ႕ ညေတြကို ့ျဖတ္သန္းေစေနတာလဲ ?

တစ္ခ်ိဳ႕ တစ္ခ်ိဳ႕က မိန္းမ မိသားစုကို အခ်ိန္မေပးဘဲ လမ္းေပၚမွာပဲ အခ်ိန္ေတြကို ကုန္ဆံုးလိုက္ေနျကတယ္ ။ မိသားစုမွာ ဖခင္ရဲ႕ေႏြးေထြးမႈ႕ဆိုတာ သားသမီးေတြ သိခြင့္မရေတာ့တာ ဘာ့ေျကာင့္လဲ ?

ဘယ္လိုျဖစ္လို႔ ေယာက္်ားေတြ တာဝန္ခံျပီး တာဝန္မယူျကေတာ့တာလဲ ? ေျပးမယ္ဆိုလည္းေျပး ဘယ္အထိေျပးျကမလဲ ?

ဒီလိုေတြ ေတြးျပီ ေနာက္ဆံုးအဲ႕ဒီညမွာ က်ြန္ေတာ္ေတြးလိုက္တယ္ ။ က်ြန္ေတာ့မွာ အေမရွိတယ္ ။ က်ြန္ေတာ့မွာ မိန္းမလည္းရွိတယ္ ။

က်ြန္ေတာ္သူတို႕နွစ္ေယာက္စလံုးကို ဂုဏ္​ယူ​ေလးစားသင့္တယ္ ။မိန္းမကို ျကင္နာရင္း မိဘကိုရိုေသရင္းေပါ့ … …

#ဘာ့ေျကာင့္လဲဆိုရင္ …..

သူတို႕နွစ္ေယာက္ထဲက တစ္ေယာက္က က်ြန္ေတာ့ကို အသက္နဲ႕ရင္းျပီ ေလာကကို ေခၚေဆာင္လာခဲ႕တယ္

ေနာက္တစ္ေယာက္က တစ္ေလာကလံုးကိုစြန္႔ခြာျပီး က်ြန္ေတာ့အနားကို လာခဲ႕တဲ႕သူပါ

အေမဆိုတာလည္း တစ္ခ်ိန္က မိန္းမျဖစ္ခဲ႕တယ္ ။လက္ရွိေဘးနားမွာရွိေနတဲ႕မိန္းမဆိုတာကလည္း တစ္ခ်ိန္မွာ အေမျဖစ္အံုးမွာမို႔ “အေမ့ကို တန္ဖိုးထားသလို မိန္းမကိုလည္း တန္ဖိုးထားျကပါ”…

နားလည္နိုင္ျကပါေစ …။ မိသားစုတိုင္း မိသားစုတိုင္း တစ္ဦးနဲ႕တစ္ဦးခ်စ္ခ်စ္ခင္ခင္္ တစ္သက္တာ ေပ်ာ္ရႊင္စြာေနသြားျကရပါေစ ။

မွတ္​သားဖြယ္​ရာစာစုမ်ား(၂)

Unicode

ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ…..

ကျွန်တော် ကုတင်ပေါမှာ မအိပ်ချင်သေးပဲ လှဲလိုက်မိတယ် ။ အသင့်အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံလှပတဲ့ မျက်နှာလေးကို ကျွန်တော်သေချာ ကြည့်နေရင်းကနေ….

အတွေးတစ်ချို့ဝင်လာပြီး ကျွန်တော်တစ်ယောက်ထဲ ကျွန်တော့ဟာကျွန်တော် တွေးနေမိတယ်် … …

မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ? ကျွန်တော်နဲ့ မင်္ဂလာမ​ဆောင်ခင်​က မိဘ အသိုင်းအဝိုင်းရဲ့ အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာ နေပြီကြီးပြင်းလာခဲ့တယ် ။

အခုကြ တစ်ချက်ထဲ ုရုတ်တရက်မှာပဲ သိတောင်မသိထားတဲ့ သူစိမ်းတစ်ယောက်ရဲ့ ဘေးမှာ အမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ် ။

ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေလာတဲ့ မိဘ​တွေကိုစွန့်​့့ခွာလာတယ်​။ကျွန်တော့ကို ပင်ပင်ပန်းပန်းပြုစုပြီးရင် ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူပျော်နေပြန်တယ် ။

ပြီတော့ ကျွန်တော့ကိုကျွန်တော် မေးခွန်းအချို့မေးနေမိတယ် !ဒါလည်းပဲ ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မသနား မညာှမတာ မိမိရဲ့ဇနီးမိန်းမကို ရိုက်နက်နိုင်နေကြတာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက နှစ်ဘဝအတွက် ရည်ရွယ်ပြီလာခဲ့သူကို တစ်ဘဝတောင် မကုန်သေးဘူး စိတ်ကုန်သွားကြတာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိန်းမနဲ့သားသမီးတွေကို အိမ်မှာထားပြီ သူငယ်ချင်းတွေနဲ့ Hotelတွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေကြတာ တစ်နေ့လုံး ယောက်ျားလာမှ အတူတူစားမယ်ဆိုပြီး ….

ထမင်းဝိုင်းလေးအသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီးထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့တစ်ချို့တွေက မိန်းမအတွက်တော့ အိမ်ကိုထောင်လိုလုပ်ထားလိုက်ကြပြီး ကိုယ်တိုင်ကြတော့ အိမ်ကို အများသုံးအိမ်သာလို လာချင်တဲ့အချိန်လာ သွားချင်တဲ့အချိန်သွား ဖြစ်နေရတာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့တစ်ချို့တွေက မိမိဇနီးကို မျက်ရည်စတွေနဲ့ ညတွေကို ့ဖြတ်သန်းစေနေတာလဲ ?

တစ်ချို့ တစ်ချို့က မိန်းမ မိသားစုကို အချိန်မပေးဘဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံးလိုက်နေကြတယ် ။ မိသားစုမှာ ဖခင်ရဲ့နွေးထွေးမှု့ဆိုတာ သားသမီးတွေ သိခွင့်မရတော့တာ ဘာ့ကြောင့်လဲ ?

ဘယ်လိုဖြစ်လို့ ယောက်ျားတွေ တာဝန်ခံပြီး တာဝန်မယူကြတော့တာလဲ ? ပြေးမယ်ဆိုလည်းပြေး ဘယ်အထိပြေးကြမလဲ ?

ဒီလိုတွေ တွေးပြီ နောက်ဆုံးအဲ့ဒီညမှာ ကျွန်တော်တွေးလိုက်တယ် ။ ကျွန်တော့မှာ အမေရှိတယ် ။ ကျွန်တော့မှာ မိန်းမလည်းရှိတယ် ။

ကျွန်တော်သူတို့နှစ်ယောက်စလုံးကို ဂုဏ်​ယူ​လေးစားသင့်တယ် ။မိန်းမကို ကြင်နာရင်း မိဘကိုရိုသေရင်းပေါ့ … …

#ဘာ့ကြောင့်လဲဆိုရင် …..

သူတို့နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့ကို အသက်နဲ့ရင်းပြီ လောကကို ခေါ်ဆောင်လာခဲ့တယ်

နောက်တစ်ယောက်က တစ်လောကလုံးကိုစွန့်ခွာပြီး ကျွန်တော့အနားကို လာခဲ့တဲ့သူပါ

အမေဆိုတာလည်း တစ်ချိန်က မိန်းမဖြစ်ခဲ့တယ် ။လက်ရှိဘေးနားမှာရှိနေတဲ့မိန်းမဆိုတာကလည်း တစ်ချိန်မှာ အမေဖြစ်အုံးမှာမို့ “အမေ့ကို တန်ဖိုးထားသလို မိန်းမကိုလည်း တန်ဖိုးထားကြပါ”…

နားလည်နိုင်ကြပါစေ …။ မိသားစုတိုင်း မိသားစုတိုင်း တစ်ဦးနဲ့တစ်ဦးချစ်ချစ်ခင်ခင်် တစ်သက်တာ ပျော်ရွှင်စွာနေသွားကြရပါစေ ။

မှတ်​သားဖွယ်​ရာစာစုများ(၂)