၎ နှစ်အထက် RS တွေအနေနဲ့ လုံးဝမမေ့လျော့သင့်တဲ့ အချစ်ရေးအကြံပေးချက် (၇) ချက်

Relationship တစ်ခု တည်မြဲဖို့ဆိုတာ လုံးမလွယ်ကူမှန်း ချစ်ဖူးတဲ့သူတိုင်း သိကြပါတယ်။ ရေရှည်လက်တွဲလာတဲ့ အချစ်ရေးမှာ ကြာလာတဲ့အခါ ရိုးသွားတာ၊ အီသွားတာ၊ စိတ်ကုန်သွားတာတွေလည်း ဖြစ်တတ်ပြန်ပါတယ်။ ဒီတော့ ဘယ်တော့မှပြောင်းလဲသွားတယ်၊ ရိုးအီသွားတယ်မရှိပဲ ထာဝရတည်မြဲစေမယ့် နည်းလမ်းလေးတွေကို ၄နှစ်အထက် သက်တမ်းရှိတဲ့ RS တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်ရဲ့ အပြုအမူတွေကို သတိပြုပါ။ စချစ်ခါစလိုပဲ ယဉ်ယဉ်ကျေးကျေးနဲ့ပြောဆိုတာတွေ၊ ဦးစားပေးတာတွေ၊ ကာကွယ်စောင့်ရှောက်ပေးတာတွေဟာ အခုချိန်အထိလည်း လိုအပ်နေဆဲဖြစ်သလို၊ နောက်လည်း လိုအပ်နေမယ့်အရာဖြစ်ပါတယ်။

(၂) အတူတူလုပ်လို့ရမယ့်အရာမှန်သမျှကို တစ်ခုပြီးတစ်ခု လုပ်သင့်ပါတယ်။ ဥပမာ အားကစား၊ ခရီးထွက်တာ၊ တစ်ခုခုကိုသင်ယူတာ၊ အတူတူ ဖန်တီးတာမျိုး စသဖြင့် အရာများစွာကို လုပ်ဆောင်သင့်ပါတယ်။

(၃) သူ့မှာ အမှားတွေရှိလာတဲ့အခါ၊ သင်မကြိုက်တဲ့အရာတွေ ရှိလာတဲ့အခါ ဘာမှမပြောပဲ မျက်နှာမသာမယာဖြစ်နေတာမျိုး၊ ဒါမှမဟုတ် ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ ချိုချိုသာသာ အေးအေးဆေးဆေးလေးနဲ့ နားဝင်အောင်ပြောပြီး ညှိနှိုင်းမှုယူပါ။

(၄) တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်၊ ပြသနာတက်တာတွေကတော့ ရှိကိုရှိရမှာပါပဲ။ ဒါပေမယ့်လည်း ဘယ်တော့မှ ရန်ဖြစ်တဲ့အခါ သူနိုင်ကိုယ်နိုင် အပြိုင်ငြင်းခုန်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒေါသတွေပိုပိုကြီးလာပြီဆိုရင် ရန်ဖြစ်တာကို အဆုံးသတ်ပြီး ခဏရှောင်ထွက်သွားသင့်ပါတယ်။

(၅) တစ်ခုခုလုပ်တော့မယ်ဆိုရင် အမြဲတမ်းသူ့ကို တိုင်ပင်သင့်ပါတယ်။ တစ်ယောက်တည်းဘယ်တော့မှ မဆုံးဖြတ်ပါနဲ့။ မဟုတ်ရင် သူဟာ သင့်အတွက် အရေးမပါဘူးလို့ ထင်ပြီး စိတ်ဒဏ်ရာဖြစ်သွားနိုင်ပါတယ်။ Surprise တွေဘာတွေ လုပ်ပေးဖို့ဆိုရင်တော့ တိုင်ပင်စရာမလိုပါဘူး။

(၆) သူ့ကို အမြဲလိုလို မြှောက်ပင့်ပေးပါ။ အဝတ်အစားအသစ်လေး ဝတ်တဲ့အခါ လှလိုက်တာ ဆိုတာမျိုးပေါ့။ မြှောက်ပင့်တာကို မကြိုက်တဲ့သူဘယ်သူမှမရှိပါဘူး။ ချစ်သူဆီက အကောင်းပြောတာလေးတွေကို ဘယ်သူမဆို လိုချင်တာချည်းပါပဲ။

(၇) သဝန်တိုတာကို ထိန်းပါ။ သင့်ရဲ့သဝန်တိုစိတ်က ကိစ္စတွေကို ပိုပြီးဆိုးသွားစေနိုင်တာကြောင့် တော်သင့်ရုံပဲ သဝန်တိုပါ။ သဝန်တိုစိတ်တွေ၊ အရွဲ့တိုက်တာတွေက လုံးဝမလုပ်သင့်တဲ့ အရာတွေပါ။

Em Em