ပန်းလှိုင်စီလုံ ဆေးရုံမှာဆုံးသွားတဲ့ သမီးလေးကိစ္စ သက္ကမိုးညိုပြောပြီ

ပန်းလှိုင်စီလုံ ဆေးရုံမှာ ဆုံးသွားတဲ့ သမီးလေးကိစ္စ ကြားသိရသမျှ အချက်အလက်တွေကို ကို Thar Nyi အကောင့်ကနေ ယူပါတယ်။

(၁)၁၁ရက်နေ့မှာ သွားပြ၊ ၁၂ရက်နေ့မှာ အသားစ စစ်ဆေး၊ ၁၈ရက်နေ့ မနက် ၆နာရီမှာစခွဲ၊ ၇နာရီခွဲမှာ ခွဲထုတ်လို့ ရတဲ့ အကြိတ်လေး မိဘတွေကို လာပြ၊ ၉နာရီလောက်မှာ ကလေး နှလုံးခုန်မြန်နေလို့ ဆေးပေးထားရတယ် ပြော၊

မစိုးရိမ်ကြဖို့ ပြော၊ ၁၀နာရီလောက်ထိ ထွက်မလာ၊ မိဘတွေ စိတ်ပူ၊ ၁၁နာရီ လောက် အဒေါ်ကခွဲခန်းထဲ ဇွတ်ဝင်သွားမှ ကလေးက တောင့်တင်းနေလို့ ဆုံးမှန်း သိရ။ ဒါ သိရသမျှ အကျဉ်းပါ။

ဆက်ဖတ်တော့ မေ့ဆေးနဲ့ မတည့်လို့ ဆိုတယ်။ ဆေးရုံဘက်က သိန်း၂၀ ပေးတယ် ဆိုတယ်။ နောက် အခု တင်ထားတဲ့ ကြေညာချက် ဖတ်ရတယ်။

(၂)ဆေးဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ ဆေးစမ်းထားသော်လည်း တကယ် ကုသမှ ဆေးမတည့်တာ ထ ဖြစ်နိုင်တယ်။ ဆိုလိုတာက အခန့်မသင့်မှု ဆိုတာ အချိန်မရွေး ဖြစ်နိုင်ပါတယ်။ ဒါအတွက် အပြစ် ပြောဖို့ မရှိ။

ပုံမှန်အားဖြင့် ခွဲမယ် စိတ်မယ်ဆိုရင် သက်ဆိုင်သူတွေကို ခွဲစိတ်တာ၊ မေ့ဆေးပေးတာတွေရဲ့ အန္တရာယ်တွေ ရှင်းပြပြီး နားလည်ပြီး ဖြစ်ကြောင်း လက်မှတ် ထိုးရတာပါပဲ။ ဒီတော့ တရားစွဲတာ ပြုတာကတော့ သိပ်ထိရောက်မယ် မထင်။

(၃)ဒါပေမယ့် ၁၈ရက်နေ့မှာ သမီးဆုံးတယ်။ ၁၉ရက်နေ့ ည ဆယ်နာရီအထိ သမီးငယ် ဖခင်က ဘာ့ကြောင့် ဆုံးသလဲ ဆိုတာ သိရဖို့ ဆရာဝန်ကြီးကို စောင့်နေရဆဲ ဆိုတာ ဖတ်မိတယ်။ ဒါ တကယ်ဆိုရင်တော့ Professional Negligence လို့ ပြောနိုင်မလား။

ဘာလို့လဲ ဆိုတော့ breaking bad news ဆိုတာ လည်း မရှိခဲ့။ ဘာ့ကြောင့် ဆုံးပါးသလဲ ဆိုတာကို မြန်မြန်ဆန်ဆန် ရှင်းပြဖို့လည်း ပျက်ကွက်ခဲ့တယ် ပြောလို့ ရပါတယ်။

(၄)နောက် ဆေးရုံကနေ ဖြစ်စဉ်ကို ကျွမ်းကျင်သူတွေနဲ့ စုံစမ်းခဲ့တယ် ဆိုရာမှာ internal investigation အဆင့်ပဲ ဖြစ်နေတယ်။ 3rd party investigation မဟုတ်တဲ့အတွက် ပြည်သူ သို့လော သို့လော ဖြစ်ရင် ဆေးရုံအတွက် ပိုနစ်နာပါတယ်။

ဒီနေရာမှာ မဆိုင်တဲ့ သတင်းတွေ ပွရင် ဆေးရုံ နစ်နာမှာ မှန်ပေမယ့် ကိုယ့်ဘက်က လူနာ သတင်းအချက်အလက် မထုတ်ပြန်ရမယ့် အက်သစ်နဲ့ ရောပြီး ဖုံးထားသလို မဖြစ်ဖို့ လိုအပ်သလောက် ထုတ်ပြန်ပေးဖို့ လိုပါတယ်။

ဒီလိုမှ မဟုတ်ရင်လည်း 3rd party ကို စစ်ဆေးဖို့ အပ်ပြီး လိုအပ်သလို ထုတ်ပြန်ပေးစေတာ ပိုထိရောက်မှာပါ။

ဥပမာ ဆေးကောင်စီလိုမျိုးပေါ့။ မိဘတွေ မကျေနပ်လည်း ဆေးကောင်စီကို တိုင်ကြားသင့်ပါတယ်။ ဒါက အရေးယူဖို့ မဟုတ်ပဲ ဘာဖြစ်သလဲ ထင်ထင်ရှားရှား သိချင်တဲ့အတွက် လို့ ပြောရင် ရပါမယ်။

(၅)မသိပဲ ပြောရင် ဥပဒေ အရ အရေးယူမယ် ဆိုတာကြီးကတော့ ထုံးစံလို ဖြစ်နေပြီ။ အိုင်ကလည်း အဲလို ဆိုရင် မနေတတ်တာ။ သက္ကမိုးညို