လိပ်ကျွန်းလူသတ်မှု၊ ဗဟိုတရားရုံးအယူခံ (နောက်ဆုံးအယူခံ) ယနေ့ ဆုံးဖြတ်မည်

လိပ်ကျွန်းလူသတ်မှု၊ ဗဟိုတရားရုံးအယူခံ (နောက်ဆုံးအယူခံ) ယနေ့ ဆုံးဖြတ်မည်

Thursday, August 29, 2019

စူရတ်ဌာနီခရိုင်၊ ကော့တောင် (လိပ်ကျွန်း) ပေါ်တွင် အင်္ဂလန်သူခရီးသွားအား လူသတ်မှုဖြင့် တရားစွဲဆိုမှုအား ယနေ့ ( သြဂုတ်လ ၂၉ ရက်) နွန်ထဘုရီခရိုင်တရားတွင် ဗဟိုတရားရုံးအဆင့် အမိန့်ဖတ်ကြားမည် ဖြစ်သည်။

သြဂုတ်လ ၂၈ ရက်နေ့ ၊ တရားမျှတရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ သတင်းပေးပို့ချက်အရ ယနေ့(၂၉ သြဂုတ်လ) မနက် ၁၀.၀၀ နာရီအချိန်တွင် နွန်ထဘူရီခရိုင်တရားမှ နိုင်ငံခြားခရီးသွားတစ်ဦးဖြစ်သော အင်္ဂလန် သူအား သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခဲ့သော စူရတ်ဌာနီခရိုင် လိပ်ကျွန်း (ကော့တောင်) လူသတ်မှုအား ဗဟိုတရားရုံး အဆင့် အမိန့်ချမည် ဖြစ်သည်။

တရားမျှတရေးဌာနမှ ပြစ်မှုဆိုင်ရာတရားရုံး ၆ ထပ်၌ဗွီဒီယိုကွန်ဖရင့်ခေါ်ဆိုကာ တရားခံ ၂ ဦးအား နွန်ထဘူရီခရိုင် အကျဉ်းထောင်အတွင်းမှ စကားပြန်မှတဆင့် မြန်မာဘာသာပြန်ဆိုခြင်းဖြင့် တရားရုံးအမိန့်ကို နာကြားရမှာ ဖြစ်သည်။

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံခြားခရီးသွား ၂ ဦး၏အလောင်းအား စိုင်ရီကမ်းခြေတွင် တွေ့ရှိသည်ဟု ရဲဌာနမှ သတင်းရရှိခဲ့ပြီး၊ ၎င်းမှာ မစ္စတာဒေးဗစ် မီလော် အသက် ၂၄ နှစ် နှင့် မစ်စ်ဟာနာ ဗစ်တိုရီယာ အသက် ၂၃ နှစ် တို့ဖြစ်ပြီး ၂ ဦးစလုံးက အင်္ဂလန်နိုင်ငံသူ၊ သားဖြစ်ကြသည်။

အဖြစ်ပျက်က နိုင်ငံခြားခရီးသွားအမျိုးသားဖြစ်သူမှာ ဦးခေါင်းအနောက်ခြမ်းအား မာကြောသောအရာဖြင့် ထုခံရခြင်း ဖြစ်ပြီး၊ နိုင်ငံခြားခရီးသွားအမျိုးသမီးဖြစ်သူမှာ မျက်နှာကိုမာကြောသောအရာဖြင့် ရိုက်နှက်ခြင်းခံရပြီး ခန္ဓာကိုယ်က ကိုယ်လုံးတည်းဖြင့် တွေ့ရှိရသည်။ ထို့နောက် ရဲအရာရှိများ၏ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံသား ၃ ဦးအား ဖမ်းဆီး ရမိပြီး ၎င်းတို့မှ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြသည်။

တရားခံ ၂ ဦးစလုံးသည် အင်္ဂလန်နိုင်ငံသူအား မုဒိန်းကျင့်ခြင်းနှင့် လူသတ်ခြင်းအမှုဖြစ်သော်လည်းကောင်း၊ အင်္ဂလန် နိုင်ငံသာအား လူသတ်ခြင်းအမှုဖြင့်သော်လည်းကောင်း ၂၄ ရက်နေ့ ဒီဇင်ဘာလ ၂၅၅၈ (၂၀၁၅) ခုနှစ်တွင် အခြေခံတရားရုံး အဆင့်တွင် အမိန့်ချခဲ့သည်။ ထို့နောက် တရားခံရှေ့နေအဖွဲ့မှ အခြေခံတရားရုံး၏ အမိန့်ချမှတ်မှုအပေါ် ပြန်လည်သုံး သပ်ကြပြီး လိုအပ်သောအချက်အလက်များစုဆောင်းကား အယူခံတရားရုံးတွင် အယူခံတင်သွင်းခဲ့သည်။

(၂၀၁၇) ခုနှစ်၊ ဇန္နာဝါရီလ ၁ ရက်နေ့၊ စူရတ်ဌာနီခရိုင်၊ ကော့စမွီခရိုင်တရားသူကြီးမှ အမှတ် ၈ ဒေသအယူခံတရား ရုံး၏အမိန့်ချခဲ့သည်မှာ မြန်မာနိုင်ငံသားများဖြစ်သော မောင်ဇော်လင်း တရားခံနံပါတ် ၁ နှင့် မောင်ဝေဖြိုး တရားခံ နံပါတ် ၂ အား အခြေခံတရားရုံး၏ အမိန့်အတိုင်း သေဒဏ်အား ထပ်မံချမှတ်ခဲ့သည်။

( ထိုင်းသတင်းကို ဆီလျောက်အောင်ဘာသာပြန်ထားပါသည်)

၂၉၊၈၊၂၀၁၉

လိမ်ကျွန်းလူသတ်မူ့ဖြစ်ပြီး၊ ၂၁၀၄-ခုနစ်၊အောက်တိုဘာလထဲမှာ ၊သမ္မတဟောင်းဦးသိန်းစိန်အစိုးရက၊ လိပ်ကျွန်းလူသတ်မူ့အထူးစုံစမ်းစစ်ဆေးရေးကော်မီတီဆိုပြီး ကော်မီတီ (၃) ခုဖွဲ့ပေးခဲ့ပါတယ်။ တစ်ချို့ကော်မီတီတွေမှာသံရုံးက တာဝန်ရှိသူတွေလဲ ပါ၊ပါတယ်။ ကျနော့် ကို အထူးစုံးစမ်းစစ်ဆေးရေး ကော်မီတီ (၃) ရဲ့ တာဝန်ခံဖြစ်သလို၊ လိပ်ကျွန်းလူသတ်မူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ပေးပါတယ်။

ကျနော်တို့အဖွဲ့အစည်းဟာထိုင်းနိုင်ငံထဲမှာ တရားဝင်မှတ်ပုံတင်ပြီး ရွေပြောင်းအလုပ်သမားအရေးကိစ္စတွေကို ထိုင်းဥပဒေနှင့်အညီဆောင်ရွက်နေရတာဖြစ်ပါတယ်။ တစ်ခြား၊လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေလို လက်လွတ်စပယ်ပြောလို့ မရပါဘူး။ တာဝန်လည်းအင်မတန်ကြီးပါတယ်။

အခုနာမကျန်းဖြစ်နေတဲ့ ကျနော်တို့ FED ရဲ့ကျေးဇူးရှင် ဥက္ကဌကြီး၊ မစ္စတာခရိုင်ဆတ်က၊ ကျနော့်ကိုအားပေးပါတယ်။ မစ္စတာခရိုင်ဆတ်က၊ ထိုင်းနိုင်ငံရဲ့ အထူးချွန်ဆုံး Diplomat ( သံတမာန်) တစ်ယောက်ဖြစ်ပါတယ်။ ကျနော့်ကို၊ လိုအပ်တာတွေ၊လမ်းညွန်ပေးပါတယ်။ အင်္ဂလိပ်စာအသုံးအနှန်း၊ ထိုင်းစကားအသုံးအနှန်းက၊ အစသတိထားဖို့ ပြောပါတယ်။

ထိုင်းသတင်းဌာနတွေကို ဘယ်လိုပြောသင့်တတယ်။ နိုင်ငံခြားသတင်းဌာနတွေကို၊ ဘယ်လို သတင်းအချက်အလက်တွေ ပေးသင့်တယ်ဆိုတဲ့ တဲ့အထိအသေးစိတ်လမ်းညွန်အကြံပေးပါတယ် သူကိုယ်တိုင်လည်း၊လိပ်ကျွန်းလူသတ်မူ့နဲ၊ပတ်သက်ပြီး တက်တက်ကြွကြွလိုက်ပါဆောင်ရွက်ပေးပါတယ်။ ထိုင်းလူ့အခွင့်အရေးကော်မရှင်းမင်းကြီးတွေကို သူ့အိမ်မှာဖိတ်ပြီး၊ကျနော်နဲ့ မိတ်ဆက်ပေးပါတယ်။

အင်မတန်၊တာဝန်ကြီးပြီး အန္တရယ်ရှိလှတဲ့လိပ်ကျွန်းလူသတ်မူ့ လိုကိစ္စမျိုးကို၊ အစိုးရကိုယ်စား၊နဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကိုယ်စားပြောရတာ၊ အင်မတန်တာဝန်ကြီးပါတယ်။ စကားလုံးတစ်လုံးကအစ၊ အမှားအယွင်းမခံပါဘူး။

ကျနော်တို့ဥက္ကဌ၊ ထိုင်းနိုင်ငံရေးသမား။ နိုင်ငံတကာ၊ပညာရှင်၊Senior Diplomat ကြီးက ကျနော့်ကို အနီးကပ်အားပေးလမ်းညွန်ပါတယ်။ သူပြောခဲ့တဲ့ “ You can do it” ဆိုတဲ့ စကားဟာကျနော့်အတွက်၊ အင်အားတွေရစေခဲ့ပါတယ်။

(၂၉၊၈၊၂၀၁၉) ရက်နေ့ နံနက်(၁၀) နာရီမှာ၊ လိပ်ကျွန်းလူသတ်မူ့မှာ သေဒဏ်ကျခံထားရတဲ့ ” ဝင်နဲ့ဇော်“ အတွက် အယူခံဝင်ထားတာ၊ကို ထိုင်းနိုင်ငံဗဟိုတရားရုံးက အမိန့်ချပါမယ်။ အကောင်းဆုံးကိုတော့ မျော်လင့်ထားပါတယ်။ ဒါပေမဲ့ အဆိုးတွေဖြစ်လာရင်၊ ဘယ်လိုပြင်ဆင်မယ်ဆိုတာတော့ ၊ ကျနော်တို့ အားနဲနေပါသေးတယ်။ မနက်ဖန်ဘန်ကောက်ရောက်ရင်တော့ ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ဥက္ကဌကို သွားတွေ့ပြီး အမူ့ရဲ့ အခြေအနေတွေပြောပြမယ်လို့ ဆုံ့းဖြတ်ထားပါတယ်။ သူ့ရဲ့အကြံညဏ်ကိုလည်းရယူမယ်လို့ စိတ်ကူးထားပါတယ်။

မှတ်ချက်၊ ပြိးခဲ့တဲ့ဦးသိန်းစိန်အစိုးရက၊တရားဝင် စာထွက်ပြီး တာဝန်ပေးထားသော်လည်း၊လက်ရှိအစိုးရက၊ကျနော်တို့အပေါ်ဘယ်လိုသဘောတယ်ဆိုတာ၊သေသေချာချာမသိပါဘူး။ ၊လိပ်ကျွန်းလူသတ်မူ့အထူးစုံးစမ်းရေးကော်မီတီတွေကို တရားဝန်ဖျက်သိမ်းထားတာမျိုးလည်းမကြားမိသေးပါဘူး။ ကျနော်တို့အနေနဲ့ကတော့ လုပ်လက်စရှိနေတာရယ်။ အစိုးရက၊ တရားဝင်မဖျက်သိမ်းသေးတာရယ်၊ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်ချင်တာကြောင်၊မိမိတို့ တတ်နိုင်သလောက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း လိပ်ကျွန်းလူသတ်မှု ပြောရေးဆိုခွင့်ရှိသူ ဦး ထူးချစ်ထံမှ သိရသည်။

Myanmar_Online_News #လိပ်ကျွန်းလူသတ်မှု
ဗဟိုတရားရုံးအယူခံ

Be the first to comment

Leave a Reply

Your email address will not be published.


*