အနုပညာလောက ကနေ အနားယူမယ်လို့ Goo Hyesun ကြေညာ

ကိုရီးယားမင်းသမီးချော Goo Hyesun ကတော့ ကွာရှင်းတော့မယ်လို့ မကြာသေးခင်ကမှ ကြေညာခဲ့တဲ့ မင်းသမီး ပါ။သူမရဲ့ အိမ်ထောင်ရေး အဆုံးသတ်ကတော့ ထင်သလောက် မရိုးရှင်းခဲ့ပဲ ပြိုကွဲမှုရဲ့ အဆုံးသတ်ကတော့ အရမ်းကို ရုပ်ဆိုးအကျည်းတန်ခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ သူမတို့နှစ်ဦးကြား တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် စွပ်စွဲ အပုပ် ချ ပြောဆိုမှုတွေ လည်း အများကြီးရှိခဲ့ပါတယ်။ အခုဆိုရင်တော့ သူမရဲ့ အနုပညာရှင်မင်းသမီးဘ၀ ကနေ ပါ အနားယူ မယ်လို့ ကြေညာလိုက်ပါတယ်။

စက်တင်ဘာ (၁)ရက်နေ့က အခုလို ကြေညာလိုက်တာပါ။ သူမရဲ့ IG ကနေ အတိအလင်း ကြေညာ လိုက်တာပါ။ Fan တွေ အားလုံးကလည်း သူမရဲ့ ဆုံးဖြတ်ချက် အတွက် အရမ်းကို အံ့သြပြီး မယုံနိုင်ဖြစ်ခဲ့ကြပါတယ်။ သူမရဲ့ IG Post မှာတော့ ဒီ မက်ဆေ့ခ်ျ ဟာ သူမရဲ့ နောက်ဆုံး နှုတ်ဆက်ခြင်းနဲ့ အားလုံး ပျော်ရွှင်ဖို့ နောက်ဆုံး ဆုတောင်း ပေးတဲ့ မက်ဆေ့ခ်ျ ပါလို့ ပြောခဲ့ပါတယ်။ Caption မှာတော့ အခုလို ရေးထားပါတယ်။

ဟယ်လို ကျမကတော့ Goo Hyesun ပါ။ ကျမရဲ့ စာအုပ်သစ် ‘I’m Your Companion Animal.’ မထွက် ခင်မှာ အားလုံးကို နောက်ဆုံးနှုတ်ဆက်ခဲ့ချင်ပါတယ်။ ကျမကို ချစ်ပေး ဂရုစိုက်ပေးကြတဲ့ သူတွေ အားလုံးကို ရင်ထဲက နေ လေးလေးနက်နက် ကျေးဇူးတင်ပါတယ်။ ရှင်တို့ ကြောင့်သာ ကျမရဲ့ အိမ်မက်တွေကို ဖန်တီး နိုင်ခဲ့ တာပါ။ အားလုံးပဲ နောင်အနာဂါတ်မှာလည်း ကျန်းကျန်းမာမာနဲ့ နေသွားကြပါနော်..ချစ်တယ်…” ဆိုပြီး တင်ထားပါတယ်။

Source: kstarlive