ချစ်သူနဲ့ အဝှာလုပ်နေတာကို (၃) မိနစ်ကြာ အထိ မတော်တဆ LIVE လွှင့်ခဲ့မိတဲ့ ကောင်မလေး






Unicode

Instagram နဲ့ ဆိုရှယ်မီဒီယာစတား တစ်ယောက် ဖြစ်တဲ့ Kristin Hancher အမည်ရ မော်ဒယ်မလေးဟာ သူမရဲ့ ချစ်သူနဲ့ အဝှာလုပ်နေစဉ် မတော်တဆ Live ထုတ်လွှင့် ပြလိုက်သလို ဖြစ်သွားပြီး၊ ကြာမြင့်ချိန် သုံးမိနစ်ကျော်မှ ရိပ်မိ သိရှိ ခဲ့ကြောင်း Metro သတင်းဌာနမှာ ဖော်ပြထား ပါတယ်။

Kristin ဟာ အင်စတာဂရမ်မှာ Follower (၃.၉) သန်း အထိ ရှိထားတဲ့ စတား တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ချစ်သူ Andrew Gregory နဲ့ အတူ ရှိနေစဉ်မှာ သူတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်က Live ခလုတ်ကို အယောင်ယောင် အမှားမှားနဲ့ နှိပ်မိခဲ့ပုံ ရပါတယ် ။

သို့ပေမယ့် အဆိုးထဲက အကောင်း ဆိုသလို ကင်မရာက တော်တော် ဝေးဝေးမှာ ရှိနေလို့၊ အသံလောက်သာ ဗွီဒီယို မှတ်တမ်းထဲမှာ ပါဝင်ခဲ့ပြီး၊ လူပေါင်း (၁၄၀၀၀) လောက်ကတော့ ဒီဗွီဒီယို ဖိုင်ကို ကြည့်ဖို့ မှီလိုက်တယ်လို့ သတင်း တစ်ရပ်မှာ ဖော်ပြထား ပါတယ်။ သူမရဲ့ ပရိသတ်တွေ ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ ရိုင်းစိုင်းတဲ့ မှတ်ချက်တွေ ရေးသားခဲ့ ပါတယ်။

Kristin ကတော့ ဒီကိစ္စဟာ တမင် ရည်ရွယ်တာ မဟုတ်ဘူးလို့ ငြင်းပယ်ကာ ပရိသတ်ကို တောင်းပန်ထားပါတယ် ။ သူမက ” ဘယ်သူ ကျွန်မတို့ရဲ့ အဖြစ်အပျက်ကို မြင်လိုက်ရသလဲ မသိဘူး … ကျွန်မ အားလုံးကို တောင်းပန်ပါတယ် .. တကယ့်ကို မရည်ရွယ်ဘဲ ဖြစ်သွား တာပါ .. သိပ်ကို ရှက်စရာကောင်း သလို၊ မျက်နှာပြ ဖို့တောင် ခက်ပါတယ် “လို့ ရေသား တောင်းပန်ခဲ့ ပါတယ်။

ခရစ်ဒက် — livingmyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*