ကိုဗစ်လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

လည်ချောင်းနာတယ်ဆိုတာက ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပေမယ့် အတော်လေး ခံရက်တဲ့ ဝေဒနာတစ်ခုပါ။ နောက်ပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲမှာလည်း လည်ချောင်းနာတာက တစ်ခုအပါအဝင်ဖြစ်နေတော့ လည်ချောင်းနာဝေဒနာခံစားလာရပြီဆိုရင် ယုန်ထင်ကြောင်ထင်နဲ့ တွေးပူစရာပါ။ COVID-19 ဆိုတာက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးမို့ လည်ချောင်းနာဝေဒနာက သူ့ရဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်နေတာ သိပ်တော့ မထူးဆန်းလှပါဘူး။ လေ့လာချက်တွေအရဆိုရင် Positive လူနာ ၁၄% လောက်မှာ လည်ချောင်းနာတဲ့ လက္ခဏာတွေ ပြသခဲ့ကြပါတယ်တဲ့။ သေချာသိနားလည်ထားသင့်တာကတော့ လည်ချောင်းနာတာက COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲက တစ်ခုသာဖြစ်ပြီးတော့ လည်ချောင်းနာတိုင်း COVID-19 လို့ တထစ်ချမှတ်ယူလို့မရဘူးဆိုတာပါပဲ။ အအေးမိ၊ တုပ်ကွေးနဲ့ တခြားရောဂါတွေကြောင့် လည်ချောင်းနာတာမျိုးခံစားရနိုင်ပါတယ်။ တကယ်တမ်း ဒီလို လည်ချောင်းနာဝေဒနာမျိုး ခံစားလာရတယ်ဆိုရင် အိမ်တွင်းကုထုံးတွေနဲ့တင်ကုစားလို့ရနိုင်ပါတယ်။ လည်ချောင်းနာဝေဒနာကို သက်သာလျော့ပါးစေနိုင်တဲ့ အိမ်တွင်းကုထုံးတွေကို ပြောပြပေးချင်ပါတယ်။ လည်ချောင်းနာ … Read more

ဓမ္မတာဖြစ်စဉ်ကနေ သိနိုင်မယ့် အမျိုးသမီးတို့ရဲ့ ကျန်းမာရေးအခြေအနေ

ပျိုမေတို့ လစဉ်လတိုင်း ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းက ပျိုမေတို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ ဆက်စပ်မှုရှိရုံတင်မက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့လည်း အများကြီးဆက်စပ်မှုရှိနေပါတယ်။ ဓမ္မတာလာချိန်မှာ ရာသီသွေးရဲ့ အရောင်၊ အနေအထားနဲ့ နာကျင်မှုတွေက ပျိုမေတို့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုဖော်ပြနေလဲဆိုတာကိုတော့ အခုပဲဖတ်ကြည့်လိုက်ပါနော်။ (၁) ရာသီသွေးအရောင် ပုံမှန်ဆိုရင် ရာသီသွေးအရောင်က ပထမဆုံးရက်မှာ အနီရောင်တောက်တောက်ဖြစ်ပြီး နောက်ရက်တွေမှာ အနီရောင်ရင့်ရင့်၊ နီညိုရောင်ဖြစ်သွားပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ခရမ်းရောင်ဘက်သမ်းနေမယ်ဆိုရင်တော့ အမျိုးသမီးဟော်မုန်း Estrogen ပမာဏများနေပြီး သားအိမ်အတွင်းသားနံရံတွေ ထူထဲမှုဖြစ်နေတာကြောင့် သွေးအရောင်ပြောင်းသွားတာပါ။ အဲ့လိုဖြစ်ရင် သားအိမ်အတွင်းသား နံရံထူထဲပြီး သွေးပမာဏအများကြီးလာတာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ရာသီသွေးက ပန်းရောင်ဘက်သမ်းနေမယ်ဆိုရင်တော့ မ ဟော်မုန်း Estrogen ပမာဏနည်းလွန်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ Estrogen ပမာဏနည်းတဲ့အခါ အမျိုးသမီးအင်္ဂါခြောက်သွေ့ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မောပန်းခြင်းတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ … Read more

မိန်းမကိုယ်ယားယံစေတဲ့ အကြောင်းရင်း(၈) ခု

ခံရခက်ဆုံးဝေဒနာတွေထဲမှာ မိန်းမကိုယ်ယားယံခြင်းလည်းပါဝင်ပါတယ်။ လက်တို့၊ခြေထောက်တို့လို အလွယ်တကူဖြေရှင်းလို့ရတဲ့နေရာအစိတ်အပိုင်းလည်းမဟုတ်၊ ယားလို့ဆိုပြီး ကုတ်လို့ရတဲ့နေရာလည်းမဟုတ်နဲ့တော်တော်ခံစားရခက်မှာပါ။ ဒီလိုဝေဒနာခံစားရတယ်ဆို ရှက်တာနဲ့ပဲ ဘယ်သူ့မှမပြောရဲ၊ အကြံမတောင်းရဲ၊ ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ ယားယံပြီဆိုကတည်းကရောဂါပိုးတခုခုဝင်တဲ့လက္ခဏာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်နိုင်ရင် ကာကွယ်၊ဖြစ်လာပြီဆိုရင်တော့ ကြိတ်မှိတ်ခံပြီး ပိုဆိုးလာရတာထက် စောစောဖြေရှင်းကုသတာကောင်းပါတယ်။ ဒီလိုယားယံမှုဖြစ်စေတဲ့အကြောင်းရင်းတွေကို သိထားတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်ဖို့ ပိုလွယ်ကူစေတာပေါ့။ မိန်းမကိုယ်ယားယံစေတဲ့ အကြောင်းရင်း (၈) ခု (၁) ယားယံစေတဲ့ဓါတ်ပစ္စည်းတွေ မိန်းမကိုယ်ကို ဓါတုပစ္စည်းတွေနဲ့ထိတွေ့မိတဲ့အခါ ယားယံခြင်းကိုဖြစ်စေပါတယ်။ အဲဒီပစ္စည်းတွေက မိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်ရဲ့နေရာအတော်များများကို နီမြန်း၊ယားယံစေတဲ့ ဓါတ်မတည့်တုံ့ပြန်မှုတွေဖြစ်လာစေနိုင်ပါတယ်။Parabens ၊Methylchloroisothiazolinone ၊ Benzethonium Chloride တို့လို ဓါတုပစ္စည်းတွေကြောင့်အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ (၂) ဆီးချို ပေါင်ခြံတဝိုက်ယားယံတာနဲ့လောင်တာလိုမျိုး မှိုပိုးဝင်တဲ့လက္ခဏာတွေက အမျိုးအစား ၂ ဆီးချိုရောဂါ ရဲ့လက္ခဏာတွေဖြစ်ပါတယ်။ဆီးချိုရှိတဲ့သူတွေမှာသွေးတွင်းသကြားဓါတ်က များနေတာကြောင့် မှိုပိုးတွေပေါက်ဖွားလွယ်တဲ့အနေအထားကို ဖန်တီးပေးလိုက်သလိုဖြစ်စေတဲ့အပြင် ခန္ဓါကိုယ်ရဲ့ရောဂါကာကွယ်နိုင်စွမ်းကိုပါလျော့နည်းစေပါတယ်။ (၃) … Read more

ရာသီသွေး အမျိုးအစားကနေသိနိုင်တဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ

အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါ အများစုက ဓမ္မတာလာတဲ့ ကိစ္စကို ပွင့်ပွင့်လင်းလင်းမပြောတတ်ကြပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီသွေးအခြေအနေ တစ်ခုခုထူးခြားတာနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးမှာလည်း သက်ရောက်မှုရှိနေတယ်ဆိုတာကို သတိပြု ဆင်ခြင်ဖို့လိုပါတယ်။ ဒါကြောင့် ရာသီသွေးဆင်းတာဟာရှက်စရာမဟုတ်သလို ရာသီသွေးအမျိုးအစား အလိုက်သိနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေအကြောင်း ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ပန်းရောင်သမ်းနေရင် ရာသီသွေးဟာပုံမှန်ဆင်းနေကျအရောင်ထက် သွေးအရောင်ဖျော့ပြီး ပန်းရောင်ဘက်သမ်းနေတယ် ဆိုရင် ခန္ဓာကိုယ်ထဲမှာ အမဟော်မုန်းနည်းလွန်းနေ တယ်ဆိုတဲ့လက္ခဏာပါပဲ။ အဲဒီလို ရာသီသွေးပန်းရောင်သမ်းတာဟာ မကြာခဏဖြစ်တယ်၊ သွေးအရောင်ဟာသိသိသာသာဖျော့လာတယ် ဆိုရင် အရိုးပွရောဂါဖြစ်နိုင်ခြေရှိလာနိုင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ ရာသီသွေးကျဲလွန်းရင် သွေးအရောင်ဖျော့လွန်းပြီး ရာသီသွေးဟာခပ်ကျဲကျဲဖြစ်နေမယ်ဆိုရင် အာဟာရမမျှတဘူးဆိုတဲ့လက္ခဏာဖြစ်ပြီး သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေရှိလို့ စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ အရမ်းကြီး လည်းစိတ်မပူပါနဲ့၊ သားအိမ်ပြွန်ကင်ဆာ၊ သားအိမ်ကင်ဆာဟာ တခြားသားဖွားမီးယပ်ကင် ဆာရောဂါတွေထက်စာရင် ဖြစ်ပွားနိုင်ခြေ ၂ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ … Read more

ဆေးခန်းသွားလည်း မပျောက်တဲ့ ဒူးနာဝေဒနာများအတွက် ဆေးနည်းပေါင်းချုပ်

ငွေမကုန် လုပ်ရလွယ်ကူပြီး ဒူနာဝေဒနာများအတွက် လက်တွေ့ပျောက်တဲ့ ဆေးနည်းပေါင်းစုံ စုစည်း ဖော်ပြလိုက်ရပါတယ် (၁) လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာရောဂါများအတွက် ဖီးကြမ်းငှက်ပျောသီးအမှည့်ကို ဖင်ဖြတ် ခေါင်းဖြတ်၍ သက်ရင်းကြီးရွက်နှင့်လုံအောင်လိပ်ကာ ( ၅ ) နာရီခန့် ပြုတ်၍တစ်နေ့သုံးလုံးစီ ( ၅ ) ရက်ဆက်တိုက်စားပေးပါက လေဖြတ် လေငန်းလေးဘက်နာ ခါးနာ ဒူးနာနာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။ (ဝိစိတ္တရတနာမြေ) (၂) ငါးကြင်းခေါင်းကို မကြာခဏ ဟင်းချက်စားခြင်းဖြင့် ဒူးနာရောဂါ၊ ဒူးခေါင်းကျီးပေါင်းရောဂါများကို ပျောက်ကင်းစေနိုင်ကြောင်း ရှေးကဆေးကျမ်းများတွင် ဖတ်ရှုရ၍ လက်တွေ့စမ်းကြည့်ရာ ဒူးထဲမှ ကုန်ခမ်းနေသော ရိုးတွင်းချဉ်ဆီများ အားပြန်လည်ပြည့်ဝလာ၍ တကယ်ပျောက်ကင်းခဲ့သည်။ (တိုင်းရင်းဆေးဆရာကြီး ဦးကြည်မြင့်လွင်) (၃) ဆေးရုံ ၃လလောက်တက်ခဲ့ရတဲ့ အသိတစ်ယောက် ဒီနည်းနဲ့ပျောက်သွားတယ်။ ၃ ပတ်လောက် … Read more

၎ နှစ်နီးပါးခံစားခဲ့ရတဲ့ကျောက်တည်တဲ့ဝေဒနာကို လက်တွေ့ပျောက်စေသောဆေးနည်း

” ကျောက်ကပ်အတွက်_ရေဝါးရွက် ” ကျွန်မရဲ့ ကျောက်ကပ်မှာ ကျောက်တွေမရှိတော့ဘူးတဲ့ လှိုက်ခနဲဝမ်းသာသွားမိတယ် ,,၄ နှစ်နီးပါးခံစားခဲ့ရတဲ့ကျောက်တည်တဲ့ဝေဒနာ အထူးကုဆေးခန်းများစွာပြခဲ့ပီး သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ အချိန်တွေ ကိုကုန်လွန်ခဲ့တယ်။ ဟိုစာအုပ်ဖတ်ဆေးနည်းလေးတွေတွေ့လိုက်လုပ် ကြည့် ကြားဖူးနားဝပြောပြတဲ့ဆေးတွေလိုက်သောက်ကြည့် ဆေးမှန်သမျှ အကုန်သောက်ကြည့်ခဲ့ပါတယ် ။ ကျွန်မရဲ့ဘယ်ဘက်ကျောက အမြဲအောင့်နေခဲ့တာရင်းနှီးသူတွေတောင်သိကြပါတယ် ။ အဲ့လိုသောက်နေရင်းက ကျွန်မသံမနိုင်ကျောက် မနိုင်ဆေးပြားကို အညွှန်းအတိုင်းမှန်မှန်သောက်ခဲ့ပါတယ် ။ ကျောအောင့်တာသက်သာလာတယ် မေမေက ငါးပြေမနဲ့ဇောင်းခါးသီး ခဏခဏချက်ကျွေးတယ် ။ ကျောက်ကျတယ်ဆိုလို့ ကျွန်မဖြစ်နေတဲ့ကျောက်က အနည်ဆိုတော့ရေများများသောက်ပီးအိုးနဲ့ ဆီးကိုကြည့်ရတာ သူများလိုဒေါက်ခနဲကျမှန်းသိတဲ့အနေအထားတော့မဟုတ်ပါဘူး ငါးပြေမကိုတခါမှမစားဘူး အရိုးများလို့ ရောဂါကြောင့် ကြိတ်ပီး စားခဲ့ပါတယ် ကြောင်နှုတ်ခမ်းမွှေးရွက်ကိုကြိုသောက်တယ် သိပ်ခါးတာပေါ့ ခါးတူးနေတာ ဒါပေမဲ့ ရေဆာတိုင်းသောက်တယ် နောက်ဆုံးတခုက တော့ ရေဝါးပင်ပါ ကျောက်ကပ်ဆေးနေရတဲ့သူတောင် ပကတိပြန်ကောင်းတယ် ဆိုလို့ ကျိုပြီး နေ့စဉ်သောက်တာခုထိပါပဲ … Read more

“ဆံပင်တွေကျွတ် မျက်မှန်တွေတပ်နေရလို့ စိတ်ညစ်နေသူများ အတွက်”

ယနေ့ည လက်တွေ့စမ်းကြည့်တာ ဆား(၅၀)ကျပ်သားလောက် ရေနွေးနဲ့ ခြေထောက်ကို နာရီဝက်လောက် စိမ်ထားပြီး ခြေဖဝါးကို ဆားနဲ့ပွတ်တာ ပြီးတော့ ပြောင်အောင် သဘက်နဲ့ သုတ်လိုက်ပါ။ ဒူးအောက်ကနေ ရေနွေးလေးနဲ့ လောင်းပြီး ဆေးလည်း ရပါတယ်။ ကိုယ်မှာ ချွေးများထွက်လာပြီး ညောင်းတာ ကိုက်တာ ပေါ့သွားတယ်။အပူလည်း တော်တော်ထွက်တယ်။ ဒီနည်းအတိုင်း သုံးရက်လောက် လုပ်ကြည့်မယ်ဆိုရင် ညောင်းတာ ကိုက်တာ အပူများတာ ကျန်တဲ့ ရောဂါတစ်ချို့ သက်သာလာမှာ သေချာတယ်။ ထို့ကြောင့် ကျန်းမာရေးကို လိုက်စားသူများ စမ်းကြည့်ပါ။ အကျိုး မယုတ်ပါဘူး။ နောက်တစ်နည်း၊ နေ့စဉ် အချိန်မှန် ညအိပ်ရာဝင်နီးတိုင်း ဆားနင်းခြင်း ဆားနင်းရင် ကိုယ်တွင်းအောင်း အပူတွေ ထွက်စေသည်။ နင်းပုံ နင်းနည်းကတော့ မနက်ခင်း ခြေထောက်ကို ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ … Read more

ရေနွေး ထဲ ဂျင်းထည့်ပြီး အိပ် ခါနီးတိုင်း သောက်ပေး ရင် ရရှိလာ မယ့် အံ့မခန်း အကျိုးကျေးဇူးများ…

ရေနွေး ထဲ ဂျင်းထည့်ပြီး အိပ် ခါနီးတိုင်း သောက်ပေး ရင် ရရှိလာ မယ့် အံ့မခန်း အကျိုးကျေးဇူးများ… ဂျင်းမှာ သတ္တုဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပိုတက်ဆီမယ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါးသတ္တုတွေ ပါဝင်တာကြောင့် နေ့စဉ် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်စာတစ်ခုလည်း ဖြစ်ပါတယ်။ ည အိပ်ရာဝင်ခါနီးတိုင်း ရေနွေးထဲ ဂျင်းထည့်ပြီး သောက်ပေးလိုက်ရင် ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူးတွေကို ဖော်ပြ ပေးလိုက်ပါတယ်နော်…. (၁) မူးမော်ခြင်း ကင်းဝေးစေမယ် သတ္တုဓာတ်နဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် မူးမော်ခြင်းတွေ၊ ခေါင်းနောက်တာတွေကို ကင်းဝေးစေပါတယ်။ ဂျင်းကို ဆေးအဖြစ်နဲ့ သုံးစွဲလာတဲ့ ခေတ်အဆက်ဆက် မှတ်တမ်းတွေအရ ခေါင်းမူးတာတွေ၊ အန်ချင်တာတွေကို သက်သာ ပျောက်ကင်းစေတာပြီး ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ပျို့အန်တာတွေကို … Read more

ငှက်ပျောသီး အစိမ်းရဲ့ လူသိနည်းသော ကျန်းမာရေး ကောင်းကျိုးများ

ငှက်ပျောသီးစိမ်းကို ဟင်းချက်ပြုတ်စားနိုင်သလို ဖျော်ရည်အဖြစ်လည်း ပြုလုပ်သောက်သုံးနိုင်ပါတယ်။ ငှက်ပျောသီး အမှည့်မှာတင် မဟုတ်ဘဲ မမှည့်သေးတဲ့ ငှက်ပျောသီး အစိမ်းမှာပါ ကျန်းမာရေး ကောင်းကျိုး တွေများစွာရှိတယ် ဆိုတာကို လူအများစုက သတိမထားမိတတ်ကြပါဘူး။ ဒါကြောင့်မို့လို့ ငှက်ပျောသီးအစိမ်းက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိစေနိုင်သလဲဆိုတာ ဗဟုသုတအနေနဲ့ ရေးသား ဖော်ပြပေးလိုက်ပါတယ်။ (၁) သုတေသန လေ့လာချက်တွေအရ ငှက်ပျောသီးစိမ်းတွေမှာ ငှက်ပျောသီးမှည့်တွေထက် Resistant Starch ပိုမို ပါဝင်တာကြောင့် အူအတွင်းပိုင်းကို သန့်စင်ပေးနိုင်ပြီး အူရောင်ခြင်းနဲ့ အူမကြီး ကင်ဆာရောဂါ ဖြစ်ပွားခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ (၂) ငှက်ပျောသီးစိမ်းမှာ ကယ်လိုရီ အနည်းငယ်သာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စထရော တွေကို ကျဆင်းစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ် မြင့်မားစွာ ပါဝင်တာကြောင့် … Read more

တစ်သက်လုံးအသုံးဝင်တဲ့ မြန်မာ့ရိုးရာ ဆေးနည်းပေါင်းစုံ

တစ်သက်လုံးအသုံးဝင်တဲ့ မြန်မာ့ရိုးရာ ဆေးနည်းပေါင်းစုံရှယ်သွားနော် တစ်ချိန်မဟုတ်တစ်ချိန် အသုံးဝင်မှာ သေချာပါတယ် ချောင်းဆိုးလျှင်….ခရေပွင့်ကိုတညလုံးရေစိမ်၊ နံနက်တွင်း ထိုရေကိုစစ်၍သောက်ပါ ၊ပျောက်၏ … ရင်ပြည့်ရင်ကယ်….ကြက်ဟင်းခါးသက်စောင့်ဆေးကို နှမ်းဆီ –ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာသပ်ချပါ … နှာပိတ်သော်…..ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှနှာခေါင်းအထိဆေးအရည်နှင့် ဆွဲပေးပါ … တက်လျှင်….ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ ။ အတက်ချက်ချင်းကျသွားမည် … ရေငတ်ဝမ်းကျ …..ဆီးသီးအစေ့အတွင်းမှအဆန်းကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီးစားပေးပါ … ကင်းထိုးသော်…….ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ … ကြို့ထိုးလျှင်……ကြက်သွန်းနီကိုထန်းလျှက်နှင့် နိုင်းချင်း ကြိတ်၍စား … ခရုသင်း…..ကျည်းသီးဆန်ကိုဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်းများစွာ စားရပါသည် … ခြေတုန်လက်တုန်ဖြစ်လျှင်….ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏ … ခါးနာ ခါးကိုက်……ညောင်ခြေထောက်ပင်၏ နို့စေးရည် လိမ်းပေးပါ … … Read more