တစ်နာရီ ကီလိုမီတာ(၁၀၀)နှုန်းနဲ့ လာနေပီဗျာ Cyclone Higos မုန်တိုင်းကြီး ။ အားလုံးသတိရှိကြပါ။
မုတ်သုံလေ အားကောင်းနေသောကြောင့် နောက်နှစ်ရက် အတွင်း တိုင်းနှင့်ပြည်နယ် ၆ ခု မိုးကြီးမည်
နေ့စဉ်မိုးလေဝ သသတင်း (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလား ပင်လယ်အော် အ‌ခြေအနေ ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် မုတ်သုံလေ အား အသင့်အတင့် မှ အားကောင်းနေ ပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါ … Read more
၂၀၂၀ ပြည့်နှစ်၊ မေလ (၂၆) ရက်နေ့ အတွက် မိုးလေဝသအခြေအနေ ခန့်မှန်းချက်
၂၀၂၀ ပြည့်နှစ်၊ မေလ (၂၆) ရက်နေ့ အတွက် မိုးလေဝသအခြေအနေ ခန့်မှန်းချက် ဘင်္ဂလားပင်လယ်အော် အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိ ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) ၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် … Read more
၆လပိုင်းတွင် စိုးရိမ်ရေမှတ်များအထက်သို့ ကျော်လွန်နိုင်သာ ဒေသများနှင့် နှင့် မိုးအားကောင့်း် နိုင်သော ဒေသများ
၂၀၂၀ ဂျွန်လ ၆လပိုင်း June/2020 အတွက် ရာသီဥတုအခြေအနေ ခန့်မှန်းချက်… ရခိုင်ပြည်နယ်မြောက်ပိုင်း ချင်းပြည်နယ် စစ်ကိုင်းတိုင်းမှ ကလေး ကလေးဝ မော်လိုက် ခမ်းပတ် တမူး ဖောင်းပြင် မင်းကင်း ပင်လယ်ဘူး ဝန်းသို ကောလင်း ထီးချိုင့် ဟုမ္မလင်း ထမံသီ နန်းယွန်း ခန္တီး လဟယ် နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသနှင့် ကချင်ပြည်နယ်တွေမှာ ရွာသွန်းမြဲမိုးရေချိန်ထက် ပိုမိုရွာသွန်းဖွယ်ရှိပါတယ် မေခ မလိခ ချင်းတွင်းမြစ်ဖျားပိုင်း ကုလားတန်မြစ် မေယုမြစ်တွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်သဖြင့် ရခိုင်ပြည်နယ် စစ်ကိုင်းတိုင်းအနောက်ဖက်ပိုင်း (ချင်းတွင်းမြစ်) မြစ်ကြီးနား ဝိုင်းမော် (ဧရာဝတီမြစ်) တွေမှာ စိုးရိမ်ရေမှတ်များအထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ် ပင်လယ်ဘူး ဝန်သို ကောလင်း ဒေသများတွင် မိုးအားကောင်းနိုင်သည့်အတွက် မူးမြစ် (သဖန်းဆိပ်ဆည် + ကင်းတပ်ဆည် + … Read more
မုန်တိုင်းအရှိန်ကြောင့် လေတိုက်နှုန်းပြင်ထန်မည့် မြို့များကို လူကယ်ပြန်မှ သတိပေး
လွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် လေတိုက်နှုန်း ပြင်းထန်မည့် မြို့များနှင့် ပြည်သူများသို့ အသိပေးနှိုးဆော်ချက်… မိုးဇလက ထုတ်ပြန်သည့် စူပါ ဆိုင်ကလုန်းမုန်တိုင်း သတင်းအရ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှု ဗဟိုဌာနမှ လေ့လာဆန်းစစ် တွေ့ရှိချက်များအရ လည်းကောင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိဘဲ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည် နယ် နှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရှိရပါသည်။ အဆိုပါ အဖျက်စွမ်းအားကြီးမားသော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)သည် မြန်မာ … Read more
မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမည့် တိုင်းဒေသများ စာရင်း
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မေလ (၁၇) ရက်နေ့ ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ ယင်းမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (ဩရိဿ) ၏ တောင်ဘက် ရေမိုင် (၅၉၀) မိုင်ခန့်၊ ဒီဂါမြို့၏ တောင်ဘက် ရေမိုင် (၆၇၀) မိုင်ခန့်၊မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် (၄၄၀) မိုင်ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက် ရေမိုင် မိုင် (၆၀၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါ မုန်တိုင်းအရှိန်ကြောင့် … Read more
အလွန်ကြောက်စရာကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးလာနေပီ သတိထားကြပါ
လေတိုက်နှုန်း ၁၆၀ မိုင်နှုန်းဖြင့် Cat 5 စူပါမုန်တိုင်းကြီး အမ်ဖမ် လာနေပါပီ အားလုံးသတိထားကြပါ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ အမ်ဖမ်မုန်တိုင်းသည် ၂၀၂၀ မေလ ၁၈ရက်နေ့ နေ့လည် ၁၂နာရီ ၃၀မိနစ်အချိန်တွင် လေတိုက်နှုန်း ၁၆၀မိုင်ဖြင့် အဖျက်စွမ်းအားအလွန်ကြီးမားတဲ့ Cat 5 အဆင့်ရှိမုန်တိုင်းကြီးအဖြစ်ရောက်ရှိသွားပြီဖြစ်ပါတယ်… 18/05/2020 at 2:10pm (MMT) SU SU SAN ရတနသုတ် ရွတ်ဖတ်ရခြင်း အကျိုး ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်သည်၊ စုန်း,တစ္ဆေ, ကဝေ ပယောဂဟူသမျှ ကိုနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်ရသောအခါ အချုပ် ထောင် နှောင်အိမ်စသည်တို့၌ ကျရောက်နေသောအခါ အမြန်လွတ်မြောက်စေ နိုင်သည်။ နတ်ကောင်းနတ်မတ်တို့၏ စောင်မကြည့်ရှုခြင်းကို ခံရမည်ဖြစ်ပေ သည်။ ရတနသုတ် မြန်မာပြန် ၁။ ဒီပင်္ကရာ … Read more
တစ်နာရီမိုင်(၄၀)ထိတိုက်ခတ်နိုင်မည့် ဆိုင်ကလုန်းမုန်တိုင်း(AMPHAN) ရောက်လာတော့မည်
နေ့စဉ်မိုးလေဝသသတင်း (၂၀၂၀ ပြည့်နှစ်၊ မေလ (၁၈)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe CyclonicStorm) အမ်ဖန် (AMPHAN)သည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့‌ ရောက်ရှိ ခဲ့ပါသည်။ အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) အမ်ဖန် (AMPHAN)သည် အိန္ဒိယနိုင်ငံ၊ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင် (၄၄၀) မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တေင်-အနောက်တောင်ဘက် ရေမိုင် (၅၃၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူ ပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက် … Read more
ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းမှာ ယနေ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင် . . ./
ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် ယနေ့ (မေလ ၁၇ ရက်)တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံ ဒေသ အနှံ့ မိုးရွာနိုင်ကာ ကမ်းရိုးတန်းဒေသများ၌ မုန်တိုင်းအန္တရာယ် သတိပြုရန် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင် လယ်ပြင်တောင်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၆ ရက်နေ့လယ်တွင် မုန်တိုင်းငယ်ဖြစ်လာခဲ့သည်။ နာရီအနည်းငယ်အ တွင်း ပိုအားကောင်းလာကာ ယနေ့ (မေလ ၁၇ ရက်)တွင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကမ်းခြေ ဘက်သို့ ဦးတည်ရွေ့လျားနိုင် သော်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများ၌ မိုးကြီးမှုနှင့် လေပြင်း ဘေး ကြိုတင်သတိပြုရန် … Read more